Local News

စစ်​ကောင်စီက ဘုန်ကြီးအတုအ​ယောင်များအသုံးပြုလာခြင်း၊ သာသနိကအ​ဆောက်အအုံများတွင် တပ်စွဲ​နေထိုင်ခြင်းများကိုတားမြစ်​ပေး​တော်မူရန် မဟနထံသံဃသမဂ္ဂ(မန္တ​လေး)​ လျှောက်ထား

စစ်​ကောင်စီက ဘုန်ကြီးအတုအ​ယောင်များအသုံးပြုလာခြင်း၊ သာသနိကအ​ဆောက်အအုံများတွင် တပ်စွဲ​နေထိုင်ခြင်းများကိုတားမြစ်​ပေး​တော်မူရန် မဟနထံသံဃသမဂ္ဂ(မန္တ​လေး)​ လျှောက်ထား

ဘုန်းကြီးအတုယောင်များဖန်တီးကာ သင်္ကန်းများကိုအသုံးချလျက် အကြမ်းဖက်မှုလုပ်ဆောင်နေခြင်းများနှင့် သာသနိကအဆောက်အဦးများအတွင်း တပ်စွဲနေထိုင်ခြင်းများကို တားမြစ်ပေးတော်မူကြပါရန် နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများသို့ သံဃသမဂ္ဂ (မန္တလေး) အဖွဲ့က လျှောက်ထားခဲ့သည်။

ယနေ့ (ဒီဇင်ဘာလ ၂၄ ရက်) နေ့စွဲဖြင့် သံဃသမဂ္ဂ
(မန္တလေး)က လျှောက်ထားခဲ့ခြင်းဖြစ်ပြီး အဆိုပါလျှောက်ထားတင်ပြစာတွင် ဂန့်ဂေါဒေသ၊ ယောဒေသ၊ ကလေးမြို့နယ်၊အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြည်သူ့တော်လှန်ရေးအင်အားစုများ၏ သတင်းထုတ်ပြန်ချက်များအရ ​

အကြမ်းဖက်စစ်ကောင်စီတပ်များမှ ဘုန်းကြီးအတုအယောင်များဖန်တီးကာသင်္ကန်းဝတ်များဖြင့် အကြမ်းဖက်မှုများ လုပ်ဆောင်လျက်ရှိသည်ဟု ကြားသိရကြောင်း၊ အကြမ်းဖက်စစ်တပ်များက အနယ်နယ်အရပ်ရပ်ရှိ သင်္ကန်းဆိုင်များမှ သင်္ကန်းများကို သာသနာရေးဆိုင်ရာကိစ္စ၊

အလှူအတန်းကိစ္စ၊ ရှင်ပြုရဟန်းခံကိစ္စများနှင့် အလျဥ်းပတ်သက်ခြင်းမရှိဘဲ သင်္ကန်းအစုံရာချီဝယ်ယူစုဆောင်းခြင်း၊ တပ်စွဲရာဘုန်းကြီးကျောင်းများမှ သင်္ကန်းများ သိမ်းဆည်းယူဆောင်ခြင်းများ လုပ်ဆောင်နေကြောင်းလည်း ကြားသိနေရပါကြောင်း ရေးသားထားသည်။

ထို့အပြင် ဘုန်းကြီးအတုအယောင်များဖန်တီးကာ သင်္ကန်းဝတ်များဖြင့် စစ်လက်နက်ပစ္စည်းများ သယ်ယူပို့ဆောင်ခြင်း၊ စစ်အင်အားဖြန့်ချိခြင်း၊ပြည်သူများအား အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုများလုပ်ဆောင်နေကြောင်းလည်း ကြားသိနေရပါကြောင်း၊

အကြမ်းဖက်စစ်တပ်များက ဒေသအသီးသီးရှိ သာသနိကအဆောက်အဦးများဘုန်းကြီးကျောင်းတိုက်များ ၊ဓမ္မာရုံများ၊ စေတီပရိဝုဏ်များ၊ သာသနာ့ဗိမာန်များ သာသနာ့နယ်မြေများအတွင်း တပ်စွဲနေထိုင်စားသောက်လျှက် အကြမ်းဖက်မှုများကျုးလွန်နေကြသည်ကိုလည်း ကြားသိနေရကြောင်း သံဃသမဂ္ဂ(မန္တလေး) က တင်ပြသည်။

သင်္ကန်းဝတ်များဖြင့် အကြမ်းဖက်မှုများလုပ်ဆောင်နေခြင်းသည် သာသနာ့ဂုဏ်ရောင် မှေးမှိန်အောင်လုပ်ဆောင်ရာရောက်သကဲ့သို့ သံဃာထုတစ်ရပ်လုံးကိုလည်း မထီမဲ့မြင်ပြု စော်ကားခြင်းပင်ဖြစ်ပါကြောင်း၊ ဗုဒ္ဒဘာသာပြည်သူများအတွက်လည်း စိတ်နှလုံးညှိုးနွှမ်းဖွယ်ရာ ဝမ်းနည်းစရာ ဖြစ်ရပါကြောင်း၊

အခြားဘာသာဝင်များအတွက်လည်း မြတ်ဗုဒ္ဓသာသနာ အပေါ် အထင်မှားအမြင်မှား သံသယပွားစရာဖြစ်ရပါကြောင်း၊ နိုင်ငံတကာမှလည်း မြတ်ဗုဒ္ဓသာသနာတော်နှင့် သံဃာထုအပေါ် အထင်သေးအမြင်သေး၍ ကဲ့ရဲ့ ရှုတ်ချဖွယ်ရာများဖြစ်လာနိုင်ကြောင်း လျှောက်ထားသည်။

နိုင်ငံရေးအတွက် ဘာသာရေးကို ခုတုံးလုပ် အသုံးချနေခြင်းများကြောင့် မလိုအပ်သော ဘာသာရေးပဋိပက္ခများလည်းဖြစ်ပေါ်လာနိုင်ကြောင်း၊ မြတ်ဗုဒ္ဓသာသနာတော်ကိုလည်း အကြမ်းမှုကို အားပေးသည့် အစွန်းရောက်လမ်းစဥ်အဖြစ် အထင်လွဲအမြင် လွဲဖြစ်လာနိုင်စရာရှိပါကြောင်း၊

လောကငြိမ်းချမ်းရေးကိုဦးတည်လျက် လောကလူသားအားလုံး၏ ကောင်းကျိုးချမ်းသာကို လမ်းညွှန်ပြသဆုံးမနေသော သာသနာ့လမ်းစဥ်အပေါ်မှာလည်း အထင်သေးအမြင်သေး အယုံအကြည်မဲ့မှုများဖြစ်ပေါ်လာနိုင်ကြောင်း၊

သို့အတွက် သင်္ကန်းများအသုံးချလျက် ဘုန်းကြီးအတုများဖန်တီးကာ အကြမ်းဖက်မှုများလုပ်ဆောင်နေခြင်းသည် သာသနာအတွင်းကနေ သာသနာတော်ကို ပြန်လည်ဖျက်ဆီးနေခြင်းပင်ဖြစ်ပါကြောင်း လျှောက်ထားစာတွင် ရေးသားထားသည်။

သို့ဖြစ်ပါ၍ ဘုန်းကြီးအတုများဖန်တီးကာ သင်္ကန်းဝတ် များဖြင့် အကြမ်းဖက်လုပ်ဆောင်နေခြင်းများအား မည်သည့်အဖွဲ့စည်း မည်သည့်ပုဂ္ဂိုလ်က ကျူးလွန် သည်ဖြစ်ပါစေ သာသနာအရေးမြော်တွေးတော်မူကြလျက်

လျင်လျင်မြန်မြန် တားမြစ်ပေးတော်မူကြပါရန်ဘုရားတပည့်တော်များ သံဃသမဂ္ဂအဖွဲ့ကခြေတော်စုံဦးခိုက်၍ ရိုသေစွာလျှောက်ထားလိုက်ပါ သည် ဆရာတော်သံဃာတော်အရှင်မြတ်တို့ဘုရားဟု ရေးသားလျှောက်တင်ထားသည်။

အဆိုပါစာအား နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ သို့လိပ်မူပြီး ပေးပို့ဆပ်ကပ်သွားမည်ဟု သံဃသမဂ္ဂ ( မန္တလေး )က အသိပေးထားသည်။

Zawgyi

စစ္​ေကာင္စီက ဘုန္ႀကီးအတုအ​ေယာင္မ်ားအသုံးျပဳလာျခင္း၊ သာသနိကအ​ေဆာက္အအုံမ်ားတြင္ တပ္စြဲ​ေနထိုင္ျခင္းမ်ားကိုတားျမစ္​ေပး​ေတာ္မူရန္ မဟနထံသံဃသမဂၢ(မႏၲ​ေလး)​ ေလွ်ာက္ထား

ဘုန္းႀကီးအတုေယာင္မ်ားဖန္တီးကာ သကၤန္းမ်ားကိုအသုံးခ်လ်က္ အၾကမ္းဖက္မႈလုပ္ေဆာင္ေနျခင္းမ်ားႏွင့္ သာသနိကအေဆာက္အဦးမ်ားအတြင္း တပ္စြဲေနထိုင္ျခင္းမ်ားကို တားျမစ္ေပးေတာ္မူၾကပါရန္ ႏိုင္ငံေတာ္သံဃမဟာနာယက ဆရာေတာ္ႀကီးမ်ားသို႔ သံဃသမဂၢ (မႏၲေလး) အဖြဲ႕က ေလွ်ာက္ထားခဲ့သည္။

ယေန႔ (ဒီဇင္ဘာလ ၂၄ ရက္) ေန႔စြဲျဖင့္ သံဃသမဂၢ
(မႏၲေလး)က ေလွ်ာက္ထားခဲ့ျခင္းျဖစ္ၿပီး အဆိုပါေလွ်ာက္ထားတင္ျပစာတြင္ ဂန္႔ေဂါေဒသ၊ ေယာေဒသ၊ ကေလးၿမိဳ႕နယ္၊အရာေတာ္ၿမိဳ႕နယ္ ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕ျပည္သူ႕ေတာ္လွန္ေရးအင္အားစုမ်ား၏ သတင္းထုတ္ျပန္ခ်က္မ်ားအရ ​

အၾကမ္းဖက္စစ္ေကာင္စီတပ္မ်ားမွ ဘုန္းႀကီးအတုအေယာင္မ်ားဖန္တီးကာသကၤန္းဝတ္မ်ားျဖင့္ အၾကမ္းဖက္မႈမ်ား လုပ္ေဆာင္လ်က္႐ွိသည္ဟု ၾကားသိရေၾကာင္း၊ အၾကမ္းဖက္စစ္တပ္မ်ားက အနယ္နယ္အရပ္ရပ္႐ွိ သကၤန္းဆိုင္မ်ားမွ သကၤန္းမ်ားကို သာသနာေရးဆိုင္ရာကိစၥ၊

အလႉအတန္းကိစၥ၊ ႐ွင္ျပဳရဟန္းခံကိစၥမ်ားႏွင့္ အလ်ဥ္းပတ္သက္ျခင္းမ႐ွိဘဲ သကၤန္းအစုံရာခ်ီဝယ္ယူစုေဆာင္းျခင္း၊ တပ္စြဲရာဘုန္းႀကီးေက်ာင္းမ်ားမွ သကၤန္းမ်ား သိမ္းဆည္းယူေဆာင္ျခင္းမ်ား လုပ္ေဆာင္ေနေၾကာင္းလည္း ၾကားသိေနရပါေၾကာင္း ေရးသားထားသည္။

ထို႔အျပင္ ဘုန္းႀကီးအတုအေယာင္မ်ားဖန္တီးကာ သကၤန္းဝတ္မ်ားျဖင့္ စစ္လက္နက္ပစၥည္းမ်ား သယ္ယူပို႔ေဆာင္ျခင္း၊ စစ္အင္အားျဖန္႔ခ်ိျခင္း၊ျပည္သူမ်ားအား အၾကမ္းဖက္ပစ္ခတ္သတ္ျဖတ္မႈမ်ားလုပ္ေဆာင္ေနေၾကာင္းလည္း ၾကားသိေနရပါေၾကာင္း၊

အၾကမ္းဖက္စစ္တပ္မ်ားက ေဒသအသီးသီး႐ွိ သာသနိကအေဆာက္အဦးမ်ားဘုန္းႀကီးေက်ာင္းတိုက္မ်ား ၊ဓမၼာ႐ုံမ်ား၊ ေစတီပရိဝုဏ္မ်ား၊ သာသနာ့ဗိမာန္မ်ား သာသနာ့နယ္ေျမမ်ားအတြင္း တပ္စြဲေနထိုင္စားေသာက္လွ်က္ အၾကမ္းဖက္မႈမ်ားက်ဳးလြန္ေနၾကသည္ကိုလည္း ၾကားသိေနရေၾကာင္း သံဃသမဂၢ(မႏၲေလး) က တင္ျပသည္။

သကၤန္းဝတ္မ်ားျဖင့္ အၾကမ္းဖက္မႈမ်ားလုပ္ေဆာင္ေနျခင္းသည္ သာသနာ့ဂုဏ္ေရာင္ ေမွးမွိန္ေအာင္လုပ္ေဆာင္ရာေရာက္သကဲ့သို႔ သံဃာထုတစ္ရပ္လုံးကိုလည္း မထီမဲ့ျမင္ျပဳ ေစာ္ကားျခင္းပင္ျဖစ္ပါေၾကာင္း၊ ဗုဒၵဘာသာျပည္သူမ်ားအတြက္လည္း စိတ္ႏွလုံးညိႇဳးႏႊမ္းဖြယ္ရာ ဝမ္းနည္းစရာ ျဖစ္ရပါေၾကာင္း၊

အျခားဘာသာဝင္မ်ားအတြက္လည္း ျမတ္ဗုဒၶသာသနာ အေပၚ အထင္မွားအျမင္မွား သံသယပြားစရာျဖစ္ရပါေၾကာင္း၊ ႏိုင္ငံတကာမွလည္း ျမတ္ဗုဒၶသာသနာေတာ္ႏွင့္ သံဃာထုအေပၚ အထင္ေသးအျမင္ေသး၍ ကဲ့ရဲ႕ ႐ႈတ္ခ်ဖြယ္ရာမ်ားျဖစ္လာႏိုင္ေၾကာင္း ေလွ်ာက္ထားသည္။

ႏိုင္ငံေရးအတြက္ ဘာသာေရးကို ခုတုံးလုပ္ အသုံးခ်ေနျခင္းမ်ားေၾကာင့္ မလိုအပ္ေသာ ဘာသာေရးပဋိပကၡမ်ားလည္းျဖစ္ေပၚလာႏိုင္ေၾကာင္း၊ ျမတ္ဗုဒၶသာသနာေတာ္ကိုလည္း အၾကမ္းမႈကို အားေပးသည့္ အစြန္းေရာက္လမ္းစဥ္အျဖစ္ အထင္လြဲအျမင္ လြဲျဖစ္လာႏိုင္စရာ႐ွိပါေၾကာင္း၊

ေလာကၿငိမ္းခ်မ္းေရးကိုဦးတည္လ်က္ ေလာကလူသားအားလုံး၏ ေကာင္းက်ိဳးခ်မ္းသာကို လမ္းၫႊန္ျပသဆုံးမေနေသာ သာသနာ့လမ္းစဥ္အေပၚမွာလည္း အထင္ေသးအျမင္ေသး အယုံအၾကည္မဲ့မႈမ်ားျဖစ္ေပၚလာႏိုင္ေၾကာင္း၊

သို႔အတြက္ သကၤန္းမ်ားအသုံးခ်လ်က္ ဘုန္းႀကီးအတုမ်ားဖန္တီးကာ အၾကမ္းဖက္မႈမ်ားလုပ္ေဆာင္ေနျခင္းသည္ သာသနာအတြင္းကေန သာသနာေတာ္ကို ျပန္လည္ဖ်က္ဆီးေနျခင္းပင္ျဖစ္ပါေၾကာင္း ေလွ်ာက္ထားစာတြင္ ေရးသားထားသည္။

သို႔ျဖစ္ပါ၍ ဘုန္းႀကီးအတုမ်ားဖန္တီးကာ သကၤန္းဝတ္ မ်ားျဖင့္ အၾကမ္းဖက္လုပ္ေဆာင္ေနျခင္းမ်ားအား မည္သည့္အဖြဲ႕စည္း မည္သည့္ပုဂၢိဳလ္က က်ဴးလြန္ သည္ျဖစ္ပါေစ သာသနာအေရးေျမာ္ေတြးေတာ္မူၾကလ်က္

လ်င္လ်င္ျမန္ျမန္ တားျမစ္ေပးေတာ္မူၾကပါရန္ဘုရားတပည့္ေတာ္မ်ား သံဃသမဂၢအဖြဲ႕ကေျခေတာ္စုံဦးခိုက္၍ ႐ိုေသစြာေလွ်ာက္ထားလိုက္ပါ သည္ ဆရာေတာ္သံဃာေတာ္အ႐ွင္ျမတ္တို႔ဘုရားဟု ေရးသားေလွ်ာက္တင္ထားသည္။

အဆိုပါစာအား ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ သို႔လိပ္မူၿပီး ေပးပို႔ဆပ္ကပ္သြားမည္ဟု သံဃသမဂၢ ( မႏၲေလး )က အသိေပးထားသည္။

About the author

admin

Add Comment

Click here to post a comment