Local News

ဈေးပွဲတော်ပြုလုပ်နေသော မြဝတီမြို့ ဓိဌာန်အောင်ဘုရားကွင်းအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွား

ဈေးပွဲတော်ပြုလုပ်နေသော မြဝတီမြို့ ဓိဌာန်အောင်ဘုရားကွင်းအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွား

ဒီဇင်ဘာ ၁၈ ရက် ၂၀၂၁ ခုနှစ်

မြဝတီမြို့ အမှတ် ၄ ရပ်ကွက်ရှိ ဈေးပွဲတော်ပြုလုပ်လျက်ရှိသော ဓိဌာန်အောင်ဘုရားကွင်းအနီးတွင် ယနေ့ ဒီဇင်ဘာလ ၁၈ရက် ညဦးပိုင်းက ဗုံးတစ်လုံး ပေါက်ကွဲမှုဖြစ်သွားခဲ့ကြောင်း သိရသည်။

“ဒီနေ့ ည ၆ နာရီခွဲလောက်က ပေါက်ကွဲသံ အကျယ်ကြီး တစ်ချက်ကြားရတယ်။ ဓိဌာန်အောင် ဘုရားအရှေ့ဘက်မုခ် ဈေးပွဲတော် လုပ်နေတဲ့နေရာနားကပဲ။ လူထိခိုက်မှုရှိလား မရှိလားတော့ သေချာမသိဘူး” ဟု အခင်းဖြစ်နေရာ အနီး နေထိုင်သူတစ်ဦးက ပြောသည်။

ထိုသို့ ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီအဖွဲ့မှ ရောက်ရှိလာပြီး ဓိဌာန်အောင်ဘုရားလမ်းပေါ် သွားလာနေသည့် ကားနှင့် ဆိုင်ကယ်တို့အား ရပ်တန့်စေပြီး သေနတ်ဖြင့်ထိုးချိန်ကာ စစ်ဆေးနေကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် ယနေ့ ဒီဇင်ဘာလ ၁၈ ရက် မွန်းလွဲပိုင်းက မြဝတီမြို့ အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအတွင်းသို့ လက်ပစ်ဗုံး ပစ်သွင်းခံခဲ့ရသေး၏။

ထို့နည်းတူစွာ ဒီဇင်ဘာလ ၁၆ ရက်နေ့က အမှတ် ၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင်လည်း လက်ပစ်ဗုံး ပစ်သွင်းခံခဲ့ရပြီး အဆိုပါ ဗုံးများမှာ ပေါက်ကွဲမှု မဖြစ်ခဲ့၍သာ လူထိခိုက်ဒဏ်ရာရမှု မရှိခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ ထံမှ သိရသည်။

မြဝတီမြို့၏ တောင်ဘက် ၉ မိုင်ခန့် အကွာ လေးကေကော်နှင့် အနီးဝန်းကျင်၌ တိုက်ပွဲများဖြစ်နေသည့် ယခုရက်ပိုင်းအတွင်း မြို့တွင်းတွင် ယနေ့ည ဗုံးပေါက်ကွဲမှုအပါအဝင် ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ထိ ဖြစ်ခဲ့သည်။

မနေ့ညကလည်း မြဝတီမြို့ ဘုရင့်နောင်လမ်းမကြီးပေါ် ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးအရှေ့တွင် ဗုံးတစ်လုံးပေါက်ကွဲမှုကြောင့် ယာဉ်ထိန်းရဲတပ်ဖွဲ့သုံး မော်တော်ယာဉ်တစ်စီး အနည်းငယ် ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။

#KIC
Photo-kic

Zawgyi
ေဈးပြဲေတာ္ျပဳလုပ္ေနေသာ ျမဝတီၿမိဳ႕ ဓိဌာန္ေအာင္ဘုရားကြင္းအနီး ဗုံးေပါက္ကြဲမႈျဖစ္ပြား

ဒီဇင္ဘာ ၁၈ ရက္ ၂၀၂၁ ခုႏွစ္

ျမဝတီၿမိဳ႕ အမွတ္ ၄ ရပ္ကြက္႐ွိ ေဈးပြဲေတာ္ျပဳလုပ္လ်က္႐ွိေသာ ဓိဌာန္ေအာင္ဘုရားကြင္းအနီးတြင္ ယေန႔ ဒီဇင္ဘာလ ၁၈ရက္ ညဦးပိုင္းက ဗုံးတစ္လုံး ေပါက္ကြဲမႈျဖစ္သြားခဲ့ေၾကာင္း သိရသည္။

“ဒီေန႔ ည ၆ နာရီခြဲေလာက္က ေပါက္ကြဲသံ အက်ယ္ႀကီး တစ္ခ်က္ၾကားရတယ္။ ဓိဌာန္ေအာင္ ဘုရားအေ႐ွ႕ဘက္မုခ္ ေဈးပြဲေတာ္ လုပ္ေနတဲ့ေနရာနားကပဲ။ လူထိခိုက္မႈ႐ွိလား မ႐ွိလားေတာ့ ေသခ်ာမသိဘူး” ဟု အခင္းျဖစ္ေနရာ အနီး ေနထိုင္သူတစ္ဦးက ေျပာသည္။

ထိုသို႔ ဗုံးေပါက္ကြဲမႈျဖစ္ၿပီးေနာက္ စစ္ေကာင္စီအဖြဲ႕မွ ေရာက္႐ွိလာၿပီး ဓိဌာန္ေအာင္ဘုရားလမ္းေပၚ သြားလာေနသည့္ ကားႏွင့္ ဆိုင္ကယ္တို႔အား ရပ္တန္႔ေစၿပီး ေသနတ္ျဖင့္ထိုးခ်ိန္ကာ စစ္ေဆးေနေၾကာင္း ၎က ဆက္ေျပာသည္။

ထို႔အျပင္ ယေန႔ ဒီဇင္ဘာလ ၁၈ ရက္ မြန္းလြဲပိုင္းက ျမဝတီၿမိဳ႕ အမွတ္ ၃ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး႐ုံးအတြင္းသို႔ လက္ပစ္ဗုံး ပစ္သြင္းခံခဲ့ရေသး၏။

ထို႔နည္းတူစြာ ဒီဇင္ဘာလ ၁၆ ရက္ေန႔က အမွတ္ ၄ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးတြင္လည္း လက္ပစ္ဗုံး ပစ္သြင္းခံခဲ့ရၿပီး အဆိုပါ ဗုံးမ်ားမွာ ေပါက္ကြဲမႈ မျဖစ္ခဲ့၍သာ လူထိခိုက္ဒဏ္ရာရမႈ မ႐ွိခဲ့ျခင္းျဖစ္ေၾကာင္း စစ္ေကာင္စီခန္႔ ရပ္ကြက္အုပ္ခ်ဳပ္ေရးအဖြဲ႕ ထံမွ သိရသည္။

ျမဝတီၿမိဳ႕၏ ေတာင္ဘက္ ၉ မိုင္ခန္႔ အကြာ ေလးေကေကာ္ႏွင့္ အနီးဝန္းက်င္၌ တိုက္ပြဲမ်ားျဖစ္ေနသည့္ ယခုရက္ပိုင္းအတြင္း ၿမိဳ႕တြင္းတြင္ ယေန႔ည ဗုံးေပါက္ကြဲမႈအပါအဝင္ ဗုံးေပါက္ကြဲမႈ ႏွစ္ႀကိမ္ထိ ျဖစ္ခဲ့သည္။

မေန႔ညကလည္း ျမဝတီၿမိဳ႕ ဘုရင့္ေနာင္လမ္းမႀကီးေပၚ ယာဥ္ထိန္းရဲတပ္ဖြဲ႕႐ုံးအေ႐ွ႕တြင္ ဗုံးတစ္လုံးေပါက္ကြဲမႈေၾကာင့္ ယာဥ္ထိန္းရဲတပ္ဖြဲ႕သုံး ေမာ္ေတာ္ယာဥ္တစ္စီး အနည္းငယ္ ထိခိုက္ပ်က္စီးမႈ႐ွိခဲ့ေၾကာင္း သိရသည္။

#KIC
Photo-kic

About the author

admin

Add Comment

Click here to post a comment