Local News

ဆိုးရွားလှတဲ့ အဆိပ်သင့်လေထုကြောင့် မြို့တစ်ခုလုံး လော့ဒေါင်းချဖို့ အမိန့်ချပြီ

ဆိုးရွားလှတဲ့ အဆိပ်သင့်လေထုကြောင့် မြို့တစ်ခုလုံး လော့ဒေါင်းချဖို့ အမိန့်ချပြီ

မြို့တော်ရဲ့ ဆိုးရွားလှတဲ့ အဆိပ်သင့်လေထုစံချိန်ကြောင့် စာသင်ကျောင်းတွေ အပါအဝင် နယူးဒေးလီမြို့ တော်တစ်ခုလုံးကို လော့ဒေါင်းချထားဖို့ အဆိုပြုချက်ကို အိန္ဒိယဗဟိုတရားရုံးတော်ကနေ စနေနေ့မှာ အမိန့် ချမှတ်လိုက်ပါတယ်။

ကမ္ဘာ့လူဦးရေအထူထပ်ဆုံးမြို့တော် နယူးဒေလီက လေထုဟာ ယခုနှစ်တစ်နှစ်တာပတ်လုံးမှာ ကျန်းမာရေးထိခိုက်ဆိုးရွားစေနိုင်တဲ့ အဆိပ်သင့်လေထုအဖြစ် အန္တရာယ်နဲ့ ဆက်လက် ရှိနေခဲ့တယ်လို့ သိရပါတယ်။

လူဦးရေ ၂၁ သန်းနေထိုင်တဲ့ မြို့ကို အဆိပ်သင့်မီးခိုးမြူတွေ ထူထပ်စွာ ဖုံးလွှမ်းနေတဲ့ အချိန် ဆောင်းရာသီမှာ ဘေးဥပဒ်အဆင့်အထိကို ရောက်ရှိစေတာလည်း ဖြစ်ပါတယ်။

“ နှစ်ရက် လော့ဒေါင်း ဒါမှမဟုတ် တစ်ခုခုကို စဉ်းစားနိုင်မလား။ လူတွေ ဘယ်လိုနေထိုင်မလဲ” ဆိုတဲ့ ပြည်နယ်ရဲ့ လေထုညစ်ညမ်းမှု အကျပ်အတည်းကို ကိုင်တွယ်ရာမှာ လေးနက်မှုမရှိဘူး ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက်ပြီး အသက် ၁၇ နှစ်အရွယ် ဒေလီကျောင်းသူတစ်ဦးရဲ့ အသနားခံစာကို တရားသူကြီး ချုပ် အန် ဗွီ ရာမာနာ ဦးဆောင်တဲ့ အဖွဲ့က ကြားနာခဲ့တာဖြစ်ပါတယ်။

ဆိုးရွားလှတယ်လို့ ဆိုတဲ့ အခြေအနေမှာ ဒေလီက လေထုညစ်ညမ်းမှုအဆင့်ကို လျှော့ချဖို့ အစိုးရက အရေးပေါ် အစီအမံတွေ ပြုလုပ်ရန် တရားရုံးတော်က တောင်းဆိုလိုက်တာဖြစ်ပါတယ်။

“ ကျွန်တော်တို့ အိမ်မှာတောင် မျက်နှာဖုံးတွေ တပ်ခိုင်းထားရတယ်။ အခြေအနေက အရမ်းပြင်းထန်လို့ အသက်တောင် ဝဝမရှုရဲဘူး” လို့ တရားရေး ရာမာနာက ဆိုပါတယ်။

ဒါ့အပြင် လေထုညစ်ညမ်းမှု ပြင်းထန်ကာ ကလေးငယ်တွေရဲ့ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်မယ့် အချိန်မှာ မြို့တွင်းက ကျောင်းတွေ ဖွင့်လှစ်တာတွေကိုလည်း စိုးရိမ်ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။

Ref Myanmar Platform