Local News

စစ်ကောင်စီပေါ်အရေးယူရေး နည်းလမ်းပေါင်းစုံအသုံးပြုမယ် – ကန်လက်ထောက်ဝန်ကြီး

စစ်ကောင်စီပေါ်အရေးယူရေး နည်းလမ်းပေါင်းစုံအသုံးပြုမယ် – ကန်လက်ထောက်ဝန်ကြီး

မြန်မာစစ်ကောင်စီအပေါ် ဖိအားပေးတဲ့နေရာမှာ ပိတ်ဆို့ အရေးယူမှုတွေ တိုးမြှင့်လုပ်ဆောင်တာအပါအဝင် နည်းလမ်းပေါင်းစုံ အသုံးချသွားမှာဖြစ်ကြောင်း အရှေ့အာရှနဲ့ ပစိဖိတ်ဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Kritenbrink က ပြောတယ်လို့ စင်္ကာပူ The Straits Times သတင်းစာမှာ ရေးထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တာအပြင် မြန်မာပြည်သူလူထုအပေါ် အကြမ်းဖက်မှုတွေ လုပ်ဆောင်နေတာဟာ အမေရိကန်အတွက်သာမကဘဲ နိုင်ငံတကာအသိုင်းဝိုင်းရဲ့ တာဝန်ဖြစ်ပြီး ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာဖို့ ဝိုင်းဝန်းလုပ်ဆောင်ကြရမယ်လို့

အရှေ့တောင်အာရှ လေးနိုင်ငံခရီးစဉ်အဖြစ် စင်္ကာပူနိုင်ငံရောက်တဲ့အချိန် အွန်လိုင်း သတင်းစာရှင်းလင်းပွဲအတွင်း လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Kritenbrink က အဲဒီလို ပြောကြားလိုက်တာပါ။

မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ အထူးစိုးရိမ်မိကြောင်းလည်း သူက ပြောပါတယ်။ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့နဲ့ ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေး လက်ရှိအာဏာသိမ်းစစ်တပ်ကို ဖိအားတွေ တိုးမြှင့်ပေးသွားဖို့လည်း သူက အာဆီယံ ခေါင်းဆောင်တွေနဲ့ ဒီသီတင်းပတ်ထဲ ဆွေးနွေးပြောဆိုခဲ့တယ်လို့ ပြောပါတယ်။

ခရီးစဉ်အတွင်း Kritenbrink ဟာ အရှေ့တောင်အာရှနိုင်ငံခေါင်းဆောင်တွေနဲ့ပြောဆိုရာမှာ မြန်မာစစ်အုပ်စုကို ပိုမိုဖိအားပေးဖို့ပြောဆိုခဲ့ပေမယ့် အသေးစိတ်ကိုတော့ ပြောဆိုခြင်းမရှိခဲ့ပါဘူး။

ဒါ့အပြင် အမေရိကန်အနေနဲ့ တိုင်ဝမ်ကို ကူညီဖို့ခိုင်မာတဲ့ သန္နိဌာန်ချထားကြောင်းနဲ့မလေးရှားအနေနဲ့ တရားဥပဒေစိုးမိုးရေး ၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနဲ့ အလုပ်သမားခေါင်းပုံဖြတ်မှုတွေအပေါ် ပိုမို အလေးပေးလုပ်ဆောင်ဖို့ ပြောဆိုခဲ့ပါတယ်။

ဒီနှစ်ထဲမှာပဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက မလေးရှားအပေါ် လူကုန်ကူးမှုစောင့်ကြည်ရေးစာရင်းမှာ အဆင့်လျှော့ချခဲ့တာလည်းဖြစ်ပါတယ်။

Zawgyi

စစ္ေကာင္စီေပၚအေရးယူေရး နည္းလမ္းေပါင္းစုံအသုံးျပဳမယ္ – ကန္လက္ေထာက္ဝန္ႀကီး

ျမန္မာစစ္ေကာင္စီအေပၚ ဖိအားေပးတဲ့ေနရာမွာ ပိတ္ဆို႔ အေရးယူမႈေတြ တိုးျမႇင့္လုပ္ေဆာင္တာအပါအဝင္ နည္းလမ္းေပါင္းစုံ အသုံးခ်သြားမွာျဖစ္ေၾကာင္း အေ႐ွ႕အာ႐ွနဲ႔ ပစိဖိတ္ဆိုင္ရာ အေမရိကန္ လက္ေထာက္ႏိုင္ငံျခားေရးဝန္ႀကီး Daniel Kritenbrink က ေျပာတယ္လို႔ စကၤာပူ The Straits Times သတင္းစာမွာ ေရးထားပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းလိုက္တာအျပင္ ျမန္မာျပည္သူလူထုအေပၚ အၾကမ္းဖက္မႈေတြ လုပ္ေဆာင္ေနတာဟာ အေမရိကန္အတြက္သာမကဘဲ ႏိုင္ငံတကာအသိုင္းဝိုင္းရဲ႕ တာဝန္ျဖစ္ၿပီး ေျပာင္းလဲမႈေတြ ျဖစ္ေပၚလာဖို႔ ဝိုင္းဝန္းလုပ္ေဆာင္ၾကရမယ္လို႔

အေ႐ွ႕ေတာင္အာ႐ွ ေလးႏိုင္ငံခရီးစဥ္အျဖစ္ စကၤာပူႏိုင္ငံေရာက္တဲ့အခ်ိန္ အြန္လိုင္း သတင္းစာ႐ွင္းလင္းပြဲအတြင္း လက္ေထာက္ႏိုင္ငံျခားေရး ဝန္ႀကီး Kritenbrink က အဲဒီလို ေျပာၾကားလိုက္တာပါ။

ျမန္မာႏိုင္ငံမွာ ၾကဳံေတြ႕ေနရတဲ့ အေျခအေနေတြနဲ႔ပတ္သက္လို႔ အထူးစိုးရိမ္မိေၾကာင္းလည္း သူက ေျပာပါတယ္။ ျမန္မာႏိုင္ငံမွာ အၾကမ္းဖက္မႈေတြ အဆုံးသတ္ဖို႔နဲ႔ ဒီမိုကေရစီ ျပန္လည္ေဖာ္ေဆာင္ေရး လက္႐ွိအာဏာသိမ္းစစ္တပ္ကို ဖိအားေတြ တိုးျမႇင့္ေပးသြားဖို႔လည္း သူက အာဆီယံ ေခါင္းေဆာင္ေတြနဲ႔ ဒီသီတင္းပတ္ထဲ ေဆြးေႏြးေျပာဆိုခဲ့တယ္လို႔ ေျပာပါတယ္။

ခရီးစဥ္အတြင္း Kritenbrink ဟာ အေ႐ွ႕ေတာင္အာ႐ွႏိုင္ငံေခါင္းေဆာင္ေတြနဲ႔ေျပာဆိုရာမွာ ျမန္မာစစ္အုပ္စုကို ပိုမိုဖိအားေပးဖို႔ေျပာဆိုခဲ့ေပမယ့္ အေသးစိတ္ကိုေတာ့ ေျပာဆိုျခင္းမ႐ွိခဲ့ပါဘူး။

ဒါ့အျပင္ အေမရိကန္အေနနဲ႔ တိုင္ဝမ္ကို ကူညီဖို႔ခိုင္မာတဲ့ သႏၷိဌာန္ခ်ထားေၾကာင္းနဲ႔မေလး႐ွားအေနနဲ႔ တရားဥပေဒစိုးမိုးေရး ၊ လူကုန္ကူးမႈတိုက္ဖ်က္ေရးနဲ႔ အလုပ္သမားေခါင္းပုံျဖတ္မႈေတြအေပၚ ပိုမို အေလးေပးလုပ္ေဆာင္ဖို႔ ေျပာဆိုခဲ့ပါတယ္။

ဒီႏွစ္ထဲမွာပဲ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက မေလး႐ွားအေပၚ လူကုန္ကူးမႈေစာင့္ၾကည္ေရးစာရင္းမွာ အဆင့္ေလွ်ာ့ခ်ခဲ့တာလည္းျဖစ္ပါတယ္။

About the author

admin

Add Comment

Click here to post a comment