စစ်ကောင်စီရဲ့ ဒေါ်လာ ထိန်းချုပ်မှုကို လူပိန်းနားလည်အောင်ရှင်းပြရရင်တော့

စစ်ကောင်စီရဲ့ ဒေါ်လာ ထိန်းချုပ်မှုကို လူပိန်းနားလည်အောင်ရှင်းပြရရင်တော့

လူပြိန်းနားလည်အောင်ရှင်းပြရရင် ဟိုဖက်က Client က ဒေါ်လာနဲ့ သင့်စီငွေလွှဲတယ်ဆို ဗဟိုဘဏ်က ၁၈၅၀ကျပ်နဲ့ဖြတ်ယူမှာဖြစ်ပါတယ်..

ဒါပေမဲ့ သင် နိုင်ငံခြားက Supplier ကိုဒေါ်လာနဲ့ရှင်းရမယ်ဆိုရင်တော့ သင့်ကို ၁၈၅၀ နဲ့ပြန်မရောင်းပေးပါဘူး ကိုယ့်ဟာကိုယ် ၂၀၀၀++ နဲ့ကြိုက်တဲ့စီကဝယ်ပြီးရှင်းပါ ။

အဲ့တော့နေရင်းထိုင်ရင်းရှုံးလာမဲ့ အကွက်တွေဆိုက်လာပြီမို့ ဘယ်သူမှဖျင်ယားပြီး ပစ္စည်းမသွင်းတော့ပါဘူး …

နိုင်ငံခြား Company တွေတန်းစီထွက်ပါမယ်… အလုပ်လက်မဲ့တွေများလာပါမယ် .. ပစ္စည်းတွေထပ်မဝင်တော့ဘူးမို့လက်ကျန်ရှိတာတွေစျေးတက်လာပါမယ် …

( ဒီနေရာမှာသိထားရမှာက ကိုယ့်နိုင်ငံကခေါင်းအစခြေအဆုံးသူများစီကသွင်းနေရတာပါ ) မပူပါနဲ့ ငါတို့နိုင်ငံကဆန်ဒီလောက်ထွက်တာ .. အဲ့အတွေးကိုခနရပ်ပါ၊

ဆန်စပါးစိုက်ပျိုးတဲ့အလယ်ပိုင်းတစ်ခုလုံးမီးလောင်ပြင်ဖြစ်နေပါတယ် တောင်သူမိသားစုတွေစစ်ရှောင်နေရပါတယ် ဘယ်သူမှဆန်မစိုက်ပျိူးနိုင်တာ ၁နှစ်ကျော်ပါပြီ ။

အဲ့အပြင်တိုင်းပြည်အရန်ဆန်တွေကို စစ်စဖြစ်ထဲက မအလ က ဖျောက်ထားလိုက်ပါပြီ ဘယ်မှာလည်းဘယ်သူမှမသိတော့ပါဘူး ။

အဲ့တော့ဘာလုပ်ရမှာလဲဆိုတော့ အဲ့လို$တလွဲတွေလုပ်နေတဲ့ကောင်တွေ ပြုတ်ကျရင် ဖြေရှင်းလို့ရနိုင်တယ်။အချိန်မှီတုန်းပြုတ်ကျဖို့လုပ်နိုင်တာကိုလုပ်ကြကူနိုင်တာကိုကူကြ… ငါတို့လည်းမောနေပြီ ..

#AKM

Leave a Reply

Your email address will not be published.