စာကို မဖတ်ဘဲ စွတ်ကြောက်သူတွေ၊ စိတ်ပူသူတွေကို ဒဲ့ ပြောလိုက်တဲ့ ပန်ဆယ်လို

စာကို မဖတ်ဘဲ စွတ်ကြောက်သူတွေ၊ စိတ်ပူသူတွေကို ဒဲ့ ပြောလိုက်တဲ့ ပန်ဆယ်လို

ဟိုးအရင်ကတည်းက ကိုယ့်အကောင့်ကို သိခဲ့တဲ့လူဆိုရင် ဒီကာလမှာ ကိုယ်ဘယ်လောက် စိတ်ကို ချိုးနှိမ်ထားလဲဆိုတာ သိကြလိမ့်မယ်။

အခုအချိန်မှာ ကိုယ်ဟာ တော်လှန်ရေးရံပုံငွေရှာပေးတဲ့အလုပ်နဲ့ စစ်ခွေးတွေကို စိတ်ဆင်းရဲအောင် ပြောတဲ့အလုပ်နှစ်ခုကိုပဲ လုပ်တယ်။ အတွင်းထဲက ပွတ်တိုက်မှုတွေ၊ ပြသနာတွေ၊ မြေပြင်သတင်းတွေအကြောင်း ရေးလေ့ရေးထမရှိဘူး။

အုပ်စုဖွဲ့ တိုက်ခိုက်မှုတွေ၊ နာမည်တည်ဆောက်မှုတွေ၊ ပုဂ္ဂိုလ်ရေးမကြည်လင်မှုကြောင့် ဖိနှိပ်တာမျိုးတွေ။ ဒီပြသနာတွေမှာ တော်ရုံကြီးကြီးမားမားကိစ္စတွေကအစ Publicမှာ လူမသိအောင် ကျော်ချပစ်ခဲ့တယ်။

ပြောမနေတော့ဘူး။ စိတ်လျှော့လိုက်တယ်။ သည်းခံလိုက်တယ်။ အချင်းချင်းရန်စောင်နေကြတယ်ဆိုတာမျိုး ဖတ်ရသူတွေ စိတ်ပျက်ကြရတာမျိုး အားလျော့ရတာမျိုး မဖြစ်အောင် တော်ရုံဆို ကိုယ်ပဲသည်းခံလိုက်တယ်။

ဒီနေ့ မိန်းမတစ်ယောက် ပွဲရှာတဲ့ကိစ္စမှာ အတော်စိတ်လွှတ် ပေါက်ကွဲပစ်လိုက်မိတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်အဆင်ခြင်ဆုံးနေထိုင်တဲ့အပိုင်းကို မဟုတ်တန်းတရားစွတ်ဆွဲပြီး မြေပြင်ရဲဘော်တွေအတွက် အလုပ်လုပ်ပေးနေတဲ့ကိုယ့်ကို မြေပြင်ရဲဘော်တွေနဲ့ ရန်တိုက်ပေးတာကြောင့်ပဲ။

မြို့ပြUG တွေအကြောင်း ကိုယ်ဘာမှမရေးခဲ့ဖူးဘူး။ ကိုယ့်ကြောင့် လုံခြုံရေးကျိုးပေါက်တာမျိုးဖြစ်အောင် မပြောခဲ့ဖူးဘူး။ ဒါ အထူးသဖြင့် ဆင်ခြင်တဲ့ကိစ္စပဲ။

လကုန်မှာ မြို့ပြအတွက် ရံပုံငွေရှာဖွေရေးProject တစ်ခုရှိကြောင်း ကြေညာတယ်။ Mission အကြောင်းလည်း မဟုတ်ဘူး။ ဘာမှလည်း ရေးမထားဘူး။ မြို့ပြအတွက် Fund ရှာတာကို မြို့ပြအတွက်လို့ မရေးလို့ ဘယ်လိုရေးရမလဲ။ စာကို မဖတ်ဘဲ စွတ်ကြောက်သူတွေ၊ စိတ်ပူသူတွေကြောင့် ဒီပြသနာထတက်တာ။

မြို့ပြကို ဖိနေတာ ကြာလှပြီ။ မြို့ပြUGတွေဟာ လုံခြုံရေးအရ ရန်ပုံငွေထွက်ရှာမရ၊ ငွေကြေးခက်ခဲ၊ ပြေးဖို့လမ်းစားရိတ်တောင်မရှိလို့ နှောင့်နှေးပြီး အဖမ်းခံရတဲ့ ဖြစ်ရပ်တွေ ကြုံတွေ့နေရတယ်။ ဒါ့ကြောင့် အဝေးက လွတ်လပ်စွာလှုပ်ရှားနိုင်သူတစ်ယောက်အနေနဲ့ မြို့ပြကို ကူညီဖို့ အကူအညီတောင်းခံလာမှုကြောင့် ဒီFundraising ကိစ္စကို လုပ်ဖြစ်တာ။

ကိုယ့်လိုလူကလည်း စောက်ဆရာကြီးလုပ်နေသူတွေထက်တော့ မြို့ပြချိတ်တွေ မနည်းလှပါဘူး။ Mission တွေလည်း သိပါတယ်။

ဒါပေမယ့် တစ်ခါလေးတောင်မှ ကိုယ်မပြောခဲ့ဖူးဘူး။ မီဒီယာတွေမှာ တရားဝင်ကြေညာတဲ့သတင်းမှ မဟုတ်ရင် မြို့ပြမပြောနဲ့ တောတွင်းကိစ္စတောင် မရေးဘူး။

ကိုယ့်ကြောင့် ထိခိုက်မှုရှိပါတယ်ဆိုတဲ့ UGဖြစ်ဖြစ်၊ PDF ဖြစ်ဖြစ် ရှိရင် သက်သေပြပါ။ မှန်ကန်ရင် တာဝန်ယူမယ် တောင်းပန်မယ်။ မဆီမဆိုင် ဘာမှမပြနိုင်ဘဲ နင့်ကြောင့် နင့်ကြောင့်ဆိုတာမျိုးက အဓိပ္ပါယ်မှ မရှိတာ။

ထပ်ပြောပါမယ်။ မြို့ပြကို ဖိနေတာ ကြာလှပြီ။ မြို့ပြဟာ တအားခက်ခဲနေပြီ။ မြို့ပြကို အရှိန်ပြန်တင်ဖို့ အဓိက လိုအပ်နေတာ ငွေကြေးပဲ။ မြို့ပြအတွက် Fundraise မလုပ်စဉ် ရှေ့ပိုင်းမှာလည်း မြို့ပြကို ဖိနေခဲ့တာပဲ။

ကိုယ်က မြို့ပြအတွက် Fundရှာမယ်ဆိုတာလေး ရေးလို့ မြို့ပြက အဖိခံရမယ်ဆိုတဲ့အတွေးက တမင်ဘလိန်းချင်လို့ သီးသန့်ပဲ။ မြို့ပြအတွက် အချို့Campaign တွေလုပ်ကြတယ်၊ UGတွေကိုယ်တိုင် မတတ်သာလို့ ကိုယ်တိုင်ငွေထွက်ရှာကြရတယ်။

ဒါတွေကိုကျ ဘာမှမပြောဘဲ ကိုယ်Fund ရှာမပေးစေချင်လို့ ဘလိန်းတာကျ မြို့ပြကို တကယ်စေတနာရှိတာလား။ ကိုယ်က မြို့ပြမှာ ဘယ်နေ့ ဘာMission လုပ်မယ်၊ ဘယ်နေရာ၊ ဘာညာတွေ ရေးနေတာလည်း မဟုတ်။

ဆိုတော့ကွာ ကိုယ့်အနေနဲ့ Funding ရှာဖွေရေးတွေလည်း မလုပ်ချင်တာ ကြာပြီ။ မဖြစ်မနေမို့ လုပ်နေရတာ။ ညည်းငွေ့လှပြီ။ ခေါင်းရှုပ်လှပြီ။ ပင်ပန်းလှပြီ။ အာရုံတွေ နောက်လှပြီ။

မြို့ပြအတွက် ရှာပေးဖို့ ကိုယ်တာဝန်ယူထားတဲ့ သိန်းတစ်သောင်းကနေ နှစ်သောင်းအထိ ကိစ္စကို အဲ့စောက်ဖောင်းတွေကိုပဲ ရှာခိုင်းလိုက်ကြပါတော့။

မနောတွေ ပျက်လို့ပါ။

Leave a Reply

Your email address will not be published.