Local News

ညီလာခံ ဖိတ်ကြား မခံရတာဟာ အာဆီယံအဖွဲ့ကြီး၏ အားနည်းချက် ၂ ခုကြောင့် ဟု စစ်ကောင်စီ ပြန်လည်… see more

ညီလာခံ ဖိတ်ကြား မခံရတာဟာ အာဆီယံအဖွဲ့ကြီး၏ အားနည်းချက် ၂ ခုကြောင့် ဟု စစ်ကောင်စီ ပြန်လည်… see more

အောက်တိုဘာ ၂၆ ရက်ကနေ ၂၈ ရက်နေ့အထိ ဘရူးနိုင်းမှာ ကျင်းပဖို့ရှိတဲ့ အာဆီယံထိပ်သီးညီလာခံမှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ခွင့်မရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီသတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီ သတင်းမှာ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပါတယ်။

ကျွန်တော်တို့ ဒီနေရာမှာ အားနည်းချက် ၂ ခုတွေ့ရပါတယ်။ နံပါတ်တစ်ကတော့ ဒီ အာဆီယံရဲ့ အဓိကမူဝါဒဖြစ်တဲ့ အများသဘောတူ ဆန္ဒပေါ့ လိုသလို အဓိပ္ပယ်ဖွင့်တယ်… အားနည်းသွားပြီလို့ မြင်ပါတယ်။ ဘာကြောင့်ပြောရတာလဲဆိုတော့ ပြင်ပနိုင်ငံတွေရဲ့ ဝင်ရောက်စွက်ဖက်မှုလည်း တွေ့နိုင်ပါတယ်

နောက်တစ်ခုကတော့ ပြည်တွင်းရေးကိုဝင်ရောက်မစွက်ဖက်ရေးမူဝါဒပေါ့ … ဒါလည်းအားနည်းသွားပြီလို့မြင်ပါတယ်…အဓိကကတော့ အဲဒိဆုံးဖြတ်ချက် မတိုင်ခင်မှာ အာဆီယံ အထူးကိုယ်စားလှယ်အနေနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့တယ်… EU နိုင်ငံတွေက ဖိအားပေးတယ်ပေ့ါဗျာ… ဒါတွေ ကျွန်တော်တို့တွေ့ရပါတယ် … ဒါကတော့ အားနည်းချက် ၂ ချက်ပေါ့နော်…

နိုင်ငံရေးအဆင့်မဟုတ်တဲ့ အတွင်းဝန် တို့ ညွှန်ချုပ်တို့တက်ခိုင်းမယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးနေတုန်းလို့ဆိုပါတယ်… ။ ဒါ့အပြင် ယခုထက် ပိုမိုပြင်းထန်တဲ့ ဖိအားတွေကြုံလာခဲ့မယ်ဆိုရင်လည်း အတွေ့အကြုံရှိပြီးဖြစ်တယ်လို့ ဖြေကြားသွားပါသေးတယ်…။

ဒါပေမယ့် မြန်မာက အာဆီယံအဖွဲ့ကနေထွက်မှာလားဆိုတာကိုတော့ အဲလိုထွက်လိုက်ဖို့ကတော့ မဖြစ်နိုင်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖြေကြားခဲ့တာ တွေ့ရပါတယ်။

အရေးပေါ်အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးများက ထိပ်သီးဆွေးနွေးပွဲ မတိုင်မီ အထူးသံတမန်အနေဖြင့် မြန်မာနိုင်ငံသို့ အမြန်ဆုံးသွားရောက်ရန်လည်း တာဝန်ပေးအပ်ခဲ့တာတွေ့ရပါတယ်။။

သို့သော် မည်သူနှင့်တွေ့ခွင့်ရမည်ဆိုသည့် ကိစ္စကို အထူးသံတမန်အနေဖြင့် မြန်မာနှင့် ဆွေးနွေးရန်လိုအပ်နေသာကြောင့် ထိုခရီးစဉ်ကို ရက်သတ်မှတ်ရခြင်း မရှိသေးကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ရေးပြီး စစ်တပ်ကဖြုတ်ချခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နှင့် အခြားသူများနှင့် အထူးသံတမန်ကို တွေ့ခွင့်ပေးရန် ခက်ခဲကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးက ထပ်လောင်းပြောသည်။

ASEAN သဘောတူညီချက်အရ အထူးသံတမန် မြန်မာနိုင်ငံသို့သွားရောက်ရန် ဆွေးနွေးမှုများသည် ယခုအပတ် အစောပိုင်းတွင် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

အထူးသံတမန်က သူ၏ခရီးစဉ်အတွင် သူတွေ့ဆုံလိုသူများစာရင်းနှင့် မြန်မာဘက်က လုပ်ဆောင်ရမည့် ကိစ္စများကို အဆိုပြုခဲ့ကြောင်း စစ်ကောင်စီက ကြာသပတေးနေ့တွင် ထုတ်ပြန်သည့် ကြေညာချက် တစောင်တွင် ဖေါ်ပြသည်။ သို့သော် တည်ဆဲဥပဒေ၏ ခွင့်ပြုချက်ကို ကျော်လွန်သော တောင်းဆိုမှု အချို့ကို လိုက်လျှောရန် ခက်ကြောင်း ထိုကြေညာချက်က ဆိုသည်။

ASEAN သည် မြန်မာနှင့်ပတ်သက်ပြီး သဘောထားကွဲလွဲနေပုံရပြီး စင်္ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင် တို့ကဲ့သော အချို့နိုင်ငံများက ပိုမိုပြတ်သားစွာ ရပ်တည်ရန် တောင်းဆိုပြီး ကျန်နိုင်ငံများက ပျော့ပျောင်းစွာ ရပ်တည်ကြသည်။

Ref Living Myanmar

About the author

admin

Add Comment

Click here to post a comment