Local News

စစ်ကောင်စီ၏ သံတမန်ကို ကုလသမဂ္ဂအထွေထွေညီလာခံက လက်မခံဘဲ တရားဝင်ငြင်းပယ်ရွှေ့ဆိုင်း၊ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂသံတမန် အဖြစ် ရပ်တည်ခွင့် ဆက်ရ

စစ်ကောင်စီ၏ သံတမန်ကို ကုလသမဂ္ဂအထွေထွေညီလာခံက လက်မခံဘဲ တရားဝင်ငြင်းပယ်ရွှေ့ဆိုင်း၊ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂသံတမန် အဖြစ် ရပ်တည်ခွင့် ဆက်ရ

ရန်ကုန်၊ ဒီဇင်ဘာ ၇

ကုလသမဂ္ဂအထွေထွေညီလာခံက စစ်ကောင်စီတင်ပြလာသည့် သံတမန်ကို လက်မခံဘဲ တရားဝင်ငြင်းပယ် ရွှေ့ဆိုင်းလိုက်ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းအနေဖြင့်

ကုလသမဂ္ဂ၏ သံတမတန်အဖြစ် တရားဝင် ရပ်တည်ခွင့် ဆက်လက်ရရှိကြောင်း ကုလသမဂ္ဂက လာသော သတင်းများတွင် ဖော်ပြထားသည်။

ကုလသမဂ္ဂ အထွေထွေညီလာခံက ကုလသမဂ္ဂအရည်အချင်း စိစစ်ရေးကော်မ တီ ၏ တင်ပြချက်ကို မဲခွဲခြင်းမရှိဘဲ တညီတညွတ်တည်း လက်ခံပြီး မြန်မာနှင့် အာဖဂန်နိုင်ငံမှ

အာဏာသိမ်းထားသူများက တင်ပြလာသည့် သံတမန်များကို အစားထိုးရန် ကြိုးပမ်းမှု လုပ်ဆောင်ချက်ကို ဆိုင်းငံ့ထားရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ကုလသမဂ္ဂညီလာခံ၏ ယင်းသို့ ဆုံးဖြတ်မှုကြောင့် သံအမတ်ကြီးဦးကျော်မိုးထွန်းအနေဖြင့် ၂၀၂၂ ခုနှစ် ၊ ၇၆ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံအထိ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဆက်လက် ရပ်တည်ခွင့် ရရှိခြင်းဖြစ်သည်။

ကုလသမဂ္ဂ စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ ဆွီဒင်နိုင်ငံသံအမတ်ကြီး Anna Karin Eneström က “ မြန်မာနိုင်ငံ ကိုယ်စားလှယ်တွေနဲ့ ပတ်သက်တဲ့ တင်ပြချက်၊

အာဖဂန်နစ္စတန် ကိုယ်စားလှယ်တွေနဲ့ ပတ်သက်တဲ့ တင်ပြချက်တွေကို ၇၆ ကြိမ်မြောက်အထွေထွေညီလာခံအထိ ရွှေ့ဆိုင်းလိုက်တယ်” ဟု ပြောဆိုသည်။

Zawgyi

စစ္ေကာင္စီ၏ သံတမန္ကို ကုလသမဂၢအေထြေထြညီလာခံက လက္မခံဘဲ တရားဝင္ျငင္းပယ္ေ႐ႊ႕ဆိုင္း၊ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း ကုလသမဂၢသံတမန္ အျဖစ္ ရပ္တည္ခြင့္ ဆက္ရ

ရန္ကုန္၊ ဒီဇင္ဘာ ၇

ကုလသမဂၢအေထြေထြညီလာခံက စစ္ေကာင္စီတင္ျပလာသည့္ သံတမန္ကို လက္မခံဘဲ တရားဝင္ျငင္းပယ္ ေ႐ႊ႕ဆိုင္းလိုက္ၿပီး သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းအေနျဖင့္

ကုလသမဂၢ၏ သံတမတန္အျဖစ္ တရားဝင္ ရပ္တည္ခြင့္ ဆက္လက္ရ႐ွိေၾကာင္း ကုလသမဂၢက လာေသာ သတင္းမ်ားတြင္ ေဖာ္ျပထားသည္။

ကုလသမဂၢ အေထြေထြညီလာခံက ကုလသမဂၢအရည္အခ်င္း စိစစ္ေရးေကာ္မ တီ ၏ တင္ျပခ်က္ကို မဲခြဲျခင္းမ႐ွိဘဲ တညီတၫြတ္တည္း လက္ခံၿပီး ျမန္မာႏွင့္ အာဖဂန္ႏိုင္ငံမွ

အာဏာသိမ္းထားသူမ်ားက တင္ျပလာသည့္ သံတမန္မ်ားကို အစားထိုးရန္ ႀကိဳးပမ္းမႈ လုပ္ေဆာင္ခ်က္ကို ဆိုင္းငံ့ထားရန္ ဆုံးျဖတ္လိုက္ျခင္းျဖစ္သည္။

ကုလသမဂၢညီလာခံ၏ ယင္းသို႔ ဆုံးျဖတ္မႈေၾကာင့္ သံအမတ္ႀကီးဦးေက်ာ္မိုးထြန္းအေနျဖင့္ ၂၀၂၂ ခုႏွစ္ ၊ ၇၆ ႀကိမ္ေျမာက္ ကုလသမဂၢအေထြေထြညီလာခံအထိ ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီးအျဖစ္ ဆက္လက္ ရပ္တည္ခြင့္ ရ႐ွိျခင္းျဖစ္သည္။

ကုလသမဂၢ စိစစ္ေရးေကာ္မတီဥကၠ႒၊ ဆြီဒင္ႏိုင္ငံသံအမတ္ႀကီး Anna Karin Eneström က “ ျမန္မာႏိုင္ငံ ကိုယ္စားလွယ္ေတြနဲ႔ ပတ္သက္တဲ့ တင္ျပခ်က္၊

အာဖဂန္နစၥတန္ ကိုယ္စားလွယ္ေတြနဲ႔ ပတ္သက္တဲ့ တင္ျပခ်က္ေတြကို ၇၆ ႀကိမ္ေျမာက္အေထြေထြညီလာခံအထိ ေ႐ႊ႕ဆိုင္းလိုက္တယ္” ဟု ေျပာဆိုသည္။

About the author

admin

Add Comment

Click here to post a comment