
စစ်ခွေးတွေကို အရှင်မိတယ် မင်းအောင်လှိုင်ဆီ ပြန်အပ်ရင် သွားမလားဆိုတော့ မအပ်ပါနဲ့တဲ့
စစ်ခွေးတွေကို အရှင်မိတယ်။ မင်းအောင်လှိုင်ဆီ ပြန်အပ်ရင် သွားမလားဆိုတော့ မအပ်ပါနဲ့။ မသွားဘူး စိတ်နာတယ်ပေါ့။
ရန်သူ့လက်ထဲ ရောက်နေလို့ အလိုက်သင့်ပြောတဲ့စကားလို့ပဲ မြင်တယ်။ ဒီစကားတွေအတွက် ဘာမှလည်း မခံစားရပါဘူး။ စိတ်ဝင်စားစရာကောင်းတာက ဒီကောင်တွေရဲ့ ပုံပန်းသဏ္ဍာန်၊ အသွင်အပြင်နဲ့ မျက်လုံးတွေပဲ။
တကယ့် မျက်လုံးအသေတွေ။ မျက်လုံးထဲမှာ ဘယ်အရာကိုမှ မမြင်ရတဲ့ မျက်လုံးအသေတွေ။ ဘာအနာဂတ်မှ မရှိတဲ့ မျက်လုံးအသေတွေ။ ဘာမှကို မရှိတဲ့ အခွံသက်သက် မျက်လုံးအသေတွေ။
စစ်သားတစ်ယောက် ရှိသင့်ရှိအပ်တဲ့ ကိုယ်ကာယအနေအထားမျိုး ဝေလာဝေး။ အာဟာရပြတ်နေတဲ့ သွေးကွေးကျုံလှီတဲ့ ခန္ဓာကိုယ်။
ညစ်ထပ်စုတ်ပြတ်နေတဲ့ အသွင်အပြင်တွေ။ ဘဝမှာ ဘာကောင်းခြင်းမင်္ဂလာကိုမှ တစ်ခါလေးတောင် ရဖူးတဲ့ပုံစံမျိုးတွေ မဟုတ်။
ထမင်းစားဖို့ အသက်ရှင်ရုံသက်သက်အပြင် အမှားအမှန် အကောင်းအဆိုး အကြောင်းအကျိုး ဘာဆိုဘာမှ နားလည်ပုံမရတဲ့ လူ့အမှိုက်တွေ။ အသက်ရှင်နေရခြင်းဟာ ထမင်းစားရင်း နေဝင်မယ်၊
မိုးလင်းမယ်အပြင် ဘာအတွေးအခေါ်မှ ရှိပုံမပေါ်တဲ့ တကယ့်အန္ဓတွေ။ ပုခုံးနှစ်ဖက်ကြား ခေါင်းပေါက်လို့ လူအသွင်ဖြစ်နေပေမယ့် လူတကယ်မဖြစ်တဲ့ လူ့တရည်လိုတွေ။
အနာကြင်ရဆုံးက ဒီလို အနိမ့်ပါးဆုံးသော ဥာဏ်ရည်နိမ့် အဆင့်အတန်းနိမ့် လူ့အခွံတွေနဲ့ ယှဉ်တိုက်ရင်း ကြွေလွင့်နေရတဲ့ အဖိုးတန်လူငယ်တွေရဲ့ အသက်တွေအကြောင်းပဲ။
ငါတို့နိုင်ငံရဲ့ ဝမ်းနည်းစရာပုံပြင်တွေက ယုတ်မာခြင်းမှာ အရမ်းတော်တဲ့လူတစ်စုက ခိုင်းစားခံနေတဲ့ လူညံ့တွေကြောင့် ဖြစ်တည်တယ်။
နှလုံးသား အခုတစ်ရာပါရင်တောင်
ခံစားကြည့်ဖို့ မလွယ်။