Local News

စစ်ကောင်စီ၏ တရားခွင်များဟာ တရားဥပဒေစိုးမိုးရေးကိုဖျက်ဆီးနေဟု အီးယူထုတ်ပြန်

စစ်ကောင်စီ၏ တရားခွင်များ တရားဥပဒေစိုးမိုးရေးကိုဖျက်ဆီးနေဟု အီးယူထုတ်ပြန်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို တရားစီရင်မှုသည် နိုင်ငံရေးအရ လှုံ့ဆော်မှုသာဖြစ်ပြီး တရားဥပဒေစိုးမိုးရေး ဖျက်ဆီးခြင်းကိုဦးတည်သော နောက်ထပ်ခြေလှမ်း ဖြစ်ကြောင်း ဥရောပသမဂ္ဂက ဇန်နဝါရီ ၁၁ ရက်တွင် ထုတ်ပြန်သည်။

မြန်မာစစ်ကောင်စီက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို​ နောက်ထပ် ထောင်ဒဏ် ၄ နှစ် ချမှတ်လိုက်ခြင်းအပေါ် ဥရောပသမဂ္ဂက သဘောထားကြေညာချက်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ အဆိုပါတရားစီရင်မှုသည် မြန်မာနိုင်ငံတွင် ဗြောင်ကျစွာလူ့အခွင့်အရေးချိုး ဖောက်နေသည်ကို ထပ်မံမြင်သာစေပြီး ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းချိန်ကစ၍ ဒီမိုကရေစီအတွက် ကြီးမားသော ဆုတ်ယုတ်မှုလည်းဖြစ်ကြောင်း အီးယူက သုံးသပ်သည်။

အဆိုပါဖြစ်စဉ်များသည် အာဆီယံ၏ ဘုံဆုံးဖြတ်ချက် ၅ ရပ်က တောင်းဆိုသည့် အားလုံးပါဝင် သော တွေ့ဆုံဆွေးနွေးရေးဖြစ်စဉ်မှ ဒေါ်အောင်ဆန်းစုကြည်နှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် ဒီမိုကရေစီနည်းကျရွေးကောက်ခံခေါင်းဆောင်များကို ဖယ်ထုတ်ရန် ထင်ရှားသည့်ကြိုးပမ်းမှုဖြစ်ကြောင်းလည်း အီးယူက ဆိုသည်။

ထို့အပြင် အာဏာသိမ်းချိန်ကစ၍ ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားများနှင့် မတရားထိန်းသိမ်းခံရသူအားလုံးကို ခြွင်းချက်မရှိချက်ချင်းပြန်လွှတ်ပေးရန် အီးယူ၏အရေးပေါ် တောင်းဆိုချက်ကို ထပ်မံအတည်ပြုခဲ့သည်။

Zawgyi

စစ္ေကာင္စီ၏ တရားခြင္မ်ား တရားဥပေဒစိုးမိုးေရးကိုဖ်က္ဆီးေနဟု အီးယူထုတ္ျပန္

ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ကို တရားစီရင္မႈသည္ ႏိုင္ငံေရးအရ လႈံ႕ေဆာ္မႈသာျဖစ္ၿပီး တရားဥပေဒစိုးမိုးေရး ဖ်က္ဆီးျခင္းကိုဦးတည္ေသာ ေနာက္ထပ္ေျခလွမ္း ျဖစ္ေၾကာင္း ဥေရာပသမဂၢက ဇန္နဝါရီ ၁၁ ရက္တြင္ ထုတ္ျပန္သည္။

ျမန္မာစစ္ေကာင္စီက ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ကို​ ေနာက္ထပ္ ေထာင္ဒဏ္ ၄ ႏွစ္ ခ်မွတ္လိုက္ျခင္းအေပၚ ဥေရာပသမဂၢက သေဘာထားေၾကညာခ်က္ထုတ္ျပန္လိုက္ျခင္းျဖစ္သည္။

စစ္ေကာင္စီ၏ အဆိုပါတရားစီရင္မႈသည္ ျမန္မာႏိုင္ငံတြင္ ေျဗာင္က်စြာလူ႕အခြင့္အေရးခ်ိဳး ေဖာက္ေနသည္ကို ထပ္မံျမင္သာေစၿပီး ေဖေဖာ္ဝါရီ ၁ရက္ အာဏာသိမ္းခ်ိန္ကစ၍ ဒီမိုကေရစီအတြက္ ႀကီးမားေသာ ဆုတ္ယုတ္မႈလည္းျဖစ္ေၾကာင္း အီးယူက သုံးသပ္သည္။

အဆိုပါျဖစ္စဥ္မ်ားသည္ အာဆီယံ၏ ဘုံဆုံးျဖတ္ခ်က္ ၅ ရပ္က ေတာင္းဆိုသည့္ အားလုံးပါဝင္ ေသာ ေတြ႕ဆုံေဆြးေႏြးေရးျဖစ္စဥ္မွ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အပါအဝင္ ဒီမိုကေရစီနည္းက်ေ႐ြးေကာက္ခံေခါင္းေဆာင္မ်ားကို ဖယ္ထုတ္ရန္ ထင္႐ွားသည့္ႀကိဳးပမ္းမႈျဖစ္ေၾကာင္းလည္း အီးယူက ဆိုသည္။

ထို႔အျပင္ အာဏာသိမ္းခ်ိန္ကစ၍ ဖမ္းဆီးထားေသာ ႏိုင္ငံေရးအက်ဥ္းသားမ်ားႏွင့္ မတရားထိန္းသိမ္းခံရသူအားလုံးကို ႁခြင္းခ်က္မ႐ွိခ်က္ခ်င္းျပန္လႊတ္ေပးရန္ အီးယူ၏အေရးေပၚ ေတာင္းဆိုခ်က္ကို ထပ္မံအတည္ျပဳခဲ့သည္။

Recent Comments

No comments to show.