Local News

စစ်​ကောင်စီ၏ မုံရွာလမ်းဖွင့်ပွဲဖျက်သည့်လက်သည်တရားခံမိုးပျံပူ​ပေပေါင်းဖြစ်နေ

စစ်​ကောင်စီ၏ မုံရွာလမ်းဖွင့်ပွဲဖျက်သည့်လက်သည်တရားခံမိုးပျံပူ​ပေပေါင်းဖြစ်နေ

မုံရွာမြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်ကလမ်းဖွင့်ပွဲ
ပြုလုပ်ချိန် မိုးပျံပူပေါင်းများပေါက်ကွဲ၍ ပွဲတက်လာသူများ ကြောက်လန့်တကြားထွက်ပြေးကြသောကြောင့် ပွဲပျက်သွားခဲ့ကြောင်း ဒေသခံများကပြောသည်။

ယနေ့ (ဇန်နဝါရီလ ၁၄ ရက်) နံနက် ၈ နာရီဝန်းကျင်က စစ်ကိုင်းတိုင်း၊မုံရွာမြို့တွင် အကြမ်းဖက် စစ်ကောင်စီက မြို့တွင်းရှိ အောင်သပြေလမ်းအား လမ်းဖွင့်ပွဲပြုလုပ်ချိန်မိုးပျံပူပေါင်းများလွှတ်တင်ရာ ဓါတ်အားလိုင်းနှင့်တိုက်မိ၍

ပူပေါင်းများပေါက်ကွဲခဲ့ကြောင်း၊ ပူပေါင်းပေါက်ကွဲသံကိုဗုံးနှင့်လက်နက်​​ပေါက်ကွဲပစ်ခတ်သံများထင်ပြီး ကြောက်လန့်ကာစစ်ကောင်စီတပ်သားများအပါအဝင် ပွဲတက်လာသူများက ထွက်ပြေးကြရာ ပွဲပျက်သွားကြောင်း ဒေသခံအချို့က ပြောသည်။

“အစီအစဥ် သုံးအရ ပူစီပေါင်းနဲ့ ဖဲကြိုးဖြတ်တာ ပူစီဖောင်းအတွဲတွေက ဖဲကြိုးရောပါပြီး အပေါ်တက်သွားတော့ ၁၁၀၀၀ ကေဘယ်ကြိုးနဲ့ချိတ်မိပီး ရှော့ဖြစ်တယ်။ ပူပေါင်းတွေပေါက်ကွဲပြီး မီးလောင်ပါလေရော။

ဖောင်း၊ဖွတ် ဆို အသံကြားတော့ လူကြီး၊စည်ပင်ဝန်ထမ်းနဲ့ လုပ်သားတွေရော ဝရုန်းသုန်းကား ထွက်ပြေးကြတာ ကြည့်ကောင်းတာဗျာ၊ရယ်လိုက်ရတာ။စိတ်မကောင်းဘူးခင်ဗျာ။တစ်ယောက်မှ မှောက်ရက်လဲတာမတွေ့ဘူး”ဟု မြို့ခံတစ်ဦးက ပြောသည်။

အောင်သပြေလမ်းနှင့်ပေ ၈၀လမ်း နှစ်လမ်းကို စစ်ကောင်စီမှ တစ်ချိန်တည်း ဖွင့်ပွဲကျင်းပရာ အောင်သပြေလမ်း ပေါက်ကွဲမှုကြောင့် ပေ ၈၀လမ်းဖွင့်ပွဲအခမ်းအနားကိုပါ ဖျက်သိမ်းရကြောင်း၊

ပေါက်ကွဲမှုကြောင့် အခမ်းအနားကို လာရောက်ဖွင့်လှစ်ပေးသည့် စစ်ကောင်စီအရာရှိကြီးများနှင့်စစ်ကောင်စီတပ်သားများပါ ထွက်ပြေးရကြောင်း ချင်းတွင်းရိုးမသတင်းစာမျက်နှာက ဖော်ပြသည်။

​အခမ်းအနားပျက်ပြီး​နောက်မနက်ပိုင်းတွင် ဗုံး​ပေါက်ကွဲမှု​ကြောင့်ဟုထင်ခဲ့ပြီး ​​နေ့လယ်ပိုင်းတွင်မှမိုးပျံပူ​ပေါင်း​
ပေါက်ခြင်းဖြစ်​ကြောင်း မြို့ခံအများစု သိ့ခဲ့ရခြင်းဖြစ်​ကြောင်း မြို့ခံတစ်ဦးကလည်း​ပြောသည်။

Zawgyi

စစ္​ေကာင္စီ၏ မုံ႐ြာလမ္းဖြင့္ပြဲဖ်က္သည့္လက္သည္တရားခံမိုးပ်ံပူ​ေပေပါင္းျဖစ္ေန

မုံ႐ြာၿမိဳ႕တြင္ အၾကမ္းဖက္စစ္ေကာင္စီတပ္ကလမ္းဖြင့္ပြဲ
ျပဳလုပ္ခ်ိန္ မိုးပ်ံပူေပါင္းမ်ားေပါက္ကြဲ၍ ပြဲတက္လာသူမ်ား ေၾကာက္လန္႔တၾကားထြက္ေျပးၾကေသာေၾကာင့္ ပြဲပ်က္သြားခဲ့ေၾကာင္း ေဒသခံမ်ားကေျပာသည္။

ယေန႔ (ဇန္နဝါရီလ ၁၄ ရက္) နံနက္ ၈ နာရီဝန္းက်င္က စစ္ကိုင္းတိုင္း၊မုံ႐ြာၿမိဳ႕တြင္ အၾကမ္းဖက္ စစ္ေကာင္စီက ၿမိဳ႕တြင္း႐ွိ ေအာင္သေျပလမ္းအား လမ္းဖြင့္ပြဲျပဳလုပ္ခ်ိန္မိုးပ်ံပူေပါင္းမ်ားလႊတ္တင္ရာ ဓါတ္အားလိုင္းႏွင့္တိုက္မိ၍

ပူေပါင္းမ်ားေပါက္ကြဲခဲ့ေၾကာင္း၊ ပူေပါင္းေပါက္ကြဲသံကိုဗုံးႏွင့္လက္နက္​​ေပါက္ကြဲပစ္ခတ္သံမ်ားထင္ၿပီး ေၾကာက္လန္႔ကာစစ္ေကာင္စီတပ္သားမ်ားအပါအဝင္ ပြဲတက္လာသူမ်ားက ထြက္ေျပးၾကရာ ပြဲပ်က္သြားေၾကာင္း ေဒသခံအခ်ိဳ႕က ေျပာသည္။

“အစီအစဥ္ သုံးအရ ပူစီေပါင္းနဲ႔ ဖဲႀကိဳးျဖတ္တာ ပူစီေဖာင္းအတြဲေတြက ဖဲႀကိဳးေရာပါၿပီး အေပၚတက္သြားေတာ့ ၁၁၀၀၀ ေကဘယ္ႀကိဳးနဲ႔ခ်ိတ္မိပီး ေ႐ွာ့ျဖစ္တယ္။ ပူေပါင္းေတြေပါက္ကြဲၿပီး မီးေလာင္ပါေလေရာ။

ေဖာင္း၊ဖြတ္ ဆို အသံၾကားေတာ့ လူႀကီး၊စည္ပင္ဝန္ထမ္းနဲ႔ လုပ္သားေတြေရာ ဝ႐ုန္းသုန္းကား ထြက္ေျပးၾကတာ ၾကည့္ေကာင္းတာဗ်ာ၊ရယ္လိုက္ရတာ။စိတ္မေကာင္းဘူးခင္ဗ်ာ။တစ္ေယာက္မွ ေမွာက္ရက္လဲတာမေတြ႕ဘူး”ဟု ၿမိဳ႕ခံတစ္ဦးက ေျပာသည္။

ေအာင္သေျပလမ္းႏွင့္ေပ ၈၀လမ္း ႏွစ္လမ္းကို စစ္ေကာင္စီမွ တစ္ခ်ိန္တည္း ဖြင့္ပြဲက်င္းပရာ ေအာင္သေျပလမ္း ေပါက္ကြဲမႈေၾကာင့္ ေပ ၈၀လမ္းဖြင့္ပြဲအခမ္းအနားကိုပါ ဖ်က္သိမ္းရေၾကာင္း၊

ေပါက္ကြဲမႈေၾကာင့္ အခမ္းအနားကို လာေရာက္ဖြင့္လွစ္ေပးသည့္ စစ္ေကာင္စီအရာ႐ွိႀကီးမ်ားႏွင့္စစ္ေကာင္စီတပ္သားမ်ားပါ ထြက္ေျပးရေၾကာင္း ခ်င္းတြင္း႐ိုးမသတင္းစာမ်က္ႏွာက ေဖာ္ျပသည္။

​အခမ္းအနားပ်က္ၿပီး​ေနာက္မနက္ပိုင္းတြင္ ဗုံး​ေပါက္ကြဲမႈ​ေၾကာင့္ဟုထင္ခဲ့ၿပီး ​​ေန႔လယ္ပိုင္းတြင္မွမိုးပ်ံပူ​ေပါင္း​
ေပါက္ျခင္းျဖစ္​ေၾကာင္း ၿမိဳ႕ခံအမ်ားစု သိ့ခဲ့ရျခင္းျဖစ္​ေၾကာင္း ၿမိဳ႕ခံတစ္ဦးကလည္း​ေျပာသည္။

Recent Comments

No comments to show.