Local News

စစ်ခေါင်းဆောင်လာမည့် စစ်ဆေးတက္ကသိုလ်တွင် သင်တန်းသားတွေကိုပါ လုံခြုံရေး ယူခိုင်းထား

စစ်ခေါင်းဆောင်လာမည့် စစ်ဆေးတက္ကသိုလ်တွင် သင်တန်းသားတွေကိုပါ လုံခြုံရေး ယူခိုင်းထား

စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာရောက်မည့် စစ်ဆေးတက္ကသိုလ် (DSMA) ရှိရာ ရန်ကုန်မြို့၊မင်္ဂလာဒုံမြို့နယ်အတွင်းတွင် လုံခြုံရေးအင်အားအများအပြားတိုးမြှင့်တင်းကြပ်ထားကြောင်း ဧရာဝတီတိုင်း သတင်းမှာ ဖော်ပြထားပါတယ်။

စစ်ဆေးတက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဥ် (၂၂)သင်တန်းဆင်းပွဲကို လာမည့် ဒီဇင်ဘာလနောက်ဆုံးပတ်အတွင်း ပြုလုပ်မည်ဖြစ်ပြီး စစ်အာဏာသိမ်းခေါင်း ဆောင်တက်ရောက်မည်ဖြစ် ကြောင်း သိရသည်။

စစ်ခေါင်းဆောင်မရောက်ရှိမီ လုံခြုံရေးတိုးမြှင့်ချထားခြင်းဖြစ်ပြီး ခရေပင်လမ်းခွဲအပါအဝင် ရန်ကုန်-ပြည်လမ်းမကြီးတလျှောက်နှင့် မင်္ဂလာဒုံမြို့နယ်တခုလုံးကို အတွင်းစည်း၊အပြင်စည်း၊ အရံစည်းများဖြင့် လုံခြုံရေးချထားခြင်းဖြစ် ကြောင်း မင်္ဂလာဒုံတပ်အသိုင်းအဝိုင်းထံက သိရသည်။

စစ်ဆေးတက္ကသိုလ်ကျောင်းဝန်းအတွင်းကို အတွင်းစည်း၊စစ်ဆေးကျောင်းပြင်ပကိုအပြင်စည်းနှင့် အရံစည်းအနေဖြင့် မင်္ဂလာဒုံမြို့နယ် တခုလုံးကိုဝန်းရံချထားခြင်းဖြစ်ကြောင်း သိရသည်။

” ရှေ့တပတ်ထဲစစ်ဆေးကျောင်းဆင်းပွဲ လာတက်မှာ။ မလာခင် လုံခြုံရေးချထားတာ။ နယ် မြေခံတပ်ကလူတွေတင်မကဘူး။ သင်တန်းသား တွေပါအကုန်ထွက်ပြီးလုံ ခြုံရေးယူပေးနေတယ် ။

မင်္ဂလာဒုံတမြို့လုံးကို စည်း ၃ စည်းချပြီး စီမံချက်ဆွဲထားတယ်။” ဟု မင်္ဂလာဒုံတပ်နယ် မိသားစုဝင်တဦးက ပြောကြောင်း ဧရာဝတီတိုင်း သတင်းမှာ ဖော်ပြထားပါတယ်။

လာမည့်အပတ်အတွင်းစစ်ခေါင်းဆောင်လာရောက်၍ ဗိုလ်သင်တန်းဆင်းပွဲတက်ရောက်မည်ဟုသာသိရပြီး ဘယ်နေ့ ရောက်မည်ကို မသိရသေးကြောင်းနှင့် ကျောင်းဆင်းပွဲပြုလုပ်မည့်ရက်ကို ယခုထိကြိုတင်အကြောင်းကြားထား ခြင်းမရှိသေးကြောင်း ၄င်းက ဆို သည်။

မင်္ဂလာဒုံမြို့နယ်ကို တပ်မြို့ဟုအများအပြား ခေါ်ဆိုကြပြီး စစ်တပ်များနှင့်ဝန်းရံထားသည့်မြို့ဖြစ်ကာ အဆိုပါမြို့နယ်အတွင်း ရန်ကုန်-ပြည်လမ်းတလျှောက်လုံးတွင် စစ်တပ်အများအပြား တည် ဆောက်ထားသည်။

ဒီဇင်ဘာလဒုတိယပတ်အတွင်း စစ်ခေါင်းဆောင် က ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်(DSA)နှင့် စစ်နည်းပညာတက္က သိုလ်(DSTA)ဗိုလ်လောင်းသင် တန်းဆင်းပွဲများသို့တက်ရောက်ခဲ့ပြီး ယခု ရန်ကုန်မြို့ရှိ စစ်ဆေးတက္ကသိုလ် (DSMA)သင်တန်း ဆင်းပွဲကိုတက်ရောက်မည်ဖြစ်သည်။

အဆိုပါဗိုလ်သင်တန်းဆင်းပွဲများတွင် ဗိုလ်လောင်းများ ၏နယ်မြေလုံခြုံရေးအခြေအနေများကြောင့် ဗိုလ် လောင်းများ၏မိဘများ တက်ရောက်ခွင့်မရကြောင်း သိရသည်။

ယခုလအတွင်း ဗိုလ်သင်တန်းဆင်းပွဲများတွင် DSAမှ ဗိုလ်လောင်း ၄၅၀ ဝန်းကျင်နှင့် DSTA မှ ဗိုလ်လောင်း ၂၅၀ ကျော် သင်တန်းဆင်းပေးခဲ့ ကြောင်း ပြင်ဦးလွင်မြို့စစ်တပ်အသိုင်းအဝိုင်း ထံကသိရသည်။

ဒါ့အပြင် စစ်ကေင်စီ လက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းများ၏ မှီခို ဇနီးသည်များအားလုံး စစ်သင်တန်း မဖြစ်မနေတက်ရောက်ရမည်ဟု စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း စာထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။

စစ်သင်တန်း တက်ရောက်နိုင်ရန် ကြိုတင်ပြင်ဆင်ထားရန်ဟု စာတွင်ပါရှိပြီး အကျဉ်းဦးစီးဌာနရှိ ထောင်များ၊ စခန်းများနှင့် ရုံးချုပ်မှ ဝန်ထမ်းများ၏ မှီခိုဇနီးသည်များအားလုံး တက်ရောက်ရမည်ဖြစ်သည်။

“ အခုဆိုရင် တချို့ထောင်စခန်းတွေက တက်ရမယ့်ဝတ်စုံတွေ တိုင်းပြီးချုပ်နေရပြီ ” ဟု အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးက ဆိုသည်။

လာမည်နှစ့် ဇန်နဝါရီတွင် စတင်တက်ရောက်ရမည်ဟု ခန့်မှန်းထားပြီး အထွေအထွေအုပ်ချုပ်ရေး ဦးစီးဌာန အောက်ရှိ ဝန်ထမ်းဇနီးအားလုံး စစ်သင်တန်းတက်ရောက်ရန် စစ်ကောင်စီက အမိန့်ထုတ်ထားကြောင်း သတင်းရင်းမြစ်က ဆိုသည်။

“ တချို့တွေ မတက်ချင်လို့ လင်မယားကွာရှင်းကြတယ်လို့တောင် ပြောတယ် ” ဟု အကျဉ်းဦးစီး ဝန်ထမ်း သတင်းရင်းမြစ်က ဆိုသည်။

ယခု စစ်သင်တန်းကို အသက် ၆၀ အောက် မည်သူမဆို တက်ရောက်ရမည်ဖြစ်ကာ ကိုယ်ဝန် ၇ လကျော်များမှ လွဲ၍ ကျန်ကိုယ်ဝန်ဆောင်သည်များလည်း တက်ရောက်ရမည်ဟု ဆိုသည်။ သို့သော် ယင်းအချက်ကို သီးခြား အတည်မပြုနိုင်ပေ။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲဝန်ထမ်းများ၏ ဇနီးသည်များ၏ စစ်သင်တန်းမှာမူ ပြီးခဲ့သည့် နှစ်ပတ်ကတည်းက ပြီးဆုံးခဲ့ပြီဟုဆိုပြီး နေပြည်တော် MICC-1 တွင် တက်ရောက်ခဲ့ကြသည်ဟု သတင်းရင်းမြစ်များက အတည်ပြုထားသည်။

အချို့ မြို့နယ်များတွင် ရဲဝန်ထမ်းများ၏ ဇနီးသည်များကို စစ်သင်တန်းပေးရာ ဌာနတွင်း အပြန်အလှန်ကန့်ကွက်မှုများ၊ အကျင့်ပျက်ခြစားမှုများနှင့် ငွေပေး၍ လူစားထိုးမှုများ ရှိလာသောကြောင့် သင်တန်းပျက်ခဲ့သည်များလည်း ရှိခဲ့သည်။

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.