Local News

စစ်တပ်ပိုင် Mytel တာဝါတိုင်မှ မီးစက်၊ ဆိုလာနဲ့ ဘတ္ထရီအိုးတွေကို ဖြုတ်ယူပြီး လက်နက်ထုတ်လုပ်ရေးမှာ PDF အသုံးပြုကာ မင်းအောင်လှိုင်ကို ကျေးဇူး…SeeMore

စစ်တပ်ပိုင် Mytel တာဝါဆိုင်မှ မီးစက်၊ ဆိုလာနဲ့ ဘတ္ထရီအိုးတွေကို ဖြုတ်ယူပြီး လက်နက်ထုတ်လုပ်ရေးမှာ PDF အသုံးပြု၊ မင်းအောင်လှိုင်ကို ကျေးဇူးတင်တယ်လို့ ဆို

ရန်ကုန်| ဇန်နဝါရီ ၆

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီပိုင် Mytel တာဝါတိုင်မှ မီးစက်၊ ဆိုလာနဲ့ ဘတ္ထရီအိုးတွေကို ဖြုတ်ယူပြီး လက်နက် ထုတ်လုပ်ရေးမှာ အသုံးပြုမယ်လို့ ပခုက္ကူအခြေစိုက် Earthquake PDF ကထုတ်ပြန်ပါတယ်။

” ကျွန်တော်တို့ ထုတ်လုပ်ရေးစခန်းအသစ်တခုအတွက် လိုအပ်တဲ့ မီးစက်/ဆိုလာ/ဘတ်ထရီးအိုးတွေနဲ့ အခြားလိုအပ်တဲ့ အရာတွေကို လှူဒါန်းပေးတဲ့ ဘဘကြီး မအေး—- မင်းအောင်လှိုင်ကို ကျေးဇူးတင်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်” လို့ Earthquake ကဖော်ပြပါတယ်။

မနေ့ နေ့လယ်ပိုင်းကလည်း Earthquake PDF ဟာ မဟာမိတ် Young Force UG နဲ့အတူ မြို့ရှောင်လမ်း ခြံတစ်ခြံက စစ်ကောင်စီရဲစောင့်ကြပ်တဲ့ လောင်း ကစား ဝိုင်းကို စီးနင်းဖမ်းဆီးခဲ့ပါသေးတယ်။

ဓာတ်ပုံ-Earthquake PDF

Zawgyi


ရန်ကုန်| ဇန်နဝါရီ ၆





About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.