Local News

စစ်​ကောင်စီက အင်အားအများအပြားဖြင့် ထိုးစစ်ဆင်၍ စခန်းကုန်းမှစွန့်ခွာခဲ့ရဟု MDF အသိ​ပေး

စစ်​ကောင်စီက အင်အားအများအပြားဖြင့် ထိုးစစ်ဆင်၍ စခန်းကုန်းမှစွန့်ခွာခဲ့ရဟု MDF အသိ​ပေး

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် ထိုးစစ်ဆင်ခဲ့သောကြောင့် စခန်းကုန်းမှ စွန့်ခွာခဲ့ရကြောင်း MDF Special Forces က ယနေ့ ထုတ်ပြန်သည်။

သို့သော် စခန်းကုန်းပတ်လည်တွင် ထောင်ထားခဲ့သည့် မိုင်းများကြောင့် စစ်ကောင်စီဘက်မှ အထိအခိုက်အကျအဆုံးရှိနိုင်ကြောင်းလည်း MDF Special Forces က ဆိုသည်။

“MDF နဲ့ ကျွန်တော်တို့ မင်းကင်း PDF အဖွဲ့ ရဲ့ ပူးပေါင်း နေရာကို မနေ့က(ဒီဇင်ဘာ ၂၆ ရက်)နေ့လည် ၁ နာရီခွဲလောက်မှာ စစ်တပ်က ဝင်လာတယ်။

လူအင်အားချင်းတော့ ယှဥ်နိုင်ပေမယ့် လက်နက် မမျှတော့ ဆုတ်ခွာပေးခဲ့ရတယ်”ဟု မင်းကင်း PDF မှ ဗိုလ်လွင်က လူထုနွေဦးသို့ ပြောသည်။

ဆုတ်ခွာစဥ် အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုမှ ကျည်စင်၍ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း စိုးရိမ်စရာအခြေ အနေမရှိတော့ဟု ၎င်းက ဆိုသည်။

ပြည်သူများ၏ ထောက်ပံကူညီမှုဖြင့်ဆင်ထားခဲ့သောမိုင်းနှင့်တောလမ်းကျွမ်းကျင်မှုတို့ကြောင့်ရဲဘော်အားလုံးအသက်ဘေးနှင့် လွတ်ခဲ့ရ​ပြီး မကြာမီ ပြန်လည်တိုက်စစ်ဆင်မည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

အကြမ်းဖက်စစ်ကောင်စီ၏ သာလွန်အင်အားဖြင့် ဝင်ရောက်စီးနင်းခံရသော မင်းကင်း PDFနှင့် MDF Special Forces တို့သည့် ချင်းတွင်းမြစ်ရိုးတစ်လျှောက်ရှိ စစ်ကောင်စီ၏ ထောက်ပံ့ရေးလမ်းကြောင်းကို အဓိက တိုက်ခိုက်မှုများပြုလုပ်ထားသောအဖွဲ့ ဖြစ်သည်။

(MDFရဲ​ဘော်များကို ​​တွေ့ရစဥ်)

People’sSpring

Zawgyi

စစ္​ေကာင္စီက အင္အားအမ်ားအျပားျဖင့္ ထိုးစစ္ဆင္၍ စခန္းကုန္းမွစြန္႔ခြာခဲ့ရဟု MDF အသိ​ေပး

စစ္ကိုင္းတိုင္း မင္းကင္းၿမိဳ႕နယ္တြင္ အၾကမ္းဖက္စစ္ေကာင္စီတပ္က အင္အားအမ်ားအျပားျဖင့္ ထိုးစစ္ဆင္ခဲ့ေသာေၾကာင့္ စခန္းကုန္းမွ စြန္႔ခြာခဲ့ရေၾကာင္း MDF Special Forces က ယေန႔ ထုတ္ျပန္သည္။

သို႔ေသာ္ စခန္းကုန္းပတ္လည္တြင္ ေထာင္ထားခဲ့သည့္ မိုင္းမ်ားေၾကာင့္ စစ္ေကာင္စီဘက္မွ အထိအခိုက္အက်အဆုံး႐ွိႏိုင္ေၾကာင္းလည္း MDF Special Forces က ဆိုသည္။

“MDF နဲ႔ ကြၽန္ေတာ္တို႔ မင္းကင္း PDF အဖြဲ႕ ရဲ႕ ပူးေပါင္း ေနရာကို မေန႔က(ဒီဇင္ဘာ ၂၆ ရက္)ေန႔လည္ ၁ နာရီခြဲေလာက္မွာ စစ္တပ္က ဝင္လာတယ္။

လူအင္အားခ်င္းေတာ့ ယွဥ္ႏိုင္ေပမယ့္ လက္နက္ မမွ်ေတာ့ ဆုတ္ခြာေပးခဲ့ရတယ္”ဟု မင္းကင္း PDF မွ ဗိုလ္လြင္က လူထုေႏြဦးသို႔ ေျပာသည္။

ဆုတ္ခြာစဥ္ အၾကမ္းဖက္စစ္ေကာင္စီ၏ လက္နက္ႀကီးပစ္ခတ္မႈမွ က်ည္စင္၍ ရဲေဘာ္တစ္ဦး ထိခိုက္ဒဏ္ရာရ႐ွိခဲ့ေသာ္လည္း စိုးရိမ္စရာအေျခ အေနမ႐ွိေတာ့ဟု ၎က ဆိုသည္။

ျပည္သူမ်ား၏ ေထာက္ပံကူညီမႈျဖင့္ဆင္ထားခဲ့ေသာမိုင္းႏွင့္ေတာလမ္းကြၽမ္းက်င္မႈတို႔ေၾကာင့္ရဲေဘာ္အားလုံးအသက္ေဘးႏွင့္ လြတ္ခဲ့ရ​ၿပီး မၾကာမီ ျပန္လည္တိုက္စစ္ဆင္မည္ဟု ထုတ္ျပန္ခ်က္တြင္ ပါ႐ွိသည္။

အၾကမ္းဖက္စစ္ေကာင္စီ၏ သာလြန္အင္အားျဖင့္ ဝင္ေရာက္စီးနင္းခံရေသာ မင္းကင္း PDFႏွင့္ MDF Special Forces တို႔သည့္ ခ်င္းတြင္းျမစ္႐ိုးတစ္ေလွ်ာက္႐ွိ စစ္ေကာင္စီ၏ ေထာက္ပံ့ေရးလမ္းေၾကာင္းကို အဓိက တိုက္ခိုက္မႈမ်ားျပဳလုပ္ထားေသာအဖြဲ႕ ျဖစ္သည္။

(MDFရဲ​ေဘာ္မ်ားကို ​​ေတြ႕ရစဥ္)

People’sSpring

Recent Comments

No comments to show.