Local News

စစ်ကောင်စီ က အသံတိတ်သပိတ်မအောင်မြင်ကြောင်း ဓာတ်ပုံဟောင်းတွေကို သတင်းစာမှာထည့်သွင်းကြေညာ

SAC က အသံတိတ်သပိတ်မအောင်မြင်ကြောင်း ဓာတ်ပုံဟောင်းတွေကို သတင်းစာမှာထည့်သွင်းကြေညာ

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

SAC က အသံတိတ်သပိတ်မအောင်မြင်ကြောင်း ဓာတ်ပုံအဟောင်းတွေကို အသုံးပြုပြီး ဒီကနေ့ ဒီဇင်ဘာ ၁၁ ရက်နေ့ထုတ် နိုင််ငံပိုင်းသတင်းစာကနေ ထည့်သွင်းကြေညာလာပါတယ်။

စကစမှ ဝါဒဖြန့်ပုံမှာ ပုံအဟောင်းသာဖြစ်
NUG၊ CRPH တို့က ဒီဇင်ဘာ ၁၀ ရက်နေ့ကို အသံတိတ်သပိတ်ပြုလုပ်မယ့်နေ့အဖြစ် သတ်မှတ်ပြီး

ပြည်သူတွေအပြင်မထွက်အောင် လေလိုင်းကနေ ထုတ်ပြန်ချက်အမျိုးမျိုးနဲ့ ခြိမ်းခြောက်ထားပေမယ့် နိုင်ငံတစ်ဝန်းမှာ

ပုံမှန်အတိုင်း ဈေးတွေ ဖွင့်လှစ်ပြီး ကျောင်းတွေလည်းဖွင့်လှစ်ကာ ပြည်သူတွေလည်းသွားလာနေပြီး ကိုဗစ်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းတွေပါ ဆောင်ရွက်နေတယ်ဆိုပြီး ဓာတ်ပုံဟောင်းတွေကို အသုံးပြုပြီး ကြေညာထားတာ ဖြစ်ပါတယ်။

စကစမှ ဝါဒဖြန့်ပုံမှာ ပုံအဟောင်းသာဖြစ်
အသံတိတ်သပိတ်ပြုလုပ်တဲ့ ရက်မှာ ပြည်သူတွေ အပြင်မထွက်ကြတာဟာ လက်ရှိအစိုးရကို ဆန့်ကျင်တဲ့အနေနဲ့ အသံတိတ်သပိတ်မှာ ပူးပေါင်းပါဝင်တာမဟုတ်ဘဲ

တပ်သတင်းပေးလို့ စွပ်စွဲခံရပြီး သတ်ဖြတ်ခံရမှာ ကြောက်လို့အပြင်မထွက်တာဖြစ်ကြောင်းလည်း နိုင်ငံပိုင် သတင်းဌာနကနေ ထုတ်ပြန်ကြေညာထားပါတယ်။

ဒီဇင်ဘာ ၁၀ ရက်နေ့ဟာ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ SAC ကို ဆန့်ကျင်ကြောင်း ပြည်သူတွေအပြင်မထွက်ဘဲ ဈေးဆိုင်တွေပါပိတ်ထားကာ

အသံတိတ်သပိတ်ဆင်နွဲကြတာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အသံတိတ်သပိတ် အောင်မြင်ကြောင်းလည်း ကမ္ဘာ့သတင်းမီဒီယာတွေကပါ ဖော်ပြထားတာဖြစ်ပါတယ်။

မြန်မာ့အသံတိတ်သပိတ်လှုပ်ရှားမှုဟာ အရမ်းကို ထိရောက်မှု ရှိခဲ့ပြီး SAC အတွက် အရမ်းကို အထိနာခဲ့ရတာကြောင့် အခုလို ကြေညာချက်တွေထုတ်ပြန်လာနေတာဖြစ်တယ်လို့ ပြောနေကြတာတွေရှိပါတယ်။

Zawgyi

SAC က အသံတိတ္သပိတ္မေအာင္ျမင္ေၾကာင္း ဓာတ္ပုံေဟာင္းေတြကို သတင္းစာမွာထည့္သြင္းေၾကညာ

ရန္ကုန္၊ ဒီဇင္ဘာ ၁၁

SAC က အသံတိတ္သပိတ္မေအာင္ျမင္ေၾကာင္း ဓာတ္ပုံအေဟာင္းေတြကို အသုံးျပဳၿပီး ဒီကေန႔ ဒီဇင္ဘာ ၁၁ ရက္ေန႔ထုတ္ ႏိုင္္ငံပိုင္းသတင္းစာကေန ထည့္သြင္းေၾကညာလာပါတယ္။

စကစမွ ဝါဒျဖန္႔ပုံမွာ ပုံအေဟာင္းသာျဖစ္
NUG၊ CRPH တို႔က ဒီဇင္ဘာ ၁၀ ရက္ေန႔ကို အသံတိတ္သပိတ္ျပဳလုပ္မယ့္ေန႔အျဖစ္ သတ္မွတ္ၿပီး

ျပည္သူေတြအျပင္မထြက္ေအာင္ ေလလိုင္းကေန ထုတ္ျပန္ခ်က္အမ်ိဳးမ်ိဳးနဲ႔ ၿခိမ္းေျခာက္ထားေပမယ့္ ႏိုင္ငံတစ္ဝန္းမွာ

ပုံမွန္အတိုင္း ေဈးေတြ ဖြင့္လွစ္ၿပီး ေက်ာင္းေတြလည္းဖြင့္လွစ္ကာ ျပည္သူေတြလည္းသြားလာေနၿပီး ကိုဗစ္ကာကြယ္ေဆးထိုးျခင္းလုပ္ငန္းေတြပါ ေဆာင္႐ြက္ေနတယ္ဆိုၿပီး ဓာတ္ပုံေဟာင္းေတြကို အသုံးျပဳၿပီး ေၾကညာထားတာ ျဖစ္ပါတယ္။

စကစမွ ဝါဒျဖန္႔ပုံမွာ ပုံအေဟာင္းသာျဖစ္
အသံတိတ္သပိတ္ျပဳလုပ္တဲ့ ရက္မွာ ျပည္သူေတြ အျပင္မထြက္ၾကတာဟာ လက္႐ွိအစိုးရကို ဆန္႔က်င္တဲ့အေနနဲ႔ အသံတိတ္သပိတ္မွာ ပူးေပါင္းပါဝင္တာမဟုတ္ဘဲ

တပ္သတင္းေပးလို႔ စြပ္စြဲခံရၿပီး သတ္ျဖတ္ခံရမွာ ေၾကာက္လို႔အျပင္မထြက္တာျဖစ္ေၾကာင္းလည္း ႏိုင္ငံပိုင္ သတင္းဌာနကေန ထုတ္ျပန္ေၾကညာထားပါတယ္။

ဒီဇင္ဘာ ၁၀ ရက္ေန႔ဟာ ျမန္မာတစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ SAC ကို ဆန္႔က်င္ေၾကာင္း ျပည္သူေတြအျပင္မထြက္ဘဲ ေဈးဆိုင္ေတြပါပိတ္ထားကာ

အသံတိတ္သပိတ္ဆင္ႏြဲၾကတာျဖစ္ၿပီး ျမန္မာႏိုင္ငံရဲ႕ အသံတိတ္သပိတ္ ေအာင္ျမင္ေၾကာင္းလည္း ကမ႓ာ့သတင္းမီဒီယာေတြကပါ ေဖာ္ျပထားတာျဖစ္ပါတယ္။

ျမန္မာ့အသံတိတ္သပိတ္လႈပ္႐ွားမႈဟာ အရမ္းကို ထိေရာက္မႈ ႐ွိခဲ့ၿပီး SAC အတြက္ အရမ္းကို အထိနာခဲ့ရတာေၾကာင့္ အခုလို ေၾကညာခ်က္ေတြထုတ္ျပန္လာေနတာျဖစ္တယ္လို႔ ေျပာေနၾကတာေတြ႐ွိပါတယ္။

About the author

admin

Add Comment

Click here to post a comment