
စိတ်ပျက်နေဖို့အချိန်မရှိ လူကောင်းတစ်ယောက်ကျန်ရင်အဲ့ဒီ့လူနဲ့အလုပ်ဆက်လုပ်မယ် ဆိုတဲ့ ဆောင်းဦးလှိုင်
” မဆန်းပါဘူး “ အယုတ်တမာတွေ အမြင့်ရောက်လို့
ယုတ်မာရိုင်းစိုင်းနေကြတာ
လူလိမ်တွေကောင်းစားတော့ လိမ်ညာခံနေရတာ
အရည်အချင်းမရှိဘဲ ခေါင်သူကြီးဖြစ်ကုန်တော့
လုပ်သမျှ မအောင်မြင်တာ
နာမယ်ကြီးဖို့ ကြိုးစားသူတွေအရမ်းများတော့
နာမယ်ကြီး ထမင်းငတ်တွေတိုးပွါးလာ 😂😂😂
ဖွဘုတ်ဒြပ်မဲ့ကမ္ဘာကြီးကိုအဟုတ်ထင်နေတော့
တကယ်တမ်း လက်တွေ့ဘဝတွေ ဒုက္ခရောက်သွားရှာ
အဆဲသန်သူတွေ ဟီးရိုးဖြစ်လာတဲ့အခါ
ဆဲသံတွေဘဲ လွှမ်းမိုးဆူညံနေမှာပါ
ဘာထူးဆန်းလို့လည်းဗျ အားလုံးသိပြီးသား
ဘယ်သူမပြုမိမိမှု ( လူအများစုရဲ့ရွေးချယ်မှု )
စိတ်ပျက်နေဖို့အချိန်မရှိ လူကောင်းတစ်ယောက်ကျန်ရင်အဲ့ဒီ့လူနဲ့အလုပ်ဆက်လုပ်မယ်
ကျွန်တော် ဆောင်းဦးလှိုင် 7th June 2022