Local News

ညနေ ၄ နာရီကျော်မှ ဆိုင်ဖွင့်သူများ မဖွင့်နိုင်ရန် စစ်တပ်က လမ်းပိတ်

လှည်းတန်းတွင် ညနေ ၄ နာရီကျော်မှ ဆိုင်ဖွင့်သူများ မဖွင့်နိုင်ရန် စစ်တပ်က လမ်းပိတ်၊ ဒိုက်ဦးတွင် ကိုဗစ်ကြောင့်ဈေး ၅ ရက်ပိတ်ရမည်ဟု အမိန့်ထုတ်၊ သာကေတွင် ညနေ ၄ နာရီကျော်မှ ဆိုက်ကားထွက်သူများကို စစ်တပ်က ပါးရိုက်

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

စစ်အာဏာရှင် တော်လှန်ရေး အသံတိတ် သပိတ်တွင် ပါဝင်ကြပြီးနောက် ညနေ ၄ နာရီကျော်ချိန် ဆိုင်ဖွင့်သူများကို ဆိုင်မဖွင့်နိုင်ရန် စစ်တပ်က အနှောင့်အယှက်ပေးခြင်း၊

ဈေးများကို ကိုဗစ်ကြောင့်ဟုဆိုကာ ၅ ရက်ပိတ်ခိုင်းခြင်း၊ ညနေ ၄ နာရီကျော်မှ အပြင်ထွက်သူများကို စစ်တပ်က ပါးရိုက်ခြင်းများ လုပ်ဆောင်လျက်ရှိ ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ကမာရွတ်မြို့နယ်တွင် ညနေ ၄ နာရီကျော်မှစတင်ပြီး လမ်းများ ပိတ်ဆို့ခြင်း၊ ဖွင့်ထားသည့် ဆိုင်များကို ပြန်လည် ပိတ်ခိုင်းခြင်းများ လုပ်ဆောင်နေကြောင်း ဒေသခံတစ်ဦးကပြောသည်။

“ရဲကားတွေ စစ်ကားတွေနဲ့ ရောက်လာပြီး ဖွင့်တဲ့ဆိုင်တွေ ပြန်ပိတ်ခိုင်းတယ်။ ကားလမ်းလည်းပိတ်ထားတယ်။ ဘာဖြစ်ချင်မှန်းမသိဘူး။ အခုထက်ထိတော့ ၁ နာရီကျော် နေပြီး မသွားကြသေးဘူး” ဟု လှည်းတန်းတွင် နေထိုင်သူ ပြည်သူတစ်ဦးကပြောသည်။

အလားတူ သာကေတမြို့နယ် ၆ ရပ်ကွက်တွင် ညနေ ၄ နာရီကျော်မှ ဆိုက်ကား ထွက်သူ ဆိုက်သမား ၃ ဦးကို စစ်တပ်က ကားရပ်၍ ဆင်းပါးရိုက်သွားကြောင်း ဆိုက်ကားသမားတစ်ဦးကပြောသည်။

“ဘာလို့ ညနေမှ ထွက်လဲဆိုပြီးမေးတယ်။ နေပူနေလို့ ပါပြောတော့ အခုလည်း ပူသေးတယ် ။ ဆိုက်ကားပြန်သိမ်းဆိုပြီး ပါးရိုက်သွားတယ်” ဟု ဆိုက်သမားတစ်ဦးက ပြောဆိုသည်။

အလားတူ မရမ်းကုန်းမြို့နယ်၊ သမိုင်းမုဒိတာ အိမ်ရာရှေ့တွင်လည်း ညနေ ၄ နာရီကျော်ဆိုင်ဖွင့်လှစ်သူများကို မောင်းထုတ်နေကြောင်း ပြည်သူများကပြောသည်။

“သမိုင်း မုဒိတာ ရှေ့မှာ ညနေ ၄နာရီကျော်မှ ထွက်တဲ့ လမ်းဘေး ဈေးသည်တွေကို ခွေးတွေ လာပြီး မောင်းထုတ်နေတယ်။ မနက်ကတည်းက မဖွင့်ဘဲ ခုမှ ဘာလို့ ဖွင့်တာလဲ မမြင်ချင်ဘူးဆိုပြီးတော့ အော်ဟစ်ဆဲဆိုနေတယ်” ဟု သမိုင်း ၁ ရပ်ကွက်နေသူတစ်ဦးက ပြောသည်။

အလားတူ မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်တွင်လည်း ညနေ ၄ နာရီကျော်မှ ဆိုင်ဖွင့်သူများကို စစ်တပ်က ဝင်ရောက်စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း သိရှိရသည်။

“ဒီနေ့ညနေ ၅ နာရီခွဲလောက်မှာ မန္တလေးမြိုချမ်းမြသာစည်မြို့နယ်မှာ ပြန်ဖွင်တဲ့ဆိုင်တွေ စစ်တပ်က လိုက်စစ်နေတယ်။ မနက် ဘာလို့ မဖွင့်တာလဲပေါ့။ ပြန်ပိတ်ခိုင်းတယ်” ဟု ဒေသခံတစ်ဦးက‌ ပြောသည်။

အလားတူ ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်တွင်လည်း ကိုဗစ်ရောဂါကြောင့်ဈေးကို ဒီဇင်ဘာလ ၁၁ ရက်နေ့မှ ဒီဇင်ဘာလ ၁၅ ရက်နေ့အထိ ၅ ရက်ပိတ်မည်ဖြစ်ကြောင်း ဈေးစည်ပင်သာယာရေးအဖွဲ့က အမိန့်ထုတ်ပြန်လာ ကြောင်း သိရှိရသည်။

“ဈေးသူဈေးသားတွေက ဒီမနက် ဆိုင်မဖွင့်ကြဘူးလေ။ အဲဒါကို ပြန်ပြီး လက်စားချေတာ ညနေ ၄ နာရီကျမှ ဈေး ၅ ရက်ပိတ်တယ်ဆိုပြီး စာထွက်လာတာ။ လက်စားချေတာပေါ့ စစ်ခွေးတွေ” ဟု ဒိုက်ဦးဈေးဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

လတ်တလော စစ်တပ်က အသံတိတ်သပိတ်များကို ပါဝင်ခဲ့သူများကို ပုံစံအမျိုးမျိုးဖြင့် ဒုက္ခပေး ဖိအားပေးမှုများ ယနေ့ ညနေပိုင်းတွင် လုပ်ဆောင်နေသည့် သတင်းများ ရန်ကုန်ခေတ်သစ်သတငးဌာနထံ ဆက်တိုက် ဝင်ရောက်လျက်ရှိကြောင်း သိရှိရသည်။

Khit Thit Media

Zawgyi

လွည္းတန္းတြင္ ညေန ၄ နာရီေက်ာ္မွ ဆိုင္ဖြင့္သူမ်ား မဖြင့္ႏိုင္ရန္ စစ္တပ္က လမ္းပိတ္၊ ဒိုက္ဦးတြင္ ကိုဗစ္ေၾကာင့္ေဈး ၅ ရက္ပိတ္ရမည္ဟု အမိန္႔ထုတ္၊ သာေကတြင္ ညေန ၄ နာရီေက်ာ္မွ ဆိုက္ကားထြက္သူမ်ားကို စစ္တပ္က ပါး႐ိုက္

ရန္ကုန္၊ ဒီဇင္ဘာ ၁၀

စစ္အာဏာ႐ွင္ ေတာ္လွန္ေရး အသံတိတ္ သပိတ္တြင္ ပါဝင္ၾကၿပီးေနာက္ ညေန ၄ နာရီေက်ာ္ခ်ိန္ ဆိုင္ဖြင့္သူမ်ားကို ဆိုင္မဖြင့္ႏိုင္ရန္ စစ္တပ္က အေႏွာင့္အယွက္ေပးျခင္း၊

ေဈးမ်ားကို ကိုဗစ္ေၾကာင့္ဟုဆိုကာ ၅ ရက္ပိတ္ခိုင္းျခင္း၊ ညေန ၄ နာရီေက်ာ္မွ အျပင္ထြက္သူမ်ားကို စစ္တပ္က ပါး႐ိုက္ျခင္းမ်ား လုပ္ေဆာင္လ်က္႐ွိ ေၾကာင္း ေဒသခံမ်ားက ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ ေျပာဆိုသည္။

ကမာ႐ြတ္ၿမိဳ႕နယ္တြင္ ညေန ၄ နာရီေက်ာ္မွစတင္ၿပီး လမ္းမ်ား ပိတ္ဆို႔ျခင္း၊ ဖြင့္ထားသည့္ ဆိုင္မ်ားကို ျပန္လည္ ပိတ္ခိုင္းျခင္းမ်ား လုပ္ေဆာင္ေနေၾကာင္း ေဒသခံတစ္ဦးကေျပာသည္။

“ရဲကားေတြ စစ္ကားေတြနဲ႔ ေရာက္လာၿပီး ဖြင့္တဲ့ဆိုင္ေတြ ျပန္ပိတ္ခိုင္းတယ္။ ကားလမ္းလည္းပိတ္ထားတယ္။ ဘာျဖစ္ခ်င္မွန္းမသိဘူး။ အခုထက္ထိေတာ့ ၁ နာရီေက်ာ္ ေနၿပီး မသြားၾကေသးဘူး” ဟု လွည္းတန္းတြင္ ေနထိုင္သူ ျပည္သူတစ္ဦးကေျပာသည္။

အလားတူ သာေကတၿမိဳ႕နယ္ ၆ ရပ္ကြက္တြင္ ညေန ၄ နာရီေက်ာ္မွ ဆိုက္ကား ထြက္သူ ဆိုက္သမား ၃ ဦးကို စစ္တပ္က ကားရပ္၍ ဆင္းပါး႐ိုက္သြားေၾကာင္း ဆိုက္ကားသမားတစ္ဦးကေျပာသည္။

“ဘာလို႔ ညေနမွ ထြက္လဲဆိုၿပီးေမးတယ္။ ေနပူေနလို႔ ပါေျပာေတာ့ အခုလည္း ပူေသးတယ္ ။ ဆိုက္ကားျပန္သိမ္းဆိုၿပီး ပါး႐ိုက္သြားတယ္” ဟု ဆိုက္သမားတစ္ဦးက ေျပာဆိုသည္။

အလားတူ မရမ္းကုန္းၿမိဳ႕နယ္၊ သမိုင္းမုဒိတာ အိမ္ရာေ႐ွ႕တြင္လည္း ညေန ၄ နာရီေက်ာ္ဆိုင္ဖြင့္လွစ္သူမ်ားကို ေမာင္းထုတ္ေနေၾကာင္း ျပည္သူမ်ားကေျပာသည္။

“သမိုင္း မုဒိတာ ေ႐ွ႕မွာ ညေန ၄နာရီေက်ာ္မွ ထြက္တဲ့ လမ္းေဘး ေဈးသည္ေတြကို ေခြးေတြ လာၿပီး ေမာင္းထုတ္ေနတယ္။ မနက္ကတည္းက မဖြင့္ဘဲ ခုမွ ဘာလို႔ ဖြင့္တာလဲ မျမင္ခ်င္ဘူးဆိုၿပီးေတာ့ ေအာ္ဟစ္ဆဲဆိုေနတယ္” ဟု သမိုင္း ၁ ရပ္ကြက္ေနသူတစ္ဦးက ေျပာသည္။

အလားတူ မႏၲေလးတိုင္း ခ်မ္းျမသာစည္ၿမိဳ႕နယ္တြင္လည္း ညေန ၄ နာရီေက်ာ္မွ ဆိုင္ဖြင့္သူမ်ားကို စစ္တပ္က ဝင္ေရာက္စစ္ေဆးမႈမ်ားလုပ္ေဆာင္ေနေၾကာင္း သိ႐ွိရသည္။

“ဒီေန႔ညေန ၅ နာရီခြဲေလာက္မွာ မႏၲေလးၿမိဳခ်မ္းျမသာစည္ၿမိဳ႕နယ္မွာ ျပန္ဖြင္တဲ့ဆိုင္ေတြ စစ္တပ္က လိုက္စစ္ေနတယ္။ မနက္ ဘာလို႔ မဖြင့္တာလဲေပါ့။ ျပန္ပိတ္ခိုင္းတယ္” ဟု ေဒသခံတစ္ဦးက‌ ေျပာသည္။

အလားတူ ပဲခူးတိုင္း ဒိုက္ဦးၿမိဳ႕နယ္တြင္လည္း ကိုဗစ္ေရာဂါေၾကာင့္ေဈးကို ဒီဇင္ဘာလ ၁၁ ရက္ေန႔မွ ဒီဇင္ဘာလ ၁၅ ရက္ေန႔အထိ ၅ ရက္ပိတ္မည္ျဖစ္ေၾကာင္း ေဈးစည္ပင္သာယာေရးအဖြဲ႕က အမိန္႔ထုတ္ျပန္လာ ေၾကာင္း သိ႐ွိရသည္။

“ေဈးသူေဈးသားေတြက ဒီမနက္ ဆိုင္မဖြင့္ၾကဘူးေလ။ အဲဒါကို ျပန္ၿပီး လက္စားေခ်တာ ညေန ၄ နာရီက်မွ ေဈး ၅ ရက္ပိတ္တယ္ဆိုၿပီး စာထြက္လာတာ။ လက္စားေခ်တာေပါ့ စစ္ေခြးေတြ” ဟု ဒိုက္ဦးေဈးဆိုင္ပိုင္႐ွင္တစ္ဦးက ဆိုသည္။

လတ္တေလာ စစ္တပ္က အသံတိတ္သပိတ္မ်ားကို ပါဝင္ခဲ့သူမ်ားကို ပုံစံအမ်ိဳးမ်ိဳးျဖင့္ ဒုကၡေပး ဖိအားေပးမႈမ်ား ယေန႔ ညေနပိုင္းတြင္ လုပ္ေဆာင္ေနသည့္ သတင္းမ်ား ရန္ကုန္ေခတ္သစ္သတငးဌာနထံ ဆက္တိုက္ ဝင္ေရာက္လ်က္႐ွိေၾကာင္း သိ႐ွိရသည္။

Khit Thit Media

About the author

admin

Add Comment

Click here to post a comment