ဆီပြတ်အောင် ရောင်းချတဲ့ ဆီဆိုင်တွေကို ‌အရေးယူမည်ဟု လူနားမလည်အောင်..see more

ဆီပြတ်အောင် ရောင်းချတဲ့ ဆီဆိုင်တွေကို ‌အရေးယူမည်ဟု လူနားမလည်အောင်..see more

မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းဖြန့်ဖြူး ရောင်းချသူများအသင်း MPTA မှ ခွင့်ပြုပေးထားသည့် အသေးစားနှင့် အလတ်စား SME စက်သုံးဆီဆိုင်များအနေဖြင့် မိမိတို့ဆိုင်များအတွင်း ဆီမပြတ်လပ်စေရေးကို စီမံပြီး ပြတ်လပ်မည်ဆိုပါက

အချိန်နှင့်တပြေးညီ တာဝန်ရှိသူများထံ ဆက်သွယ်တင်ပြရန် ညွှန်ကြားလိုက်သည်။ယမန်နေ့ ဇွန်လ ၁၂ ရက်နေ့ နေ့စွဲဖြင့် MPTA က ညွှန်ကြားခဲ့ခြင်းဖြစ်ပြီး မည်ကဲ့သို့ အရေးယူမည်ကိုတော့ တိတိကျကျ မထုတ်ပြန်သော်လည်း လိုင်စင်သိမ်းခြင်းအပြင်

မြန်မာ့ရေနံလုပ်ငန်း ဥပဒေဖြင့် အရေးယူမည်လားကိုတော့ ယနေ့အချိန်အထိ မထုတ်ပြန်သေးဟု ရန်ကုန်ရှိ စက်သုံးဆီ လုပ်ငန်းရှင်တဦးက ပြောပါတယ်။“အဓိကကတော့ ကျနော်တို့ SME ဆီဆိုင်တွေမှာ ဆီမရှိလို့ မရောင်းတာကို သူတို့က မရောင်းရလားဆိုပြီး တင်းကျပ်လိုက်တာပဲ။ သူတို့လည်း လုံလောက်အောင် မဖြည့်ပေးနိုင်ဘူး။

အရန်သိုလှောင်တော့လည်း အရေးယူတယ်။ အခု အကန့်အသတ်နဲ့ ရောင်းတာကိုလည်း အရေးယူမယ်ဆိုတော့ ကျနော်တို့မှာဘာဆက်လုပ်ရမလဲ” ဟု သူက ဆိုသည်။လိုင်စင်မပြည့်စုံသည့် လမ်းဘေး ဆီဆိုင်များကို ဖမ်းဆီးနေသည့်အပြင် SME ဆိုင်များကိုပါ တင်းကျပ်မှု ပြုလုပ်မည်ဆိုလျှင်

လက်ရှိပြည်သူအများနှင့် စက်မှုလုပ်ငန်းသုံး SME လုပ် ငန်းများ အသုံးပြုနေသည့် ဆီလိုအပ်ချက်များ မည်ကဲ့သို့ ဖြေရှင်းပေးမည်ကို တိကျသော မူဝါဒ မရှိပဲ လုပ်ကိုင်နေခြင်းသည် လက်ရှိ စကစ လက်အောက်ရှိ စွမ်းအင်ဝန်ကြီးဌာနတွင် ကြီးမားသော ရည်ရွယ်ချက်တခုခုဖြင့် လုပ်ငန်းရှင်များအပေါ် ချုပ်ကိုင်နေခြင်းဖြစ် ကြောင်း စက်သုံးဆီလုပ်ငန်းရှင် တချို့က သုံးသပ်သည်။

အထူးသဖြင့် စက်သုံးဆီကဏ္ဍနှင့်ပက်သက်ပြီး ယခင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ကာလကလို သမဝါယမစနစ်ဖြင့် စက်သုံးဆီများကို ချုပ်ကိုင်ကာ တုံကင်စနစ်ဖြင့် ဖြန့်ဖြူးခြင်း၊ မိမိတို့ နီးစပ်သော အစုအဖွဲ့များအပေါ် အလေးထား ဆောင်ရွက်ပေးခြင်းများကို ပြု လုပ်နိုင်ရန် ပုဂ္ဂလိက စက်သုံးဆီလုပ်ငန်းရှင်များအပေါ် ချုပ်ကိုင်ကြိုးစားသည့် နည်းအမျိုးမျိုး၊ စည်းမျဉ်းအမျိုးမျိုးဖြင့် လုပ်ဆောင်နေခြင်းဟု ၎င်းတို့က ဝေဖန်လိုက်သည်။

“ရှင်းရှင်းပြောရမယ်ဆို လက်ဝါးကြီးအုပ်မယ်။ အစိုးရပိုင် လုပ်မယ်။ သူတို့မှ မပေးရင် ဘယ်သူမှ မပေးနိုင်အောင် ပြည်သူကို ချုပ်ကိုင်မယ်။ ကျားသနားမှ နွားတွေ ချမ်းသာလို လုပ်မယ်။ ဒါဟာ စစ်တပ်အစိုးရ အဆက်ဆက် လုပ်နေကြပဲ။ ဈေးကွက်စီးပွားရေးစနစ်ကို လက်တလုံးကြားလုပ်ပြီး သူတို့နီးစပ်ရာ အစုအဖွဲ့တွေကပဲ ကြီးစိုးတော့မယ်။ ဒီလိုပဲ မြင်တော့တယ်။

တခုတော့ပြောမယ်။ တကယ်လုပ်နိုင်မလား။ ကျနော်တို့ လုပ်ငန်းရှင်တွေ မပါပဲနဲ့ တိုင်းပြည်စီးပွားရေးကို သူတို့ကသာ လုပ်ပေးနိုင်မယ်ဆို ကျနော်တို့ ဘဏ်တိုးပဲစားတော့မယ်။ ရှိသမျှဟာတွေ ဘာအလုပ်မှ မလုပ်ပဲ ထိုင်စားမယ်။ ကျနော်တို့ မိသားစုတွေ ဘာမှမဖြစ်ဘူး။ တကယ်ငတ်မှာက အခြေခံလူတန်းစားတွေ။

သူတို့လို တိုင်းပြည်အာဏာကို လက်နက်ပြ ချိန်းခြောက်နေသူတွေ မငတ်ဘူး။ မပြောချင်တော့ဘူး။ ပြောလိုက်ရရင် အဲ့လို လက်နက်ပြပြီး လုပ်နေတာတွေကို ဖားယားနေသူတွေကြောင့် အခုလို တိုင်းပြည်က ကမောက်ကမ ဖြစ်နေတာ” ဟု MPTA အသင်းဝင် စက်သုံးဆီလုပ်ငန်းမှ မန်နေဂျာတဦးက ပြောပါသည်။

လက်ရှိအချိန်မှာ ကမ္ဘာ့ရေနံနဲ့အတူ မြန်မာ့ပြည်တွင်း စက်သုံးဆီဈေးတွေဟာလည်း သိသိသာသာ ထပ်တက်လာတာကို တွေ့နေရပြီး ကမ္ဘာ့ရေနံဈေးကလည်း အတ က်ဘက်ကိုပိုများနေသလို လက်ရှိ မြန်မာနိုင်ငံကို စက်သုံးဆီ တင်သွင်း နေတဲ့ စင်္ကာပူနိုင်ငံမှာ ဆီဈေးနှုန်းတွေ မြင့်တက်သွားလို့ ယခုရက်ပိုင်းအတွင်း ပြည်တွင်း စက်သုံးဆီဈေးကလည်း ထပ်တက်ဖို့များတယ်လို့လည်း ကျွမ်းကျင်သူတွေက သုံးသပ်နေပါတယ်။

ပြည်တွင်း စက်သုံးဆီစျေးကွက်မှာ စစ်တပ်၏ ချုပ်ကိုင်မှုများကြောင့် မြန်မာနိုင်ငံအနှံ့ ပြည်သူအများ အသုံးပြုနိုင်ရန် ဆီလိုအပ်ချက်ကို မဖြန့်ဖြူးနိုင်ပဲ ပြည်ပတင်သွင်းမှုများတွင်လည်း နိုင်ငံခြားငွေ ဒေါ်လာပေးခြေမှုကို ဆီလုပ်ငန်းရှင်များအပေါ် လုံလောက်စွာ ပံ့ပိုးနိုင်ခြင်း မရှိပေ။

Leave a Reply

Your email address will not be published.