Local News

စစ်တပ်၏တိုက်လေယာဉ်ဖြင့် ဗုံးကျဲခြင်းနှင့် လက် နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူများ ညတွင်းချင်း ထိုင်းဘက်ထွက်ပြေးရ

စစ်တပ်၏တိုက်လေယာဉ်ဖြင့် ဗုံးကျဲခြင်းနှင့် လက် နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူများ ညတွင်းချင်း ထိုင်းဘက်ထွက်ပြေးရ

ရန်ကုန်၊ ဒီဇင်ဘာ ၂၄

အကြမ်းဖက်စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် လေးကေ့ကော်ဒေသကို ညအချိန် ဗုံးကျဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် စစ်ဘေးရှောင် ပြည်သူများမှာ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးရပြီး

ထိုင်းတော်ဝင် တပ်မတော်က စစ်ကားဖြင့် ခေါ်ယူ၍ စစ်ဘေးရှောင်စခန်းများသို့ ပို့ဆောင်ပေးကြောင်း ကရင်အမျိုးသားမီဒီယာက သတင်းဖော်ပြသည်။

ထိုင်းတော်ဝင်တပ်မတော်က ညအချိန် သောင်းရင်းမြစ်ကို ဖြတ်ပြေးလာသော မြန်မာစစ်ဘေးရှောင်များကို ထရပ်ကားဖြင့် သယ်ယူ၍ စစ်ဘေးရှောင်စခန်း ပို့ဆောင်ပေးခြင်းဖြစ်ပြီး

ယနေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့ ထပ်မံ ဝင်ရောက်လာမည့် မြန်မာနိုင်ငံမှ စစ်ဘေးရှောင်ပြည်သူများအတွက်လည်း ကြိုတင်ပြင်ဆင်မှုများစွာ လုပ်ဆောင် နေပြီဖြစ်ကြောင်း ထိုင်း-မြန်မာနယ်စပ်မှ စစ်ဘေးရှောင်ကူညီသူများက ပြောဆိုကြသည်။


ဓာတ်ပုံ- ညတွင်းချင်း ထွက်ပြေးကြရသည့် မြန်မာစစ်ဘေးရှောင်များကို ထိုင်းနိုင်ငံက ကူညီထားစဉ်။

Photo – ကရင်အမျိုးသားမီဒီယာ

Zawgyi



ရန်ကုန်၊ ဒီဇင်ဘာ ၂၄







About the author

admin

Add Comment

Click here to post a comment