Local News

စမ်းချောင်းမြို့နယ်မှ စစ်ကောင်စီခန့်ရာအိမ်မှူး အေးမြတ်မိုး(ခ)မေသူအောင်က ပြည်သူများကိုဆဲဆို စိန်ခေါ်စဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့(ရုပ်/သံ)

စမ်းချောင်းမြို့နယ်မှ စစ်ကောင်စီခန့်ရာအိမ်မှူး အေးမြတ်မိုး(ခ)မေသူအောင်က ပြည်သူများကိုဆဲဆို စိန်ခေါ်စဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့(ရုပ်/သံ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၉

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်မှ စစ်ကောင်စီခန့်ရာအိမ်မှူး အေးမြတ်မိုး(ခ)မေသူအောင်က ယနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့ ပြည်သူများကိုဆဲဆို စိန်ခေါ်စဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်တွင်းရှိ နာမည်ဆိုးဖြင့် ကျော်ကြားသည့် စစ်ကောင်စီခန့် ရာအိမ်မှူး အေးမြတ်မိုး(ခ) မေသူအောင် ယနေ့ မွန်းလွဲ ၂ နာရီ အချိန်ခန့် ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ဦးအောင်မင်း သမီး အငယ်မ အသတ်ခံရတာ။ နာမည်က အေးမြတ်မိုး(ခ) မေသူအောင်။ သီရိလမ်းမှာ ပစ်သတ်ခံရတာ။ သူက စမ်းချောင်းမြို့နယ်ထွေအုပ်ဥက္ကဋ္ဌ ကျော်ကျော်နဲ့ ပေါင်းပြီး လူငယ်တွေကို ဖမ်းဆီးခဲ့သူပါ။

သတင်းပေး အကြီးစားပါ။ ကျော်ကျော်ကိုယ်တိုင် လာလာခေါ်ရတယ်။ သူ့ကို ။ အခုတော့ ပွဲချင်းပြီး ပစ်သတ်ခံလိုက်ရတယ်” ဟု‌ ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် အတက်ကြွဆုံးမြို့နယ် တစ်ခုဖြစ်သည့် စမ်းချောင်းတွင် သတင်းပေးများနှင့် အုပ်ချုပ်ရေးမှူးများကြောင့် စစ်တပ်ဆန့်ကျင်ရေး ဦးဆောင်သူ လူငယ် ၅၀ နီးပါး ဖမ်းဆီးခံခဲ့ရပြီး တချို့မှာ သေဆုံးသွားခဲ့ရကြောင်း သိရှိရသည်။

Zawgyi

စမ္းေခ်ာင္းၿမိဳ႕နယ္မွ စစ္ေကာင္စီခန္႔ရာအိမ္မႉး ေအးျမတ္မိုး(ခ)ေမသူေအာင္က ျပည္သူမ်ားကိုဆဲဆို စိန္ေခၚစဥ္ ပစ္ခတ္ခံရၿပီး ေသဆုံးသြားခဲ့(႐ုပ္/သံ)

ရန္ကုန္၊ ဒီဇင္ဘာ ၂၉

ရန္ကုန္တိုင္း၊ စမ္းေခ်ာင္းၿမိဳ႕နယ္မွ စစ္ေကာင္စီခန္႔ရာအိမ္မႉး ေအးျမတ္မိုး(ခ)ေမသူေအာင္က ယေန႔ ဒီဇင္ဘာလ ၂၉ ရက္ေန႔ ျပည္သူမ်ားကိုဆဲဆို စိန္ေခၚစဥ္ ပစ္ခတ္ခံရၿပီး ေသဆုံးသြားခဲ့ျခင္းျဖစ္ေၾကာင္း ေဒသခံမ်ားက ေျပာသည္။

ရန္ကုန္ၿမိဳ႕ စမ္းေခ်ာင္းၿမိဳ႕နယ္တြင္း႐ွိ နာမည္ဆိုးျဖင့္ ေက်ာ္ၾကားသည့္ စစ္ေကာင္စီခန္႔ ရာအိမ္မႉး ေအးျမတ္မိုး(ခ) ေမသူေအာင္ ယေန႔ မြန္းလြဲ ၂ နာရီ အခ်ိန္ခန္႔ ပစ္သတ္ခံရေၾကာင္း ေဒသခံမ်ားထံမွ သိ႐ွိရသည္။

“ဦးေအာင္မင္း သမီး အငယ္မ အသတ္ခံရတာ။ နာမည္က ေအးျမတ္မိုး(ခ) ေမသူေအာင္။ သီရိလမ္းမွာ ပစ္သတ္ခံရတာ။ သူက စမ္းေခ်ာင္းၿမိဳ႕နယ္ေထြအုပ္ဥကၠ႒ ေက်ာ္ေက်ာ္နဲ႔ ေပါင္းၿပီး လူငယ္ေတြကို ဖမ္းဆီးခဲ့သူပါ။

သတင္းေပး အႀကီးစားပါ။ ေက်ာ္ေက်ာ္ကိုယ္တိုင္ လာလာေခၚရတယ္။ သူ႕ကို ။ အခုေတာ့ ပြဲခ်င္းၿပီး ပစ္သတ္ခံလိုက္ရတယ္” ဟု‌ ေဒသခံတစ္ဦးက ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ ေျပာဆိုသည္။

စစ္အာဏာ႐ွင္ဆန္႔က်င္ေရးတြင္ အတက္ႂကြဆုံးၿမိဳ႕နယ္ တစ္ခုျဖစ္သည့္ စမ္းေခ်ာင္းတြင္ သတင္းေပးမ်ားႏွင့္ အုပ္ခ်ဳပ္ေရးမႉးမ်ားေၾကာင့္ စစ္တပ္ဆန္႔က်င္ေရး ဦးေဆာင္သူ လူငယ္ ၅၀ နီးပါး ဖမ္းဆီးခံခဲ့ရၿပီး တခ်ိဳ႕မွာ ေသဆုံးသြားခဲ့ရေၾကာင္း သိ႐ွိရသည္။

About the author

admin

Add Comment

Click here to post a comment