တန်ဖိုးချင်းမတူကြတော့ဘူး မြန်မာငွေ (100)ဟာ ဇီးထုပ်တစ်ထုပ်ပဲရပေမယ့်

တန်ဖိုးချင်းမတူကြတော့ဘူး မြန်မာငွေ (100)ဟာ ဇီးထုပ်တစ်ထုပ်ပဲရပေမယ့်

စင်ကာပူ $100 မြန်မာငွေ 200000 ကပ်နေပါပြီ။

သူများတွေက နိုင်ငံကိုတည်ဆောက်နေချိန်မှာ
ကိုယ့်နိုင်ငံကတော့ အာဏာတွေရူးနေကြလို့
ဖရိုဖရဲဖြစ်နေပါပြီ။ငါသူလူတစ်မင်း တစ်ကွဲတစ်ပြားနဲ့
တိုင်းပြည်က ယိုင်နဲ့နဲ့ဖြစ်နေပါပြီ။

လက်ရှိတစ်နိုင်ငံလုံးမိုးထဲရေထဲရောက်နေပါပြီ။
ငွေက တန်ဖိုးကျလာတဲ့အပြင် တိုင်းရေးပြည်ရေးက
မကောင်း၊အလုပ်ကိုင်ကရှားပါး၊ဝင်ငွေကနည်းပါး ၊ နိုင်ငံခြားအလုပ်ကိုင်တွေက အကုန်ပြန်ထွက် ကြာရင် တစ်နိုင်ငံလုံး မဗဒါမြေလူးသလို အကုန်ဒုက္ခရောက်
ကုန်တော့မယ်။

ခေတ်ပျက်တော့ လူတွေ အကျင့်ပျက်လာပြီ။
ခိုးဆိုးလုနှိုက်တွေ ၊ ဓားပြမှုတွေ ရန်ကုန် မန်းလေး
တို့လို့ မြို့ကြီးပေါ်တွေမှာဖြစ်နေကြတာတောင်
တားဆီးပေးမယ့် ဥပဒေမရှိဘူး။

ဒီအချိန်မှာ ငွေကို မလိုအပ်ပဲ အပိုတွေ သိပ်မသုံးနဲ့တော့။အလကားဆိုင်ထိုင်နေတာတွေ ၊ အဝတ်စားသစ်တွေဝယ်တာတွေ ၊ တန်ဖိုးကြီးပစ္စည်းတွေ လျောက်ဝယ်နေတာတွေ ငွေတာဖြုန်းနေတာတွေ ရပ်တော့။

ကျန်းမာရေးကို ဂရုစိုက်။တကျော့ပြန်Covid ကလည်း နောက်တစ်လှိုင်းလာတော့မယ်။ ကျနော်တို့တစ်တွေဟာ ဘဝမှာ လက်ရှိရင်ဆိုင်နေရတာ အခက်ခဲဆုံးကာလလို့ ဆိုနိူင်ပါတယ်။

ဒီအချိန်မှာ လုပ်သင့်တာကငွေကိုစု ကျန်းမာရေးကို ဂရုစိုက်မိသားစုကို အချိန်ပေး စိတ်ဓာတ်ကျပြီးထိုင်နေတာမျိုးမလုပ်ပဲကိုယ့်ဘဝတိုးတက်နိုင်မယ့်အရာတွေကိုလုပ်ပညာရပ်တွေ လေ့လာတာမျိုးဘာသာစကားတွေသင်တာမျိုးတစ်ခုခုကို မဖြစ်မနေ လေ့လာထားပါ။

မုန်တိုင်းဟာအမြဲတမ်း ကြမ်းတမ်းမနေပါဘူးမုန်တိုင်းပြီးလို့ နေထွက်လာတဲ့အခါကိုယ်က အရာရာအဆင်သင့်ဖြစ်နေအောင်ကြိုတင်ပြင်ဆင်ထားပါ။ပြောချင်တာက စိတ်ဓာတ်ကျပြီး ထိုင်မနေဖို့ပါပဲ။

crd
စဝ်မင်းသိုက်

Leave a Reply

Your email address will not be published.