Uncategorized

ဆက်သွယ်ရေးစကားပြောစက်တွေ့လို့ဆိုကာ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲထားတဲ့အမှု ဒီနေ့အမိန့်ချမည်

ဆက်သွယ်ရေးစကားပြောစက်တွေ့လို့ဆိုကာ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲထားတဲ့အမှု ဒီနေ့အမိန့်ချမယ်

ဆက်သွယ်ရေးစကားပြောစက်တွေ တွေ့တယ်ဆိုကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲဆိုထားတဲ့အမှု ၂ မှု အတွက် ဒီနေ့မှာ အမိန့်ချဖို့ရှိတယ်လို့သိရပါတယ်။

အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရာ နေပြည်တော်က နေအိမ်ကို စစ်ကောင်စီတပ်တွေဝင်ရှာရာမှာ တရားမဝင်ဆက်သွယ်ရေးစကားပြောစက်တွေ တွေ့တယ်လို့စွပ်စွဲကာ တရားစွဲထားတဲ့အမှုဖြစ်ပါတယ်။

အဲဒီအမှုတွေကတော့ ထောင်ဒဏ် ၁ နှစ်အထိ ချလို့ရတဲ့ လိုင်စင်မရှိတဲ့စက်သွယ်ရေးပစ္စည်းလက်ဝယ်ကိုင်ဆောင်မှု ၊ထောင်ဒဏ် ၃ နှစ်အထိ ချလို့ရတဲ့ တရားမဝင်ပစ္စည်းတင်သွင်းမှု ပုဒ်မတွေနဲ့စွဲဆိုထားတာပါ။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ရှည်ထောင်ဒဏ် ချလို့ရအောင် အမှုပေါင်း ၁၂ မှုနဲ့စွဲဆိုထားတာဖြစ်ပါတယ်။

အဲဒီအမှုတွေထဲက ဆူပူအောင်လှုံ့ဆော်မှု ၊ ကိုဗစ်စည်းကမ်း ချိုးဖောက်မှုတွေနဲ့စွဲဆိုထားတဲ့ပုဒ်မတွေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၆ ရက်ရုံးချိန်းမှာ ထောင်ဒဏ် ၄ နှစ်ချမှတ်ထားပြီးဖြစ်ပါတယ်။

People’s Spring

Zawgyi

ဆက္သြယ္ေရးစကားေျပာစက္ေတြ႕လို႔ဆိုကာ ေဒၚေအာင္ဆန္းစုၾကည္ကို တရားစြဲထားတဲ့အမႈ ဒီေန႔အမိန္႔ခ်မယ္

ဆက္သြယ္ေရးစကားေျပာစက္ေတြ ေတြ႕တယ္ဆိုကာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို စစ္ေကာင္စီက စြဲဆိုထားတဲ့အမႈ ၂ မႈ အတြက္ ဒီေန႔မွာ အမိန္႔ခ်ဖို႔႐ွိတယ္လို႔သိရပါတယ္။

အာဏာသိမ္းၿပီးေနာက္ ေဒၚေအာင္ဆန္းစုၾကည္ေနထိုင္ရာ ေနျပည္ေတာ္က ေနအိမ္ကို စစ္ေကာင္စီတပ္ေတြဝင္႐ွာရာမွာ တရားမဝင္ဆက္သြယ္ေရးစကားေျပာစက္ေတြ ေတြ႕တယ္လို႔စြပ္စြဲကာ တရားစြဲထားတဲ့အမႈျဖစ္ပါတယ္။

အဲဒီအမႈေတြကေတာ့ ေထာင္ဒဏ္ ၁ ႏွစ္အထိ ခ်လို႔ရတဲ့ လိုင္စင္မ႐ွိတဲ့စက္သြယ္ေရးပစၥည္းလက္ဝယ္ကိုင္ေဆာင္မႈ ၊ေထာင္ဒဏ္ ၃ ႏွစ္အထိ ခ်လို႔ရတဲ့ တရားမဝင္ပစၥည္းတင္သြင္းမႈ ပုဒ္မေတြနဲ႔စြဲဆိုထားတာပါ။

အာဏာသိမ္းၿပီးေနာက္ စစ္ေကာင္စီဟာ ေဒၚေအာင္ဆန္းစုၾကည္ကို ႏွစ္႐ွည္ေထာင္ဒဏ္ ခ်လို႔ရေအာင္ အမႈေပါင္း ၁၂ မႈနဲ႔စြဲဆိုထားတာျဖစ္ပါတယ္။

အဲဒီအမႈေတြထဲက ဆူပူေအာင္လႈံ႕ေဆာ္မႈ ၊ ကိုဗစ္စည္းကမ္း ခ်ိဳးေဖာက္မႈေတြနဲ႔စြဲဆိုထားတဲ့ပုဒ္မေတြနဲ႔ ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၆ ရက္႐ုံးခ်ိန္းမွာ ေထာင္ဒဏ္ ၄ ႏွစ္ခ်မွတ္ထားၿပီးျဖစ္ပါတယ္။

People’s Spring

About the author

admin

Add Comment

Click here to post a comment