Local News

စစ်သားများကို တပ်စွန့်ခွာမှုများ မဖြစ်ပေါ်လာစေရေးအတွက်ဆိုပြီး လစာမဲ့စနစ်ဖြင့် တပ်အတွင်း ထိန်းချုပ်ခံထားရ

စစ်သားများကို တပ်စွန့်ခွာမှုများ မဖြစ်ပေါ်လာစေရေးအတွက်ဆိုပြီး လစာမဲ့စနစ်ဖြင့် တပ်အတွင်း ထိန်းချုပ်ခံထားရ

နမခ တပ်အတွင်းရှိ စစ်သားများကို တပ်စွန့်ခွာမှုများ မဖြစ်ပေါ်လာစေရေးအတွက်ဆိုပြီး လစာမဲ့ဖြင့် မိသားစုများကိုပါ တပ်အတွင်းတွင် ထိန်းချုပ်ခံထားရကြာင်းသိရှိရပါသည်ဒီဇင်ဘာလ ၂၃ ရက်နေ့

နမခ တပ်အတွင်းတွင် စစ်သားများကို CDM တွင် မပါဝင်နိုင်ရေး တပ်တွင်း ပုန်ကန်မှုများကို ကာကွယ်နိုင်ရေး ဆိုတဲ့ ရည်ရွယ်ချက်ဖြင့် တပ်အတွင်းရှိ စစ်သားများကို ဘဏ်စုငွေများ ထုတ်မပေးခြင်း နှင့် လစာမပေးဘဲ ထားသည်မှာ၅လ ခန့်ရှိ

ပြီလို့ ဖရဲသီး က မုံရွာမြို့နယ် သတင်းမှန်ပြန်ကြား​ရေး ကိုပြောပါတယ်။ မိသားစုဝင်တွေကိုပါ တပ်အပြင် မထွက်ရ ဆိုတဲ့ အမိန့်တစ်ခုပါ ထုတ်ထား၍ တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားပြီး အကျယ်ချုပ် သဘောပါ ကျနေတာပါလို့ သူက ဆက်ပြောပါတယ်

ကျ​တော်တို့ တပ်ထဲမှာလည်း မနေချင်တော့ဘူး ကျတော် ထွက်ပြေးရင်တောင် မိသားစုဝင်တွေကို ထိန်းချုပ်ထားတော့ မိသားစုဝင်တွေကိုလည်း ဘာမဆို လုပ်ပစ်နိုင်တယ်၊ သူတို့ အကျိုးစီးပွားတွေကို ကာကွယ်ရေးအတွက် ကျတော်တို့ကို အသုံးချ စတေးခံခိုင်းပြီး လုပ်နေရတာပါ” လို့ ဖရဲသီး၏ ပြောပြချက်အရ သိရပါတယ်။

စစ်ကိုင်းတိုင်းအတွင်းတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာရှင်တော်လှန်ရေးကို လူထုသပိတ်လှုပ်ရှားမှုများ၊ လက်နက်ကိုင် တော်လှန်ရေးများ ဖြင့် ယနေ့တိုင် အားကောင်းမောင်းသန်ဖြင့် အာဏာရှင်ကို တော်လှန်လျက်ရှိရပါသည်။

စစ်ကိုင်းတိုင်းသည် နေ့စဉ်ရက်ဆက် စစ်ကောင်စီတပ်များ ကြင်စိုးသားများ အကျအဆုံးများသည့် တိုင်း တစ်တိုင်းလည်းဖြစ်သည်မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေး

Zawgyi








About the author

admin

Add Comment

Click here to post a comment