ဆရာ၊ တပည့် အချိုးမျှတသည့် သင်ကြားမှုစနစ်ဖြစ်စေဖို့ CDM ဆရာ/မ များ ပြန်လာကြပါလို့ တောင်းပန်

ဆရာ၊ တပည့် အချိုးမျှတသည့် သင်ကြားမှုစနစ်ဖြစ်စေဖို့ CDM ဆရာ/မ များ ပြန်လာကြပါလို့ တောင်းပန်

ဆရာ၊ တပည့် အချိုးမျှတသည့် သင်ကြားမှုစနစ်ဖြစ်စေဖို့ အတွေ့အကြုံရှိ ဆရာ၊ ဆရာမများ လိုအပ်သဖြင့် ပြန်လာကြပါလို့ အာဏာသိမ်း စစ်ကောင်စီက တောင်း ပန်ထုတ်ပြန်လိုက်ပါတယ်။

CDM ပညာရေးဝန်ထမ်းတွေနဲ့ ဖွဲ့စည်းထားတဲ့ အခြေခံ ပညာ၊ ပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီ (BGESC)ကတော့ ပြည်သူတွေအနေနဲ့ စစ်ကျွန်ပညာရေးကို ဆက်လက်သပိတ်မှောက်ကြဖို့ မေလ ၁၇ရက် ရက်စွဲနဲ့ ပန်ကြားလွှာထုတ်ပြန်လာပါတယ်။

အချက် ၇ ချက်နဲ့ သဘောထားထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီရဲ့ပညာရေးစနစ်ဟာ ရိုးဖြောင့်မှုမရှိဘဲ စစ်ရေး၊ နိုင်ငံရေးအရ အသုံးချတယ်လို့ ဆိုတဲ့အပြင် ကျောင်းများပြန်ဖွင့်ခဲ့ရင်ရရှိနိုင်မယ့်

နိုင်ငံတကာရဲ့ပညာရေးဆိုင်ရာအထောက်အပံ့တွေကို စစ်ရေးအတွက်ပြန်အသုံးပြုကာ ပြည်သူတွေကို အခုထက်ပိုဖိနှိပ်နိုင်တယ်လို့ ပြောထားပါတယ်။

ဒါ့အပြင် အားကောင်းနေဆဲဖြစ်တဲ့ ပညာရေးဝန်ထမ်းနဲ့ ကျောင်းသား CDM တွေရဲ့အင်အားကို သွေးခွဲဖြိုခွဲနိုင်ကြောင်း၊ လူမျိုးကြီး ဝါဒမှိုင်းတွေ သင်ခန်းစာကတဆင့်ရိုက်သွင်းပြီး

စစ်ကျွန်ပညာရေးယန္တရားတည်ဆောက်လာနိုင်တဲ့အပြင် စစ်အခြေစိုက်စခန်းတွေအဖြစ် စာသင်ခန်းတွေကိုဖန်တီးကာ လူသားတံတိုင်းအဖြစ်လုပ်နိုင်သလို

ပြည်သူ့ကာကွယ်ရေးအင်အားစုတွေရဲ့ လှုပ်ရှားမှုကိုပုံဖျက်ဖို့ စစ်ကောင်စီနဲ့ဆက်စပ်သူတွေကနေ စာသင် ကျောင်းတွေကို အကြမ်းဖက်တိုက်ခိုက်နိုင်တယ်လို့ BGESC ရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ဒီအချက်တွေအပြင် Non CDM (စစ်ကောင်စီအောက်တာဝန်ထမ်းဆောင်ဆဲ ပညာရေးဝန်ထမ်း) တွေဟာ ဖိနှိပ်ရေးဥာဥ်ရှိနေပြီး ဒီသင်ကြားမှုတွေဟာ အရည်အသွေးပြည့်ဝတဲ့ပညာရေးမရနိုင်ဘူးလို့ BGESC က ဆိုပါတယ်။

ဆရာ၊ တပည့္ အခ်ိဳးမွ်တသည့္ သင္ၾကားမႈစနစ္ျဖစ္ေစဖို႔ CDM ဆရာ/မ မ်ား ျပန္လာၾကပါလို႔ ေတာင္းပန္

ဆရာ၊ တပည့္ အခ်ိဳးမွ်တသည့္ သင္ၾကားမႈစနစ္ျဖစ္ေစဖို႔ အေတြ႕အႀကဳံရွိ ဆရာ၊ ဆရာမမ်ား လိုအပ္သျဖင့္ ျပန္လာၾကပါလို႔ အာဏာသိမ္း စစ္ေကာင္စီက ေတာင္း ပန္ထုတ္ျပန္လိုက္ပါတယ္။

CDM ပညာေရးဝန္ထမ္းေတြနဲ႕ ဖြဲ႕စည္းထားတဲ့ အေျခခံ ပညာ၊ ပညာေရးဝန္ထမ္းမ်ားအေထြေထြသပိတ္ေကာ္မတီ (BGESC)ကေတာ့ ျပည္သူေတြအေနနဲ႕ စစ္ကြၽန္ပညာေရးကို ဆက္လက္သပိတ္ေမွာက္ၾကဖို႔ ေမလ ၁၇ရက္ ရက္စြဲနဲ႕ ပန္ၾကားလႊာထုတ္ျပန္လာပါတယ္။

အခ်က္ ၇ ခ်က္နဲ႕ သေဘာထားထုတ္ျပန္ခဲ့ၿပီး စစ္ေကာင္စီရဲ႕ပညာေရးစနစ္ဟာ ရိုးေျဖာင့္မႈမရွိဘဲ စစ္ေရး၊ နိုင္ငံေရးအရ အသုံးခ်တယ္လို႔ ဆိုတဲ့အျပင္ ေက်ာင္းမ်ားျပန္ဖြင့္ခဲ့ရင္ရရွိနိုင္မယ့္

နိုင္ငံတကာရဲ႕ပညာေရးဆိုင္ရာအေထာက္အပံ့ေတြကို စစ္ေရးအတြက္ျပန္အသုံးျပဳကာ ျပည္သူေတြကို အခုထက္ပိုဖိႏွိပ္နိုင္တယ္လို႔ ေျပာထားပါတယ္။

ဒါ့အျပင္ အားေကာင္းေနဆဲျဖစ္တဲ့ ပညာေရးဝန္ထမ္းနဲ႕ ေက်ာင္းသား CDM ေတြရဲ႕အင္အားကို ေသြးခြဲၿဖိဳခြဲနိုင္ေၾကာင္း၊ လူမ်ိဳးႀကီး ဝါဒမွိုင္းေတြ သင္ခန္းစာကတဆင့္ရိုက္သြင္းၿပီး

စစ္ကြၽန္ပညာေရးယႏၱရားတည္ေဆာက္လာနိုင္တဲ့အျပင္ စစ္အေျခစိုက္စခန္းေတြအျဖစ္ စာသင္ခန္းေတြကိုဖန္တီးကာ လူသားတံတိုင္းအျဖစ္လုပ္နိုင္သလို

ျပည္သူ႕ကာကြယ္ေရးအင္အားစုေတြရဲ႕ လႈပ္ရွားမႈကိုပုံဖ်က္ဖို႔ စစ္ေကာင္စီနဲ႕ဆက္စပ္သူေတြကေန စာသင္ ေက်ာင္းေတြကို အၾကမ္းဖက္တိုက္ခိုက္နိုင္တယ္လို႔ BGESC ရဲ႕ထုတ္ျပန္ခ်က္မွာပါရွိပါတယ္။

ဒီအခ်က္ေတြအျပင္ Non CDM (စစ္ေကာင္စီေအာက္တာဝန္ထမ္းေဆာင္ဆဲ ပညာေရးဝန္ထမ္း) ေတြဟာ ဖိႏွိပ္ေရးဥာဥ္ရွိေနၿပီး ဒီသင္ၾကားမႈေတြဟာ အရည္အေသြးျပည့္ဝတဲ့ပညာေရးမရနိုင္ဘူးလို႔ BGESC က ဆိုပါတယ္။

Leave a Reply

Your email address will not be published.