Local News

စစ်ခေါင်ဆောင် (သို့မဟုတ်) ဝန်ကြီးတစ်ဦး,ဦးမှ မတက်ရရင် အာဆီယံအစည်းအဝေး မတက်နိုင်

စစ်ခေါင်ဆောင် (သို့မဟုတ်) ဝန်ကြီးတစ်ဦး,ဦးမှ မတက်ရရင် အာဆီယံအစည်းအဝေး မတက်နိုင်

အောက်တိုဘာလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးကို နိုင်ငံရေးအရ ကိုယ်စားမပြုတဲ့ ကိုယ်စားလှယ် (နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်) တက်ရောက်ဖို့ လက်ရှိ အာဆီယံဥက္ကဋ္ဌဖြစ်သူ ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဖိတ်ကြားလာတာဟာ

အာဆီယံ ပဋိညာဉ်စာတမ်းနဲ့ မကိုက်ညီသလို အာဆီယံရဲ့ လုပ်ထုံးလုပ်နည်းနဲ့ အစဉ်အလာကနေလည်း သွေဖည်နေတယ်လို့ စစ်ကောင်စီလက်အောက် မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန် ကန့်ကွက်လိုက်ပါတယ်။

“ဒါနဲ့ပတ်သက်ပြီးတော့ သူတို့အနေနဲ့ ကိုယ့်ကို တန်းတူရည်တူအဖြစ် မထားတဲ့ နိုင်ငံအချို့ပေါ့နော်။ အာဆီယံနိုင်ငံအားလုံးလည်း မဟုတ်ပါဘူး။ နိုင်ငံအချို့ရဲ့ ကန့်သတ်မှုကြောင့်၊ နိုင်ငံအချို့ရဲ့ ပဋိဉာဏ်ချိုးဖောက်မှုကြောင့် တန်းတူရည်တူမထားတဲ့ အစည်းအဝေးကို သွားရောက်တက်ရောက်တာက ပိုပြီးတော့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို စော်ကားရာကျတယ်။

ကိုယ့်နိုင်ငံရဲ့ တည်ရှိမှုအပေါ်မှာ မိမိရဲ့၊ နိုင်ငံရဲ့ တည်ရှိမှုအပေါ်မှာ ကိုယ့်အနေနဲ့လည်း ချိုးဖောက်ရာ ရောက်တယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့လည်း တက်ဖို့၊ မတက်ဖို့ မသေချာပါဘူး။ ဘာမှတ်ချက်မှ ပေးစရာမရှိပါဘူး” ဟု ယင်းက ဆိုသည်။

အာဆီယံနိုင်ငံများ ထိပ်သီးအစည်းအဝေးကို အောက်တိုဘာလ ၂၆ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး အာဆီယံအဖွဲ့အစည်းက မြန်မာနိုင်ငံကိုယ်စားပြု တက်ရောက်ရန်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တစ်ဦးကို ဖိတ်ကြားထားကြောင်း သိရသည်။

“ကျွန်တော်တို့ ဟိုကနေပြီးတော့ ဖိတ်ကြားတာကတော့ နိုင်ငံခြားရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ်တစ်ယောက်ကို ဖိတ်ကြားထားပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ တက်ဖြစ်၊ မတက်ဖြစ် မသေချာသေးပါဘူး။ အကြောင်းလည်း မပြန်ရသေးပါဘူး။

အခုနပြောသလို တက်ဖြစ်၊ မတက်ဖြစ် မသေချာသေးပါဘူး။ ကျွန်တော်တို့အနေနဲ့က ရှင်းရှင်းလေး ကျွန်တော်တို့ရပ်တည်ချက်က နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။

ဖိတ်ခေါ်တာသည် သူတို့အနေနဲ့ရော ပဋိဉာဏ်ပါရော၊ စည်းမျဉ်းစည်းကမ်းပါ အရရော ဘယ်သူ့ကိုတက်ပါလို့ ဖိတ်ခေါ်ခွင့်မရှိပါဘူး။

အဓိကတော့ နိုင်ငံ့ခေါင်းဆောင်လုပ်တဲ့ သူ၊ နိုင်ငံခေါင်းဆောင် ဖြစ်ရမှာပဲ ဖြစ်တယ်။ ဒါကို ကျွန်တော်တို့ တူညီဆန္ဒမရှိဘဲနဲ့ ဆောင်ရွက်လာတာ ဖြစ်တယ်” ဟု ယင်းက ဆက်လက်ပြောကြားခဲ့သည်။

Credit

About the author

admin

Add Comment

Click here to post a comment