
ညဘက် တက္ကစီ နဲ့ အပြင်သွားတတ်တဲ့ သူတွေ အထူးသတိထားသင့် နေပါပြီ
မနေ့က မိုးကောင်း ကနေ တဥကလာကို အသွား မီး ည်းပြတ် လမ်းအမှောင် တနေရာမှာ
ကားရပ်သွားပီး လူလေးယောက်အဖွဲ့လိုက်တက်လာကာ
ဖုန်းကောဝတ်ထားတဲ့ရွှေတွေကောပါလာသမျှ ရိုက်လုခံလိုက်ရပါတယ်
တပ် အယောင်ဆောင်ပီး အဖွဲ့နဲ့လုပ်စားနေကြတာပါစစချင်း taxi က
သူတို့မှောင်ရိပ်ခိုတဲ့နေရာမှာ ရပ်ပါတယ် ပြီးရင် ကားတံခါးပတ်လည်မှာ ပိတ်ရပ်ပီး
တပ်ကသတင်းရလို့ စစ်ဆေးစရာရှိလို့ဆိုပီး ကားပေါ်အတင်းတက်ပါတယ် ကျနော်
ကားတံခါးကိုခြေထောက်နဲ့ ဆောင့်ကန်ထွက်ပေးမယ်လုပ်လို့ ထိုးကြိတ်ပီး ကားပေါ်တက်ပီး
ဘေးကနှစ်ယောက်က လက်ကိုချုပ်ပီး ကားအနောက်ဆုံးခန်းကနေ နောက်တစ်ယောက်က
လည်ပင်းကနေချုပ်ပါတယ် သူတို့ကို လူလိမ်လို့ပြောလို့လည်းပါးတွေရိုက်ခံရပါတယ်
လမ်းတလျှောက် ဖုန်းတွေpw ဖွင့်ခိုင်း ပိုက်ဆံတွေထုတ်ခိုင်း လက်စွပ်တွေ ချွတ်ခိုင်းပီးအကုန်သိမ်းပါတယ်
လက်စွပ်ကို သူတို့မသိအောင် ချွတ်ပီးဘောင်းဘီဒူးပြဲထဲ ထည့်မိလို့ သိသွားပီး ဉာဏ်အရမ်းကောင်းတယ်လားဆိုပီး
ခေါင်းတွေပဲ လှိမ့်ထိုးပါတယ် ဓါးကော လက်ထိပ်ကောပါပါတယ် မ-ဒဂုံ တနေရာ
လူ ပြတ်ပီး မှောင်တဲ့နေရာရောက်မှ ကားရပ်ပီး ph ကို icloud ဖြုတ်ခိုင်းပါတယ်
မဖြုတ်မပေးချင်း လက်ထိပ်နဲ့ထိုးတယ် လည်ပင်းညှစ်တယ် ဖိနပ်တွေနဲံကန်တယ်
သူတို့လိုချင်တာရပီဆိုမှ နောက်ပြန်လှည့်ကည့်တာနဲ့ သတ်ပစ်မယ်ဆိုပြီး အဲ့နေရာမှာထားခဲ့ပီးသွားခိုင်းပါတယ်
လူလည်းတော်တော်လေးခံလိုက်ရပါတယ် မသတ်သွားတာ ကံကောင်းတယ်ပဲပြောရမယ်
အဲ့ကြောင့် ညဘက် taxi ငှားရင် သတိထားကြပါ သိတဲ့ taxi ငှားတာ ပိုsafe ဖြစ်ပါတယ်
ဖြစ်နိုင်ရင် ညဘက်တစ်ယောက်တည်းမသွားတာအကောင်းဆုံးပါပဲ ✌️