Local News
စစ်တိုက်လေယာဉ်ဖြင့် လေးကေ့ကော်ကို ယခုညနေပိုင်း ပစ်ခတ်တိုက်ခိုက်
Update News- စစ်တိုက်လေယာဉ်ဖြင့် လေးကေ့ကော်ကို ယခုညနေပိုင်း ပစ်ခတ်တိုက်ခိုက်
ရန်ကုန်၊ ဒီဇင်ဘာ ၂၄
ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေ၊ လေးကေ့ကော်ဒေသကို ယနေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့ ညနေ ၄ နာရီ ဝန်းကျင်အချိန်( မြန်မာစံတော်ချိန် ညနေ ၃ နာရီ ၅၀ မိနစ်) တွင် စစ်ကောင်စီက တိုက် လေယာဉ်ဖြင့် လာရောက်ပစ်ခတ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။
“တိုက်လေယာဉ်နဲ့ပစ်သွားတာ။ နှစ်ချက်ကြားရတယ်။ အုန်း အုန်းဆိုပြီး နောက် ပြီးတော့ လေယာဉ်သံကြားရတယ်။ ဒီနေ့အတွက် လေယာဉ်နဲ့ လာပစ်တာ။ မနေ့ညကလည်း လေယာဉ်နဲ့ပစ်တယ်။ အမြှောက်တွေကတော့ မနက်က တည်းက တောက်လျှောက် စစ်တပ်က ပစ်နေတာပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။
အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဒီဇင်ဘာလ ၂၃ ရက်နေ့ ညပိုင်းမှစတင်ပြီး လေးကေ့ကော်ဒေသကို စစ်တိုက်လေယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီ၏ တိုက်လေယာဉ်များ။
Photo – Agency
Zawgyi
ရန်ကုန်၊ ဒီဇင်ဘာ ၂၄
Photo – Agency
About the author
admin
Add Comment
Click here to post a comment