Local News

တစ်ရက်တည်းတာဝါတိုင် ၃၆ခုဖျက်ဆီးခံရပြီးနောက် MYTELနှင့် MPT ကိုလုံခြုံရေးတိုးမြှင့်ရန်စစ်ကောင်စီညွှန်ကြား

တစ်ရက်တည်းတာဝါတိုင် ၃၆ခုဖျက်ဆီးခံရပြီးနောက် MYTELနှင့် MPT ကိုလုံခြုံရေးတိုးမြှင့်ရန်စစ်ကောင်စီညွှန်ကြား

မနေ့က တစ်ရက်တည်း ဖောက်ခွဲမှုများကြောင့် တယ်လီ ဖုန်းတာဝါတိုင် ၃၆ ခုဖျက်ဆီးခံခဲ့ရပြီး စစ်ကိုင်း တိုင်းတွင် ၂၂ခုဖြင့် အများဆုံးဖြစ်ကြောင်း စစ်ကောင်စီတပ်ဖွဲ့၏ ပေါက်ကြားလာသော လျှို့ဝှက်စာတွင် ဖော်ပြထားသည်။

တာဝါတိုင်ဖျက်ဆီးခံရမှုများနှင့်ပတ်သက်၍ ဆုပေးဒဏ်ပေးစနစ်ကျင့်သုံးရန် စစ်ကောင်စီက ညွှန်ကြားထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် MYTEL နှင့် MPT ကို သာလုံခြုံရေးအဓိက ယူပေးရန်လည်း ညွှန်ကြားထားသည်။

စက်တင်ဘာ ၇ ရက်တွင် NUG အစိုးရက ခုခံတွန်းလှန်စစ်ဖြင့် စစ်အာဏာရှင်တို့၏ ထောက်တိုင်များကို ချေမှုန်းရန် ကြေညာခဲ့ပြီးနောက် ဒေသခံကာကွယ်ရေးတပ်များက စစ်တပ်၏လုပ်ငန်းတစ်ခုဖြစ်သည့် MYTEL ၏ ဖုန်းတာဝါတိုင်များကို ဖျက်ဆီးလျက်ရှိသည်။

Burma Associated Press

Zawgyi

တစ္ရက္တည္းတာဝါတိုင္ ၃၆ခုဖ်က္ဆီးခံရၿပီးေနာက္ MYTELႏွင့္ MPT ကိုလုံၿခဳံေရးတိုးျမႇင့္ရန္စစ္ေကာင္စီၫႊန္ၾကား

မေန႕က တစ္ရက္တည္း ေဖာက္ခြဲမႈမ်ားေၾကာင့္ တယ္လီ ဖုန္းတာဝါတိုင္ ၃၆ ခုဖ်က္ဆီးခံခဲ့ရၿပီး စစ္ကိုင္း တိုင္းတြင္ ၂၂ခုျဖင့္ အမ်ားဆုံးျဖစ္ေၾကာင္း စစ္ေကာင္စီတပ္ဖြဲ႕၏ ေပါက္ၾကားလာေသာ လွ်ို႔ဝွက္စာတြင္ ေဖာ္ျပထားသည္။

တာဝါတိုင္ဖ်က္ဆီးခံရမႈမ်ားႏွင့္ပတ္သက္၍ ဆုေပးဒဏ္ေပးစနစ္က်င့္သုံးရန္ စစ္ေကာင္စီက ၫႊန္ၾကားထားၿပီး စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားအေနျဖင့္ MYTEL ႏွင့္ MPT ကို သာလုံၿခဳံေရးအဓိက ယူေပးရန္လည္း ၫႊန္ၾကားထားသည္။

စက္တင္ဘာ ၇ ရက္တြင္ NUG အစိုးရက ခုခံတြန္းလွန္စစ္ျဖင့္ စစ္အာဏာရွင္တို႔၏ ေထာက္တိုင္မ်ားကို ေခ်မႈန္းရန္ ေၾကညာခဲ့ၿပီးေနာက္ ေဒသခံကာကြယ္ေရးတပ္မ်ားက စစ္တပ္၏လုပ္ငန္းတစ္ခုျဖစ္သည့္ MYTEL ၏ ဖုန္းတာဝါတိုင္မ်ားကို ဖ်က္ဆီးလ်က္ရွိသည္။

Burma Associated Press