Local News

စစ်ဗျူဟာပြောင်းပြီး လားရာ ခန့်မှန်းရခက်တဲ့ “အရိပ်မဲ့ စစ်ဆင်ရေး” အကြမ်းဖက်စစ်ကောင်စီ အသက်သွင်းနေပြီလို့ သတိပေ

စစ်ဗျူဟာပြောင်းပြီး လားရာ ခန့်မှန်းရခက်တဲ့ “အရိပ်မဲ့ စစ်ဆင်ရေး” အကြမ်းဖက်စစ်ကောင်စီ အသက်သွင်းနေပြီလို့ သတိပေး

#Nov29

ဗျူဟာပြောင်းပြီး စစ်ကြောင်းသွားလာလှုပ်ရှားမှုလားရာကို ခန့်မှန်းရခက်တဲ့ “အရိပ်မဲ့ စစ်ဆင်ရေး” ကို အကြမ်းဖက်စစ်ကောင်စီက အသက်သွင်းပြီး စစ်ကြောင်းထိုးလှုပ်ရှားနေပြီလို့ ဂန့်ဂေါ ပြည်သူ့ကာကွယ်ရေးတပ်က သတိပေးပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ သမားရိုးကျ ကုန်းကြောင်း စစ်ရေးလှုပ်ရှားတာ၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာ သယ်ယူပို့ဆောင်တာ၊ စစ်အင်အားဖြည့်တာမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ သတင်းနဲ့ ပြောက်ကျား လက်ဦးတိုက်ခိုက်မှုတွေကြောင့် နေ့စဉ် ဆယ်နဲ့ချီပြီး အသေအပျောက်များနေတာဖြစ်ပါတယ်။

အဲဒီစစ်ဆင်ရေးကို အဖွဲ့ ၃ခုနဲ့ လှုပ်ရှားနေပြီး တစ်ဖွဲ့က စစ်ကြောင်းထိုးရာဖက်၊ တစ်ဖွဲ့က စစ်ကြောင်းစထွက်ရာလမ်းဖက်၊ ကျန်တစ်ဖွဲ့က အဖွဲ့၂ခုရဲ့ အလယ်ကနေပြီး ပြည်သူတွေမြင်သာတဲ့နေရာမှာ နေရာရွှေ့ပြီး အယောင်ပြလှုပ်ရှားတယ်လို့ ဆိုပါတယ်။

ယခုစစ်ဆင်ရေးဟာ စစ်ကောင်စီတပ် သွားလာလှုပ်ရှားမှု ဦးတည်ရာကို ခန့်မှန်းရခက်ခဲစေပြီး အချိန်အကန့်သတ်မဲ့နဲ့ စစ်ကြောင်းထိုးတာလို့ ကနဦးသိထားရတဲ့အကြောင်း ဂန့်ဂေါ PDF ကပြောပါတယ်။

မြေပုံကျွမ်းကျင်သူ၊ သတ်ဖြတ်ရေး ဝန်မလေးတဲ့ စစ်အာဏာရှင် လက်ပါးစေ များစွာပါဝင်တာကြောင့် ထိပ်တိုက်မတွေ့ဆုံမိစေဖို့ လူထုအနေနဲ့ သတိကြီးကြီး ထားပေးကြစေလိုတယ်လို့လည်း ပြောပါတယ်။

သူတို့မှာ နောက်ဆုံးကျည်ဆံအနေနဲ့ ဇီဝလက်နက်တွေပါဝင်နိုင်ပြီး ၎င်းတို့ရိက္ခာကုန်ရင် အနီးစပ်ဆုံးရွာ(တဲ)တွေကိုဝင်ရောက်ဓားပြတိုက်ကြမှာဖြစ်လို့ အထူးသတိရှိပေးကြဖို့ကိုလည်း ဂန့်ဂေါ PDF က အသိပေးပါတယ်။

“အရိပ်မဲ့ စစ်ဆင်ရေး” လို့ အကြမ်းဖက်စစ်ကောင်စီက အမည်ပေးပြီး စစ်ရေးဗျူဟာပြောင်းလဲတာ ဟုတ်၊ မဟုတ် သီးခြားအတည်မပြုနိုင်ပေမယ့် အထူးတိုက်ခိုက်ရေးတပ်သားတွေပါဝင်တယ်လို့ ဂန့်ဂေါ ပြည်သူ့ကာကွယ်ရေးတပ်က ပြောပါတယ်။

ပုံစာ- ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလက ပြုလုပ်ခဲ့တဲ့ ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေး (ဆင်ဖြူရှင်) လေ့ကျင့်ခန်း (ပုံဟောင်း)

#RN #UpToDate

Zawgyi

စစ္ဗ်ဴဟာေျပာင္းၿပီး လားရာ ခန္႔မွန္းရခက္တဲ့ “အရိပ္မဲ့ စစ္ဆင္ေရး” အၾကမ္းဖက္စစ္ေကာင္စီ အသက္သြင္းေနၿပီလို႔ သတိေပး

#Nov29

ဗ်ဴဟာေျပာင္းၿပီး စစ္ေၾကာင္းသြားလာလႈပ္႐ွားမႈလားရာကို ခန္႔မွန္းရခက္တဲ့ “အရိပ္မဲ့ စစ္ဆင္ေရး” ကို အၾကမ္းဖက္စစ္ေကာင္စီက အသက္သြင္းၿပီး စစ္ေၾကာင္းထိုးလႈပ္႐ွားေနၿပီလို႔ ဂန္႔ေဂါ ျပည္သူ႕ကာကြယ္ေရးတပ္က သတိေပးပါတယ္။

အၾကမ္းဖက္စစ္ေကာင္စီဟာ သမား႐ိုးက် ကုန္းေၾကာင္း စစ္ေရးလႈပ္႐ွားတာ၊ လက္နက္ခဲယမ္းနဲ႔ ရိကၡာ သယ္ယူပို႔ေဆာင္တာ၊ စစ္အင္အားျဖည့္တာမွာ ျပည္သူ႕ကာကြယ္ေရးတပ္ေတြရဲ႕ သတင္းနဲ႔ ေျပာက္က်ား လက္ဦးတိုက္ခိုက္မႈေတြေၾကာင့္ ေန႔စဥ္ ဆယ္နဲ႔ခ်ီၿပီး အေသအေပ်ာက္မ်ားေနတာျဖစ္ပါတယ္။

အဲဒီစစ္ဆင္ေရးကို အဖြဲ႕ ၃ခုနဲ႔ လႈပ္႐ွားေနၿပီး တစ္ဖြဲ႕က စစ္ေၾကာင္းထိုးရာဖက္၊ တစ္ဖြဲ႕က စစ္ေၾကာင္းစထြက္ရာလမ္းဖက္၊ က်န္တစ္ဖြဲ႕က အဖြဲ႕၂ခုရဲ႕ အလယ္ကေနၿပီး ျပည္သူေတြျမင္သာတဲ့ေနရာမွာ ေနရာေ႐ႊ႕ၿပီး အေယာင္ျပလႈပ္႐ွားတယ္လို႔ ဆိုပါတယ္။

ယခုစစ္ဆင္ေရးဟာ စစ္ေကာင္စီတပ္ သြားလာလႈပ္႐ွားမႈ ဦးတည္ရာကို ခန္႔မွန္းရခက္ခဲေစၿပီး အခ်ိန္အကန္႔သတ္မဲ့နဲ႔ စစ္ေၾကာင္းထိုးတာလို႔ ကနဦးသိထားရတဲ့အေၾကာင္း ဂန္႔ေဂါ PDF ကေျပာပါတယ္။

ေျမပုံကြၽမ္းက်င္သူ၊ သတ္ျဖတ္ေရး ဝန္မေလးတဲ့ စစ္အာဏာ႐ွင္ လက္ပါးေစ မ်ားစြာပါဝင္တာေၾကာင့္ ထိပ္တိုက္မေတြ႕ဆုံမိေစဖို႔ လူထုအေနနဲ႔ သတိႀကီးႀကီး ထားေပးၾကေစလိုတယ္လို႔လည္း ေျပာပါတယ္။

သူတို႔မွာ ေနာက္ဆုံးက်ည္ဆံအေနနဲ႔ ဇီဝလက္နက္ေတြပါဝင္ႏိုင္ၿပီး ၎တို႔ရိကၡာကုန္ရင္ အနီးစပ္ဆုံး႐ြာ(တဲ)ေတြကိုဝင္ေရာက္ဓားျပတိုက္ၾကမွာျဖစ္လို႔ အထူးသတိ႐ွိေပးၾကဖို႔ကိုလည္း ဂန္႔ေဂါ PDF က အသိေပးပါတယ္။

“အရိပ္မဲ့ စစ္ဆင္ေရး” လို႔ အၾကမ္းဖက္စစ္ေကာင္စီက အမည္ေပးၿပီး စစ္ေရးဗ်ဴဟာေျပာင္းလဲတာ ဟုတ္၊ မဟုတ္ သီးျခားအတည္မျပဳႏိုင္ေပမယ့္ အထူးတိုက္ခိုက္ေရးတပ္သားေတြပါဝင္တယ္လို႔ ဂန္႔ေဂါ ျပည္သူ႕ကာကြယ္ေရးတပ္က ေျပာပါတယ္။

ပုံစာ- ၂၀၁၈ ခုႏွစ္၊ ေဖေဖာ္ဝါရီလက ျပဳလုပ္ခဲ့တဲ့ ၾကည္း၊ ေရ၊ ေလ ပူးေပါင္းစစ္ဆင္ေရး (ဆင္ျဖဴ႐ွင္) ေလ့က်င့္ခန္း (ပုံေဟာင္း)

#RN #UpToDate

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.