Local News

စစ်​ကောင်စီတပ်ကို ​သုတ်သင်နေသည့် ဗိုလ်နဂါး ဦး​ဆောင်သည့် PPDFတပ်မှာ ​ဒေသကာကွယ်​ရေးအဆင့်မှ တစ်နိုင်ငံလွှမ်းခြုံသည့်တပ်အဖြစ် ​ပြောင်းလဲဖွဲစည်း

စစ်​ကောင်စီတပ်ကို ​သုတ်သင်နေသည့် ဗိုလ်နဂါး ဦး​ဆောင်သည့် PPDFတပ်မှာ ​ဒေသကာကွယ်​ရေးအဆင့်မှ တစ်နိုင်ငံလွှမ်းခြုံသည့်တပ်အဖြစ် ​ပြောင်းလဲဖွဲစည်း

အကြမ်းဖက်စစ်ကောင်စီကို တော်လှန်နေသည့် စစ်ကိုင်းတိုင်းမှ နာမည်ကျော် ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)ကို တစ်နိုင်ငံလုံးလွှမ်းခြုံမည့် မြန်မာ့တော်ဝင်နဂါးတပ်တော်အဖြစ် ပြောင်းလဲဖွဲ့စည်းကြောင်း အဆိုပါအဖွဲ့ဦးဆောင်သူ ဗိုလ်နဂါးက ပြောသည်။

အာဏာလု အကြမ်းဖက်စစ်တပ်ကို နည်းမျိုးစုံဖြင့် ဆန့်ကျင်နေကြသော နိုင်ငံ၏ဒေသအသီးသီးမှ တော်လှန်ရေးနှင့် နိုင်ငံရေးအင်အားစုများကို စုစည်းရန် မြန်မာ့တော်ဝင် နဂါးတပ်တော် ( MRDA)ကို ဖွဲ့စည်းခြင်းဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။

“အခုဆိုရင် ထိုက်သင့် အားလျော်စွာ ပြည်သူလူထုရဲ့ဝန်းရံမှုလည်းရလာပြီ၊ အောင်မြင်မှုလည်းရလာပြီ။အဲဒီတော့ ပုလဲပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ရဲ့နေရာကနေပြီးတော့ ပုလဲမြို့ကို ကိုယ်စားမပြုတော့ဘဲနဲ့ တစ်နိုင်ငံလုံးရဲ့ ဒေသစုံမှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေကို စုစည်းပြီးတော့

လွတ်လပ်ရေးပန်းတိုင်ဆီကို ချီတက်ဖို့ စိတ်ကူးနဲ့ ဒေသစုံလွှမ်းခြုံတဲ့အဖွဲ့အစည်းတစ်ခု ဖန်တီးလိုက်တယ်။အဲဒါကတော့ မြန်မာ့တော်ဝင်နဂါးတပ်တော်ကို ဖွဲ့စည်းထူထောင်လိုက်တယ်”ဟု ဗိုလ်နဂါးက ပြောသည်။

ထို့အပြင် မြန်မာ့တော်ဝင် နဂါးတပ်တော် ( MRDA) ဖွဲ့စည်းခြင်းကို အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)နှင့် ကာကွယ်ရေးဝန်ကြီးဌာနကို အကြောင်းပြုကာ ၎င်းတို့၏ အသိအမှတ်ပြုမှုနှင့် ထိုက်သင့်အားလျော်သည့် ပံ့ပိုးမှု နှင့် တော်လှန်ရေးခရီးကို ဆက်လျှောက်ရန် စီစဥ်ထားကြောင်းလည်း အသိပေးသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်မည့် MRDA တွင် ပြည့်စုံလုံလောက်မှုမရှိသေးသည့်အတွက် ပြည်သူများဝန်းရံမှုသည်လည်း အဓိက လိုအပ်ကြောင်းလည်း ဗိုလ်နဂါးက မေတ္တာရပ်ခံသည်။

MRDA သည် စစ်အာဏာရှင်စနစ်ဆိုးကို အမြစ်ပြတ်ချေမှုန်းရန် နှင့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ကို တည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းခဲ့သည်။

အလားတူ နိုင်ငံတစ်ဝန်း စစ်အုပ်ချုပ်ရေးယန္တရား လုံးဝပျက်စီးရပ်ဆိုင်းသွားသည်အထိ တိုက်ခိုက်ချေမှုန်းမည်ဟု ကတိပြုသည်။

NUG ၏ လက်ရုံးသဖွယ်ခံယူပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ ဒေသတွင်းတော်လှန်ရေးအဖွဲ့အစည်းများ၊ပြည်တွင်း၊ပြည်ပ နိုင်ငံရေးအင်အားစုများနှင့်ချိတ်ဆက်၍ အကြမ်းဖက်စစ်အုပ်စုကို ပြင်းထန်သော ထိုးစစ်များဆင်နွှဲမည်ဟု MRDA က ဆိုသည်။

People’sSpring

Zawgyi

စစ္​ေကာင္စီတပ္ကို ​သုတ္သင္ေနသည့္ ဗိုလ္နဂါး ဦး​ေဆာင္သည့္ PPDFတပ္မွာ ​ေဒသကာကြယ္​ေရးအဆင့္မွ တစ္ႏိုင္ငံလႊမ္းျခဳံသည့္တပ္အျဖစ္ ​ေျပာင္းလဲဖြဲစည္း

အၾကမ္းဖက္စစ္ေကာင္စီကို ေတာ္လွန္ေနသည့္ စစ္ကိုင္းတိုင္းမွ နာမည္ေက်ာ္ ပုလဲၿမိဳ႕နယ္ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕ (PPDF)ကို တစ္ႏိုင္ငံလုံးလႊမ္းျခဳံမည့္ ျမန္မာ့ေတာ္ဝင္နဂါးတပ္ေတာ္အျဖစ္ ေျပာင္းလဲဖြဲ႕စည္းေၾကာင္း အဆိုပါအဖြဲ႕ဦးေဆာင္သူ ဗိုလ္နဂါးက ေျပာသည္။

အာဏာလု အၾကမ္းဖက္စစ္တပ္ကို နည္းမ်ိဳးစုံျဖင့္ ဆန္႔က်င္ေနၾကေသာ ႏိုင္ငံ၏ေဒသအသီးသီးမွ ေတာ္လွန္ေရးႏွင့္ ႏိုင္ငံေရးအင္အားစုမ်ားကို စုစည္းရန္ ျမန္မာ့ေတာ္ဝင္ နဂါးတပ္ေတာ္ ( MRDA)ကို ဖြဲ႕စည္းျခင္းျဖစ္သည္ဟု ၎က ႐ွင္းျပသည္။

“အခုဆိုရင္ ထိုက္သင့္ အားေလ်ာ္စြာ ျပည္သူလူထုရဲ႕ဝန္းရံမႈလည္းရလာၿပီ၊ ေအာင္ျမင္မႈလည္းရလာၿပီ။အဲဒီေတာ့ ပုလဲျပည္သူ႕ကာ ကြယ္ေရးတပ္ဖြဲ႕ရဲ႕ေနရာကေနၿပီးေတာ့ ပုလဲၿမိဳ႕ကို ကိုယ္စားမျပဳေတာ့ဘဲနဲ႔ တစ္ႏိုင္ငံလုံးရဲ႕ ေဒသစုံမွာ႐ွိတဲ့ ေတာ္လွန္ေရးအင္အားစုေတြကို စုစည္းၿပီးေတာ့

လြတ္လပ္ေရးပန္းတိုင္ဆီကို ခ်ီတက္ဖို႔ စိတ္ကူးနဲ႔ ေဒသစုံလႊမ္းျခဳံတဲ့အဖြဲ႕အစည္းတစ္ခု ဖန္တီးလိုက္တယ္။အဲဒါကေတာ့ ျမန္မာ့ေတာ္ဝင္နဂါးတပ္ေတာ္ကို ဖြဲ႕စည္းထူေထာင္လိုက္တယ္”ဟု ဗိုလ္နဂါးက ေျပာသည္။

ထို႔အျပင္ ျမန္မာ့ေတာ္ဝင္ နဂါးတပ္ေတာ္ ( MRDA) ဖြဲ႕စည္းျခင္းကို အမ်ိဳးသားညီၫြတ္​ေရးအစိုးရ(NUG)ႏွင့္ ကာကြယ္ေရးဝန္ႀကီးဌာနကို အေၾကာင္းျပဳကာ ၎တို႔၏ အသိအမွတ္ျပဳမႈႏွင့္ ထိုက္သင့္အားေလ်ာ္သည့္ ပံ့ပိုးမႈ ႏွင့္ ေတာ္လွန္ေရးခရီးကို ဆက္ေလွ်ာက္ရန္ စီစဥ္ထားေၾကာင္းလည္း အသိေပးသည္။

တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ စတင္မည့္ MRDA တြင္ ျပည့္စုံလုံေလာက္မႈမ႐ွိေသးသည့္အတြက္ ျပည္သူမ်ားဝန္းရံမႈသည္လည္း အဓိက လိုအပ္ေၾကာင္းလည္း ဗိုလ္နဂါးက ေမတၱာရပ္ခံသည္။

MRDA သည္ စစ္အာဏာ႐ွင္စနစ္ဆိုးကို အျမစ္ျပတ္ေခ်မႈန္းရန္ ႏွင့္ ဖက္ဒရယ္ဒီမိုကေရစီ ႏိုင္ငံေတာ္ကို တည္ေဆာက္ရန္ ရည္႐ြယ္ခ်က္ျဖင့္ ဖြဲ႕စည္းခဲ့သည္။

အလားတူ ႏိုင္ငံတစ္ဝန္း စစ္အုပ္ခ်ဳပ္ေရးယႏၲရား လုံးဝပ်က္စီးရပ္ဆိုင္းသြားသည္အထိ တိုက္ခိုက္ေခ်မႈန္းမည္ဟု ကတိျပဳသည္။

NUG ၏ လက္႐ုံးသဖြယ္ခံယူၿပီး တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ား၊ ေဒသတြင္းေတာ္လွန္ေရးအဖြဲ႕အစည္းမ်ား၊ျပည္တြင္း၊ျပည္ပ ႏိုင္ငံေရးအင္အားစုမ်ားႏွင့္ခ်ိတ္ဆက္၍ အၾကမ္းဖက္စစ္အုပ္စုကို ျပင္းထန္ေသာ ထိုးစစ္မ်ားဆင္ႏႊဲမည္ဟု MRDA က ဆိုသည္။

People’sSpring

About the author

admin

Add Comment

Click here to post a comment