Local News

စစ် ကောင်စီက ဆိုင်များ ပြန်ဖွင့်ရန် ဖိအားပေးသော်လည်း နလန် ပြန်မထူ၊ မစည်ကားတော့သည့် သုဿာန် တစပြင် မြန်မာပလာဇာ

စစ် ကောင်စီက ဆိုင်များ ပြန်ဖွင့်ရန် ဖိအားပေးသော်လည်း နလန် ပြန်မထူ၊ မစည်ကားတော့သည့် သုဿာန် တစပြင် မြန်မာပလာဇာ

ရန်ကုန်၊ နိုဝင်ဘာ ၂၉

ရန်ကုန်တိုင်းစစ်ကောင်စီက မြန်မာပလာဇာမှ ဆိုင်ခန်းများကို ပြန်ဖွင့်ရန် နိုဝင်ဘာလ ၂၈ ရက်နေ့ က ဆိုင်ခန်းပိုင်ရှင်တချို့ကို ဖိအားပေးခဲ့သော်လည်း နိုဝင်ဘာလ ၂၉ ရက်နေ့တွင်

လူစည်ကားခြင်းမရှိတော့ဘဲ နလန် မထူနိုင်တော့သည့် အခြေအနေရောက်ရှိနေကြောင်း မြန်မာပလာဇာသို့ သွားရောက်လေ့လာခဲ့သည့် ပြည်သူတချို့ထံမှ သိရှိရသည်။

နိုဝင်ဘာလ ၂၅ ရက်နေ့ တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလူငယ်တချို့ကို မြန်မာပလာဇာမှ လုံခြုံရေး ဝန်ထမ်းများက ၀ိုင်းဝန်းထိုးကြိတ်ခဲ့ကြပြီးနောက်

နိုဝင်ဘာလ ၂၆ ရက်နေ့မှ စတင်ကာ မြန်မာပလာဇာတွင် လာရောက်သည့် ပြည်သူ လုံး၀ မရှိတော့သည့် သပိတ်မှောက်မှုများ ကို ကြုံတွေ့ရခြင်းဖြစ်သည်။

မြန်မာပလာဇာမှ ဆိုင်ခန်း ၅၀ နီးပါးကလည်း ဆိုင်ခန်းများကို ယာယီပိတ်သိမ်းကြောင်း ကြေညာလိုက်ကြပြီး ယင်းသို့ ပြည်သူလူထု၏ အင်အားကြီးမားသော သပိတ်မှောက်မှုသည်

၄ ရက်အကြာ ယနေ့ နိုဝင်ဘာ ၂၉ ရက်နေ့ အထိ မြန်မာပလာဇာတွင် လူသူမရှိဘဲ သုဿာန်တစပြင် အလား ခြောက်ကပ်တိတ်ဆိတ်လျက်ရှိနေဆဲပင်ဖြစ်ကြောင်း ရန်ကုန်မြို့ခံများထံမှ သိရှိရသည်။

ရန်ကုန်ပြည်သူတစ်ဦးက ယနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်အချိန် ရိုက်ကူးထားသော မြန်မာ ပလာဇာ၏ အခြေအနေများကို ရန်ကုန်ခေတ်သစ်က ပြန်လည်မျှဝေလိုက်ပါသည်။

Zawgyi

စစ္ ေကာင္စီက ဆိုင္မ်ား ျပန္ဖြင့္ရန္ ဖိအားေပးေသာ္လည္း နလန္ ျပန္မထူ၊ မစည္ကားေတာ့သည့္ သုႆာန္ တစျပင္ ျမန္မာပလာဇာ

ရန္ကုန္၊ ႏိုဝင္ဘာ ၂၉

ရန္ကုန္တိုင္းစစ္ေကာင္စီက ျမန္မာပလာဇာမွ ဆိုင္ခန္းမ်ားကို ျပန္ဖြင့္ရန္ ႏိုဝင္ဘာလ ၂၈ ရက္ေန႔ က ဆိုင္ခန္းပိုင္႐ွင္တခ်ိဳ႕ကို ဖိအားေပးခဲ့ေသာ္လည္း ႏိုဝင္ဘာလ ၂၉ ရက္ေန႔တြင္

လူစည္ကားျခင္းမ႐ွိေတာ့ဘဲ နလန္ မထူႏိုင္ေတာ့သည့္ အေျခအေနေရာက္႐ွိေနေၾကာင္း ျမန္မာပလာဇာသို႔ သြားေရာက္ေလ့လာခဲ့သည့္ ျပည္သူတခ်ိဳ႕ထံမွ သိ႐ွိရသည္။

ႏိုဝင္ဘာလ ၂၅ ရက္ေန႔ တြင္ စစ္အာဏာ႐ွင္ဆန္႔က်င္ေရး ဆႏၵျပလူငယ္တခ်ိဳ႕ကို ျမန္မာပလာဇာမွ လုံျခဳံေရး ဝန္ထမ္းမ်ားက ဝိုင္းဝန္းထိုးႀကိတ္ခဲ့ၾကၿပီးေနာက္

ႏိုဝင္ဘာလ ၂၆ ရက္ေန႔မွ စတင္ကာ ျမန္မာပလာဇာတြင္ လာေရာက္သည့္ ျပည္သူ လုံး၀ မ႐ွိေတာ့သည့္ သပိတ္ေမွာက္မႈမ်ား ကို ၾကဳံေတြ႕ရျခင္းျဖစ္သည္။

ျမန္မာပလာဇာမွ ဆိုင္ခန္း ၅၀ နီးပါးကလည္း ဆိုင္ခန္းမ်ားကို ယာယီပိတ္သိမ္းေၾကာင္း ေၾကညာလိုက္ၾကၿပီး ယင္းသို႔ ျပည္သူလူထု၏ အင္အားႀကီးမားေသာ သပိတ္ေမွာက္မႈသည္

၄ ရက္အၾကာ ယေန႔ ႏိုဝင္ဘာ ၂၉ ရက္ေန႔ အထိ ျမန္မာပလာဇာတြင္ လူသူမ႐ွိဘဲ သုႆာန္တစျပင္ အလား ေျခာက္ကပ္တိတ္ဆိတ္လ်က္႐ွိေနဆဲပင္ျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ခံမ်ားထံမွ သိ႐ွိရသည္။

ရန္ကုန္ျပည္သူတစ္ဦးက ယေန႔ ႏိုဝင္ဘာလ ၂၉ ရက္ေန႔ မြန္းလြဲ ၁ နာရီေက်ာ္အခ်ိန္ ႐ိုက္ကူးထားေသာ ျမန္မာ ပလာဇာ၏ အေျခအေနမ်ားကို ရန္ကုန္ေခတ္သစ္က ျပန္လည္မွ်ေဝလိုက္ပါသည္။

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.