Local News

တစ်နှစ်အရွယ် သားလေးနဲ့ ‌ေသ ကွဲ ကွဲခဲ့ရတဲ့ သဘောကောင်းလွန်းတဲ့ CDM ကျောင်းဆရာမလေး

တစ်နှစ်အရွယ် သားလေးနဲ့ ‌ေသ ကွဲ ကွဲခဲ့ရတဲ့ သဘောကောင်းလွန်းတဲ့ CDM ကျောင်းဆရာမလေး

ကျနော့ မရီးက စိတ်သိပ်မာတာဗျမနေ့က သေနတ်မှန်တယ်ကြားတော့ အဓိကနေရာတွေ မဟုတ်ရင် အသက်ရှင်နိုင်မယ်လို့ ယုံခဲ့တာမနေ့ညကဆိုသွေးလိုရင် လှူပေးဖို့ ရှိသမျှမိတ်ဆွေတွေကို Phဆက်ပြီး အသင့်ပြင်ခိုင်းခဲ့ရတာ။ ဒီနေ့ မနက်ထိ လက်ခံဖို့ ခက်ခဲနေခဲ့တာ။ အခု ဒီပုံတက်လာမှဗျာ။

ကျနော် ကိုယ့်ကိုကိုယ် အပြစ်တင်လို့မဆုံးဘူး။ ဘာလို့ အပြစ်တင်နေမိလဲဆိုတာလည်း သေချာမသိဘူး။ အိမ်ကိုလည်း Phမပြောရဲသေးဘူး။ ကိုယ့်မိသားစုဝင်ရဲ့ စျာပနကို တက်ချင်တာတောင် တက်လို့ မရတဲ့အဖြစ်။

ကျနော့မရီးက အလုပ်လည်း အရမ်းလုပ်ချင်တာဆိုင်မှာဆို စျေးအမြဲရောင်းကူပြီး သူ့ပစ္စည်းတွေပါ ကောင်တာတစ်လုံးနဲ့ စျေးရောင်းခဲ့တာ။ အာဏာမသိမ်းခင်ညကဆို သူနဲ့ ကျနော်တို့မိသားစု လက်ဖက်ကို ဘယ်လိုနည်းပညာနဲ့ ရောင်းမယ်ဆိုတာ စိတ်ကူးယဥ်ခဲ့ကြသေးတာ။

ခုတော့ သူချစ်တဲ့အလုပ်ရော သူချစ်တဲ့မိသားစုကိုပါ ခွဲခွာသွားရရှာပြီ။ သူ့ဟာသူ သူများကို ဒုက္ခမပေးဘဲ အေးဆေးနေတတ်တဲ့သူကိုမှ လုပ်ရက်ကြတယ်။ ဘဝဆက်တိုင်း ဒီလိုအဖြစ်ဆိုးမျိုး လုံးဝမကြုံရပါစေနဲ့ အမရေ။ ကောင်းရာသုဂတိလားပါစေ။

ကျနော့ မရီးမမေနှင်းအေး ဆုံးပါပြီကျနော့အိမ်ကလေ လွန်ခဲ့တဲ့ ရက်အများကြီးကတည်းက သူတို့ချစ်တဲ့ ကျနော့ကို အမွေပြတ်စွန့်လွှတ်ခဲ့တယ်။ တကယ်ပါ။ ကျနော်တို့တွေက ဘာမှမဆိုင်တော့ဘူးဆိုပြီး ကျနော်လည်း အိမ်ကို အလည်တောင် မရောက်တာ ကြာပါပြီ။ ကျနော်ချစ်တဲ့ ကျနော့မိသားစုနဲ့ မတွေ့တာလည်း ကြာပါပြီ။

ဒီနေ့ ဟုမ္မလင်းမြို့ရဲ့ ဒလန်အကြီးစား ပျူစောထီးခေါင်းဆောင် မောင်မော့ကို အမည်မသိအဖွဲ့တစ်ခုက ပစ်သတ်တယ်လို့ သိရပါတယ်။

မောင်မော့ဆိုတဲ့ကောင်ကို ကျနော်အပြင်မှာ ကောင်း ကောင်းတောင် မမြင်ဖူးသလို အခင်းဖြစ်ပွားတဲ့ကိစ္စဟာလည်း ကျနော်နဲ့ပတ်သက်ခြင်း မရှိပါဘူး။ ပတ်သက်ခဲ့ရင်တောင် သတ်မယ့်သတ် ကျနော့ကို သတ်ရမှာမဟုတ်ဘူးလားဗျာ။

ဒီနေ့ ည ၆ နာရီခွဲလောက်မှာ ကျနော့မရီးက ကျနော့အခန်းဘေးက ဝရန်တာနားမှာ ထိုင်နေရင်း လူစိမ်းသုံးယောက်က သေနတ်နဲ့ဝင်ပစ်သွားတယ်လို့သိရပါတယ်။

သေနတ်ဒဏ်ရာ သုံးချက်မှန်ပြီး ကျနော့မရီး ဆုံးသွားပါပြီ။ ကျနော့ မရီးဟာ CDMဆရာမဖြစ်ပြီး လက်ရှိမှာ တစ်နှစ်ကျော်သားလေး ကျန်ခဲ့ပါတယ်။

Credit