International News

စစ်သူကြီးကွမ်းကုံးရုပ်တုကြီးကိုဘာလို့နေရာ ရွှေ့ပြောင်းနေတာလဲ

စစ်သူကြီးကွမ်းကုံးရုပ်တုကြီးကိုဘာလို့နေရာ ရွှေ့ပြောင်းနေတာလဲ

တရုတ်ပြည် Jingzhou ရှိ ကွမ်းကုံး Guan Yu ရုပ်တုကြီးကိုနေရာပြောင်းနေပြီဖြစ်ပါတယ်။

ဒီရုပ်တုကြီးဟာ ပေ (၁၉၀) မြင့်ပြီး (၁၁၉၇) တန်လေးပါတယ်။ ၂၀၁၆ ခုနှစ်ကမှတည်ဆောက်ပြီးစီးခဲ့တာပါ။

တည်ဆောက်တုန်းက ဒေါ်လာ (၂၆) သန်းကုန်ကျပြီး အခုနေရာရွှေ့ရတဲ့အခါမှာ ဒေါ်လာသန်း (၂၀) ကုန်ကျမှာဖြစ်ပါတယ်။

စစ်သူကြီးကွမ်းကုံးရုပ်တုကြီးကို ရှေးတရုတ်သင်္ဘောပုံစံပြတိုက်အပေါ်မှာတည်ဆောက်ထားတာဖြစ်ပါတယ်။

ပြဿနာက တရုတ်အိမ်ရာနဲ့မြို့ပြဖွံ့ဖြိုးရေးဝန်ကြီးဌာနက ဒီရုပ်တုကြီးဟာ Jingzhou မြို့ရဲ့အလှကိုဖျက်နေတယ်၊ ဒါဟာငွေသက်သက်ဖြုန်းတာပဲလို့ မနှစ်ကစက်တင်ဘာလမှာဝေဖန်ထားလို့ဖြစ်ပါတယ်။

အစိုးရကအဲ့လိုဝေဖန်အပြီးမှာ Jingzhou မြို့တာဝန်ရှိသူတွေက ၈ ကီလိုမီတာလောက်ဝေးတဲ့နေရာကိုရွှေ့ဖို့အမိန့်ထုတ်ခဲ့တာပါ။

အခုနေရာသစ်ဟာ ဟိုး ၁၄ ရာစုဝတ္ထု Romance of the Three Kingdoms ထဲမှာ ကွမ်းကုံးကသူ့စစ်တပ်ကိုလေ့ကျင့်ပေးတဲ့နေရာလို့ဆိုပါတယ်။

ရုပ်တုကြီးစဆောက်တုန်းက အဲ့ဒီနေရာဟာ ၁၅ မီတာအမြင့်ထက်မကျော်ရဘူးဆိုတာကိုမသိခဲ့ဘူးလို့ဆိုပါတယ်။

အခုအချိန်မှာရုပ်တုကြီးအလေးချိန်ကြောင့်လည်း မြေကြီးဟာနိမ့်ဆင်းစပြုလာတယ်လို့ဆိုပါတယ်။

၂၀၁၃ မှာစဆောက်တုန်းကလည်း ဒေသခံတွေကိုစစ်တမ်းမကောက်ခဲ့ပဲ ရုပ်တုဆောက်တုန်းကဆောက်ပြီး အခုကတော့လည်းဟိုရွှေ့ဒီရွှေ့လုပ်ကြပြန်တာပါ။

တကယ်တော့အထင်ကရပုဂ္ဂိုလ်ကြီးတစ်ယောက်ရဲ့ရုပ်တုကိုမဆောက်ခင် ဒေသခံတွေရဲ့သဘောထားစစ်တမ်းကောက်တာမျိုး၊ ခွင့်ပြုချက်ယူတာမျိုးသေချာလုပ်သင့်ပါတယ်။

အခုတော့တချိန်ကသူရဲကောင်းခမျာရုပ်တုဘဝမှာ လုပ်ချင်သလိုအလုပ်ခံနေရသလိုပါပဲ။

ရုပ်တုဖွင့်ပွဲတုန်းကတော့ ကွမ်းကုံးကိုပွဲပေးကာကန်တော့ခဲ့ကြပါတယ်။ အခုနေရာရွှေ့တော့ကန်တော့ပွဲပေးသေးလားမသိပါ။

Richard Myo Thant

Zawgyi

စစ္သူႀကီးကြမ္းကုံး႐ုပ္တုႀကီးကိုဘာလို႔ေနရာ ေ႐ႊ႕ေျပာင္းေနတာလဲ

တ႐ုတ္ျပည္ Jingzhou ရွိ ကြမ္းကုံး Guan Yu ႐ုပ္တုႀကီးကိုေနရာေျပာင္းေနၿပီျဖစ္ပါတယ္။

ဒီ႐ုပ္တုႀကီးဟာ ေပ (၁၉၀) ျမင့္ၿပီး (၁၁၉၇) တန္ေလးပါတယ္။ ၂၀၁၆ ခုႏွစ္ကမွတည္ေဆာက္ၿပီးစီးခဲ့တာပါ။

တည္ေဆာက္တုန္းက ေဒၚလာ (၂၆) သန္းကုန္က်ၿပီး အခုေနရာေ႐ႊ႕ရတဲ့အခါမွာ ေဒၚလာသန္း (၂၀) ကုန္က်မွာျဖစ္ပါတယ္။

စစ္သူႀကီးကြမ္းကုံး႐ုပ္တုႀကီးကို ေရွးတ႐ုတ္သေဘၤာပုံစံျပတိုက္အေပၚမွာတည္ေဆာက္ထားတာျဖစ္ပါတယ္။

ျပႆနာက တ႐ုတ္အိမ္ရာနဲ႕ၿမိဳ႕ျပဖြံ႕ၿဖိဳးေရးဝန္ႀကီးဌာနက ဒီ႐ုပ္တုႀကီးဟာ Jingzhou ၿမိဳ႕ရဲ႕အလွကိုဖ်က္ေနတယ္၊ ဒါဟာေငြသက္သက္ျဖဳန္းတာပဲလို႔ မႏွစ္ကစက္တင္ဘာလမွာေဝဖန္ထားလို႔ျဖစ္ပါတယ္။

အစိုးရကအဲ့လိုေဝဖန္အၿပီးမွာ Jingzhou ၿမိဳ႕တာဝန္ရွိသူေတြက ၈ ကီလိုမီတာေလာက္ေဝးတဲ့ေနရာကိုေ႐ႊ႕ဖို႔အမိန႔္ထုတ္ခဲ့တာပါ။

အခုေနရာသစ္ဟာ ဟိုး ၁၄ ရာစုဝတၳဳ Romance of the Three Kingdoms ထဲမွာ ကြမ္းကုံးကသူ႕စစ္တပ္ကိုေလ့က်င့္ေပးတဲ့ေနရာလို႔ဆိုပါတယ္။

႐ုပ္တုႀကီးစေဆာက္တုန္းက အဲ့ဒီေနရာဟာ ၁၅ မီတာအျမင့္ထက္မေက်ာ္ရဘူးဆိုတာကိုမသိခဲ့ဘူးလို႔ဆိုပါတယ္။

အခုအခ်ိန္မွာ႐ုပ္တုႀကီးအေလးခ်ိန္ေၾကာင့္လည္း ေျမႀကီးဟာနိမ့္ဆင္းစျပဳလာတယ္လို႔ဆိုပါတယ္။

၂၀၁၃ မွာစေဆာက္တုန္းကလည္း ေဒသခံေတြကိုစစ္တမ္းမေကာက္ခဲ့ပဲ ႐ုပ္တုေဆာက္တုန္းကေဆာက္ၿပီး အခုကေတာ့လည္းဟိုေ႐ႊ႕ဒီေ႐ႊ႕လုပ္ၾကျပန္တာပါ။

တကယ္ေတာ့အထင္ကရပုဂၢိုလ္ႀကီးတစ္ေယာက္ရဲ႕႐ုပ္တုကိုမေဆာက္ခင္ ေဒသခံေတြရဲ႕သေဘာထားစစ္တမ္းေကာက္တာမ်ိဳး၊ ခြင့္ျပဳခ်က္ယူတာမ်ိဳးေသခ်ာလုပ္သင့္ပါတယ္။

အခုေတာ့တခ်ိန္ကသူရဲေကာင္းခမ်ာ႐ုပ္တုဘဝမွာ လုပ္ခ်င္သလိုအလုပ္ခံေနရသလိုပါပဲ။

႐ုပ္တုဖြင့္ပြဲတုန္းကေတာ့ ကြမ္းကုံးကိုပြဲေပးကာကန္ေတာ့ခဲ့ၾကပါတယ္။ အခုေနရာေ႐ႊ႕ေတာ့ကန္ေတာ့ပြဲေပးေသးလားမသိပါ။

Richard Myo Thant