Local News

စစ်တပ်၏ မြန်မာပြည်သူများအပေါ် ကျူးလွန်မှု အရေးယူနိုင်ရေး ဆောင်ရွက်မည်ဟု ဗြိတိသျှသံအမတ်က သတင်းစကားပါး

စစ်တပ်၏ မြန်မာပြည်သူများအပေါ် ကျူးလွန်မှု အရေးယူနိုင်ရေး ဆောင်ရွက်မည်ဟု ဗြိတိသျှသံအမတ်က သတင်းစကားပါး

ရန်ကုန်၊ ဒီဇင်ဘာ ၂၅

စစ်တပ်၏ မြန်မာပြည်သူများအပေါ် ကျူးလွန်မှု အရေးယူနိုင်ရေး ဆောင်ရွက်မည်ဟု ဗြိတိသျှသံအမတ်Pete Vowlesက ခရစ္စမတ်နေ့တွင် သတင်းစကားပါးသည်။

မြန်မာနိုင်ငံမှ ပြည်သူများသည် ခရစ္စမတ်ကာလတွင် ပျော်‌ပျော်ရွှင်ရွှင်ဆင်နွှဲရမည့်အစား စစ်တပ်အာဏာသိမ်းမှု၏ အကျိုးဆက်ဖြစ်သည့် သေကြေ ပျက်ဆီး ဆုံးရှုံးမှုများနဲ့သာ ရင်ဆိုင်နေကြရကြောင်း၊

ခရစ္စမတ်ကာလသည် စည်းလုံးညီညွတ်မှုအတွက် အချိန်အခါဖြစ်ပြီး ဗြိတိသျှသံရုံးမိသားစု၀င်အားလုံး၏ကိုယ်စား ယခုအခက်အခဲဒုက္ခများနှင့် ကြုံတွေ့ခံစားနေရသည့် မြန်မာပြည်သူလူထုအတွက် ကိုယ်ချင်းစာကြောင်း ဗြိတိသျှသံ အမတ်က ဆိုသည်။

ယခုနှစ်တွင် အထူးသဖြင့် စစ်တပ်၏ ခွဲခြားဆက်ဆံမှုများနှင့် အလွဲသုံးစားလုပ်ခံနေရသည့် မြန်မာနိုင်ငံတလွှာ်မှ ခရစ်ယာန်ဘာသာဝင်များနှင့် တခြားဘာသာဝင်များအတွက် ဆုတောင်းပေးနေကြောင်း၊ ဘာသာရေး အဆောက်အဦတို့ကို မီးရှို့ဖျက်ဆီးခြင်းနှင့်

အသင်းတော်ခေါင်းဆောင်များအပေါ် ပစ်မှတ်ထားခြင်းကဲ့သို့သော လတ်တလော အကြမ်းဖက်မှုများသည် ဘာသာရေးယုံကြည်ချက်ဖြစ်သည့် အခြေခံလူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ခွဲခြားဆက်ဆံမှု၊ အလွဲသုံးစားခံရမှု‌များနှင့် ရင်ဆိုင်နေရသည့် ပြည်သူအားလုံးနှင့်အတူ ယူကေအစိုးရကဆက်လက်ရပ်တည်သွားမည်ဖြစ်ပြီး ကျူးလွန်မှုများအတွက် တာဝန်ရှိသူများကို အရေးယူဆောင်ရွက်နိုင်ရန်

ဆက်လက်လုပ် ဆောင်သွားမည်ဖြစ်ကြောင်း ဗြိတိသျှသံအမတ်အဖြစ် ခန့်အပ်ထားခြင်းခံရသူ Pete Vowlesက ပြောဆိုသည်။

Zawgyi

စစ္တပ္၏ ျမန္မာျပည္သူမ်ားအေပၚ က်ဴးလြန္မႈ အေရးယူႏိုင္ေရး ေဆာင္႐ြက္မည္ဟု ၿဗိတိသွ်သံအမတ္က သတင္းစကားပါး

ရန္ကုန္၊ ဒီဇင္ဘာ ၂၅

စစ္တပ္၏ ျမန္မာျပည္သူမ်ားအေပၚ က်ဴးလြန္မႈ အေရးယူႏိုင္ေရး ေဆာင္႐ြက္မည္ဟု ၿဗိတိသွ်သံအမတ္Pete Vowlesက ခရစၥမတ္ေန႔တြင္ သတင္းစကားပါးသည္။

ျမန္မာႏိုင္ငံမွ ျပည္သူမ်ားသည္ ခရစၥမတ္ကာလတြင္ ေပ်ာ္‌ေပ်ာ္႐ႊင္႐ႊင္ဆင္ႏႊဲရမည့္အစား စစ္တပ္အာဏာသိမ္းမႈ၏ အက်ိဳးဆက္ျဖစ္သည့္ ေသေၾက ပ်က္ဆီး ဆုံး႐ႈံးမႈမ်ားနဲ႔သာ ရင္ဆိုင္ေနၾကရေၾကာင္း၊

ခရစၥမတ္ကာလသည္ စည္းလုံးညီၫြတ္မႈအတြက္ အခ်ိန္အခါျဖစ္ၿပီး ၿဗိတိသွ်သံ႐ုံးမိသားစု၀င္အားလုံး၏ကိုယ္စား ယခုအခက္အခဲဒုကၡမ်ားႏွင့္ ၾကဳံေတြ႕ခံစားေနရသည့္ ျမန္မာျပည္သူလူထုအတြက္ ကိုယ္ခ်င္းစာေၾကာင္း ၿဗိတိသွ်သံ အမတ္က ဆိုသည္။

ယခုႏွစ္တြင္ အထူးသျဖင့္ စစ္တပ္၏ ခြဲျခားဆက္ဆံမႈမ်ားႏွင့္ အလြဲသုံးစားလုပ္ခံေနရသည့္ ျမန္မာႏိုင္ငံတလႊာ္မွ ခရစ္ယာန္ဘာသာဝင္မ်ားႏွင့္ တျခားဘာသာဝင္မ်ားအတြက္ ဆုေတာင္းေပးေနေၾကာင္း၊ ဘာသာေရး အေဆာက္အဦတို႔ကို မီး႐ိႈ႕ဖ်က္ဆီးျခင္းႏွင့္

အသင္းေတာ္ေခါင္းေဆာင္မ်ားအေပၚ ပစ္မွတ္ထားျခင္းကဲ့သို႔ေသာ လတ္တေလာ အၾကမ္းဖက္မႈမ်ားသည္ ဘာသာေရးယုံၾကည္ခ်က္ျဖစ္သည့္ အေျခခံလူ႕အခြင့္အေရးကို ေျပာင္ေျပာင္တင္းတင္း ခ်ိဳးေဖာက္ျခင္းျဖစ္ေၾကာင္း ၎က ဆိုသည္။

ခြဲျခားဆက္ဆံမႈ၊ အလြဲသုံးစားခံရမႈ‌မ်ားႏွင့္ ရင္ဆိုင္ေနရသည့္ ျပည္သူအားလုံးႏွင့္အတူ ယူေကအစိုးရကဆက္လက္ရပ္တည္သြားမည္ျဖစ္ၿပီး က်ဴးလြန္မႈမ်ားအတြက္ တာဝန္႐ွိသူမ်ားကို အေရးယူေဆာင္႐ြက္ႏိုင္ရန္

ဆက္လက္လုပ္ ေဆာင္သြားမည္ျဖစ္ေၾကာင္း ၿဗိတိသွ်သံအမတ္အျဖစ္ ခန္႔အပ္ထားျခင္းခံရသူ Pete Vowlesက ေျပာဆိုသည္။

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.