Local News
တစ်နိုင်ငံလုံး လက်နက်တွေ၊ မိုင်းတွေ အပ်နှံဖို့ စစ်ကောင်စီက လော်စပီကာနဲ့ လိုက်အော်နေ(ရုပ်/သံ)
တစ်နိုင်ငံလုံး လက်နက်တွေ၊ မိုင်းတွေ အပ်နှံဖို့ စစ်ကောင်စီက လော်စပီကာနဲ့ လိုက်အော်နေ(ရုပ်/သံ အပြည့်အစုံအောင်တွင်ပါသည်)
ရန်ကုန်၊ ဒီဇင်ဘာ ၂၁
တစ်နိုင်ငံလုံးမှာရှိတဲ့ အိမ်တွေမှာ လက်နေက်တွေ ၊ မိုင်းတွေအပ်နှံဖို့ အကြမ်း ဖက် လူသတ်စစ်ကောင်စီက လော်စပီကာတွေနဲ့ ပြည်သူလူထု အိပ်ချိန် ညပိုင်းမှာ လိုက်လံအော်ဟစ်နေတယ်လို့ ရန်ကုန်မြို့ပြည်သူတွေက ဆိုပါတယ်။
“၄ ခေါက်လောက်ရှိနေပြီ။ ပတ်အော်နေတာ။ လက်နက်ကိုင်တိုက်ပွဲဝင်နေပါတယ်ဆိုမှ ဘယ်သူက အပ်မလဲ။ ဒီဇင်ဘာ ၁၀ ရက်နေ့ အသံတိတ် သပိတ်လိုပေါ့။ ဒီဇင်ဘာ ၉ ရက်နေ့ ညပိုင်း လော်စပီကာနဲ့ လိုက်အော်တယ် အပြင်ထွက်ဖို့ ..။
တစ်နိုင်ငံလုံး အသံတိတ်သပိတ်မှာပါပြီး မထွက်တော့ဘူး။ အခု လက်နက်တွေ အပ်ဖို့ အော်နေတာ လှူတောင် ထပ်လှူချင်သေးတယ်။ လူငယ်တွေ လက်နက်ရဖို့” ဟု စမ်းချောင်းမြို့နယ်မှ ပြည်သူတစ်ဦးက ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီက ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထား လက် နက်တွေ မိုင်းတွေ အပ်နှံဖို့ လော်စပီကာတွေနဲ့ လိုက်လံအော်ဟစ်နေတာ လည်းဖြစ်ပါတယ်။
Zawgyi
ရန်ကုန်၊ ဒီဇင်ဘာ ၂၁
About the author
admin
Add Comment
Click here to post a comment