Local News

စစ်ရေးလှုပ်ရှားမှုတိုက်ပွဲသတင်းတွေကို အွန်လိုင်းပေါ် အလျင်စလိုမတင်ကြဖို့ KNU ထပ်မံမေတ္တာရပ်ခံ

စစ်ရေးလှုပ်ရှားမှုတိုက်ပွဲသတင်းတွေကို အွန်လိုင်းပေါ် အလျင်စလိုမတင်ကြဖို့ KNU ထပ်မံမေတ္တာရပ်ခံ

စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်တဲ့သတင်းတွေကို ကြားသိရင် အွန်လိုင်းပေါ် အလျင်စလိုမတင်ဖို့ KNUက မေတ္တာရပ်ခံလိုက်ပါတယ်။

လတ်တလောမှာ KNU ထိန်းချုပ်ရာ ဒူးပလာယာခရိုင်မှာ KNU တပ်မဟာ ၆ နဲ့ အာဏာသိမ်း စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်နေတာပါ။

ဒါကြောင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပြီးနောက်မှာရော ၊ စခန်းသိမ်းယူပြီးနောက်မှာရော စစ်ရေးအစီအစဉ်အရ ဆက်လက်လုပ်ဆောင်ရမယ့်အရာတွေရှိလို့ စစ်ရေးလှုပ်ရှားမှုတွေကို အွန်လိုင်းပေါ်ကို အလျင်စလို တင်ပြီး ဖြန့်ဝေတာမလုပ်ဖို့ KNU က ဆိုလိုက်တာပါ။

ဒီလို အွန်လိုင်းပေါ် အလျင်စလိုတင်ပြီးဖြန့်ဝေတာတွေဟာ ရန်သူကိုသတင်းပေးပို့ရာ ရောက်ပြီး ဆက်လက်လုပ်ဆောင်ရမယ့် စစ်ရေးအစီအစဉ်ကိုလည်း ထိခိုက်မှု ဖြစ်ပေါ်စေနိုင်တယ်လို့.ပြောထားပါတယ်။

ဒါအပြင် တိုက်ပွဲဖြစ်ပြီး ဖြစ်လေ့ဖြစ်ထရှိတဲ့ စစ်ပြေးဒုက္ခသည် ပြည်သူတွေရဲ့နေရာတွေကို မြေပုံညွှန်းနဲ့တကွဖော်ပြတာဟာလည်း စစ်ပြေးဒုက္ခသည်တွေကို အာဏာသိမ်းစစ်ကောင်စီတပ်တွေက ပစ်မှတ်ထားလာနိုင်တာကြောင့် ဒုက္ခသည်တွေအတွက် လုံခြုံမှု မရှိစေဘူးလို့ အသိပေးထားတာတွေ့ရပါတယ်။

ပုံမှန်အာဖြင့် KNU နဲ့ အာဏာသိမ်းစစ်ကောင်စီတပ် တွေ တိုက်ပွဲဖြစ်ပွားပြီးနောက် လေယာဉ်နဲ့ ဗုံးကြဲတာနဲ့ တပ်ကူလွှတ်တာတွေကိုလုပ်လေ့ရှိတာပါ။

ဒါကြောင့် KNU တပ်ဖွဲ့ဝင်တွေ စစ်မြေပြင်ကိစ္စရပ်တွေ ပြီး လို့ လုံခြုံတဲ့နေရာရောက်မှ အွန်လိုင်းပေါ် သတင်းတွေဖြန့်ဝေကြဖို့ မေတ္တာရပ်ခံထားတာတွေ့ပါတယ်။

ပြီးခဲ့တဲ့လပိုင်းတွေအတွင်းက KNU တပ်ဖွဲ့ဝင်တွေကိုတွေ့ရစဉ်

People’s Spring

Zawgyi

စစ္ေရးလႈပ္႐ွားမႈတိုက္ပြဲသတင္းေတြကို အြန္လိုင္းေပၚ အလ်င္စလိုမတင္ၾကဖို႔ KNU ထပ္မံေမတၱာရပ္ခံ

စစ္ေကာင္စီတပ္စခန္းေတြကို တိုက္ခိုက္သိမ္းပိုက္တဲ့သတင္းေတြကို ၾကားသိရင္ အြန္လိုင္းေပၚ အလ်င္စလိုမတင္ဖို႔ KNUက ေမတၱာရပ္ခံလိုက္ပါတယ္။

လတ္တေလာမွာ KNU ထိန္းခ်ဳပ္ရာ ဒူးပလာယာခ႐ိုင္မွာ KNU တပ္မဟာ ၆ နဲ႔ အာဏာသိမ္း စစ္ေကာင္စီတပ္ေတြ တိုက္ပြဲျဖစ္ေနတာပါ။

ဒါေၾကာင့္ ပစ္ခတ္တိုက္ခိုက္မႈျဖစ္ၿပီးေနာက္မွာေရာ ၊ စခန္းသိမ္းယူၿပီးေနာက္မွာေရာ စစ္ေရးအစီအစဥ္အရ ဆက္လက္လုပ္ေဆာင္ရမယ့္အရာေတြ႐ွိလို႔ စစ္ေရးလႈပ္႐ွားမႈေတြကို အြန္လိုင္းေပၚကို အလ်င္စလို တင္ၿပီး ျဖန္႔ေဝတာမလုပ္ဖို႔ KNU က ဆိုလိုက္တာပါ။

ဒီလို အြန္လိုင္းေပၚ အလ်င္စလိုတင္ၿပီးျဖန္႔ေဝတာေတြဟာ ရန္သူကိုသတင္းေပးပို႔ရာ ေရာက္ၿပီး ဆက္လက္လုပ္ေဆာင္ရမယ့္ စစ္ေရးအစီအစဥ္ကိုလည္း ထိခိုက္မႈ ျဖစ္ေပၚေစႏိုင္တယ္လို႔.ေျပာထားပါတယ္။

ဒါအျပင္ တိုက္ပြဲျဖစ္ၿပီး ျဖစ္ေလ့ျဖစ္ထ႐ွိတဲ့ စစ္ေျပးဒုကၡသည္ ျပည္သူေတြရဲ႕ေနရာေတြကို ေျမပုံၫႊန္းနဲ႔တကြေဖာ္ျပတာဟာလည္း စစ္ေျပးဒုကၡသည္ေတြကို အာဏာသိမ္းစစ္ေကာင္စီတပ္ေတြက ပစ္မွတ္ထားလာႏိုင္တာေၾကာင့္ ဒုကၡသည္ေတြအတြက္ လုံျခဳံမႈ မ႐ွိေစဘူးလို႔ အသိေပးထားတာေတြ႕ရပါတယ္။

ပုံမွန္အာျဖင့္ KNU နဲ႔ အာဏာသိမ္းစစ္ေကာင္စီတပ္ ေတြ တိုက္ပြဲျဖစ္ပြားၿပီးေနာက္ ေလယာဥ္နဲ႔ ဗုံးႀကဲတာနဲ႔ တပ္ကူလႊတ္တာေတြကိုလုပ္ေလ့႐ွိတာပါ။

ဒါေၾကာင့္ KNU တပ္ဖြဲ႕ဝင္ေတြ စစ္ေျမျပင္ကိစၥရပ္ေတြ ၿပီး လို႔ လုံျခဳံတဲ့ေနရာေရာက္မွ အြန္လိုင္းေပၚ သတင္းေတြျဖန္႔ေဝၾကဖို႔ ေမတၱာရပ္ခံထားတာေတြ႕ပါတယ္။

ၿပီးခဲ့တဲ့လပိုင္းေတြအတြင္းက KNU တပ္ဖြဲ႕ဝင္ေတြကိုေတြ႕ရစဥ္

People’s Spring

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.