Local News

တပ်တွင်းစည်းလုံးမှုရှိရေး စစ်ကောင်စီဥက္ကဋ္ဌကိုယ်တိုင် ပြောလာ

တပ်တွင်းစည်းလုံးမှုရှိရေး စစ်ကောင်စီဥက္ကဋ္ဌကိုယ်တိုင် ပြောလာ

တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေအနေနဲ့ လက်ရှိနိုင်ငံရေးအခြေအနေမှန်တွေကို သိအောင်လုပ်ဖို့၊

စစ်ဘက်ဆိုင်ရာလုံခြုံရေး သတိပြုဖို့နဲ့ တပ်တွင်းစည်းလုံးညီညွတ်အောင် အားထုတ်ဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောလာပါတယ်။

မိတ္ထီလာမြို့မှာ ဒီဇင်ဘာလ ၁၅ ရက်က ပြုလုပ်တဲ့ လေတပ်တည်ထောင်မှု ၇၄ နှစ်မြောက် နှစ်ပတ်လည်နဲ့ လေယာဉ်၊ ရဟတ်ယာဉ်တွေ တပ်တော်ဝင်အခမ်းအနားမိန့်ခွန်းမှာ အခုလို ပြောလာတာဖြစ်ပါတယ်။

ဝါဒဖြန့်မှုတွေရှိနေတာကြောင့် တပ်မတော်သားတွေရော မိသားစုဝင်တွေပါ နိုင်ငံရေး အခြေအနေမှန်သိအောင်လုပ်ဖို့၊ စစ်သတင်း၊ စာရွက်စာတမ်း၊ စစ်ပစ္စည်း၊ စစ်မှုထမ်း၊ စစ်ဆင်မှုနဲ့လေ့ကျင့်မှု စတဲ့ လုံခြုံရေးတွေကိုလည်း သတိပြုဖို့ သူက ထုတ်ပြောလာပါတယ်။

တပ်တွင်းစည်းလုံးညီညွတ်ရေးအတွက် လိုက်နာစရာရှိတာတွေကို လိုက်နာဖို့အပြင် တပ်တွင်းတပ်ပြင် စည်းရုံးရေးတွေ လုပ်ဖို့ကိုလည်း စစ်ကောင်စီဥက္ကဋ္ဌလည်းဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်တော်ဝင်အခမ်းအနားမှာ ပြောသွားတာတွေ့ရပါတယ်။

အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့အရပ်သားပြည်သူတွေကို စစ်ကောင်စီတပ်တွေက လူသေဆုံးတဲ့အထိ အင်အားသုံးဖြိုခွင်းမှုတွေကြောင့် တပ်မတော်သားတွေ၊ရဲတပ်ဖွဲ့ဝင်တွေဟာ အာဏာဖီဆန်ရေးအကြမ်းမဖက်လှုပ်ရှားမှု(CDM)မှာ ပါဝင်လာနေကြချိန်မှာ စစ်ခေါင်းဆောင်က တပ်တွင်းစည်းလုံးမှုရှိရေးကို အခုလိုပြောလာတာလည်း ဖြစ်ပါတယ်။

Zawgyi

တပ္တြင္းစည္းလုံးမႈ႐ွိေရး စစ္ေကာင္စီဥကၠ႒ကိုယ္တိုင္ ေျပာလာ

တပ္မေတာ္သားေတြနဲ႔ မိသားစုဝင္ေတြအေနနဲ႔ လက္႐ွိႏိုင္ငံေရးအေျခအေနမွန္ေတြကို သိေအာင္လုပ္ဖို႔၊

စစ္ဘက္ဆိုင္ရာလုံျခဳံေရး သတိျပဳဖို႔နဲ႔ တပ္တြင္းစည္းလုံးညီၫြတ္ေအာင္ အားထုတ္ဖို႔ အာဏာသိမ္းစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လိႈင္က ေျပာလာပါတယ္။

မိတၳီလာၿမိဳ႕မွာ ဒီဇင္ဘာလ ၁၅ ရက္က ျပဳလုပ္တဲ့ ေလတပ္တည္ေထာင္မႈ ၇၄ ႏွစ္ေျမာက္ ႏွစ္ပတ္လည္နဲ႔ ေလယာဥ္၊ ရဟတ္ယာဥ္ေတြ တပ္ေတာ္ဝင္အခမ္းအနားမိန္႔ခြန္းမွာ အခုလို ေျပာလာတာျဖစ္ပါတယ္။

ဝါဒျဖန္႔မႈေတြ႐ွိေနတာေၾကာင့္ တပ္မေတာ္သားေတြေရာ မိသားစုဝင္ေတြပါ ႏိုင္ငံေရး အေျခအေနမွန္သိေအာင္လုပ္ဖို႔၊ စစ္သတင္း၊ စာ႐ြက္စာတမ္း၊ စစ္ပစၥည္း၊ စစ္မႈထမ္း၊ စစ္ဆင္မႈနဲ႔ေလ့က်င့္မႈ စတဲ့ လုံျခဳံေရးေတြကိုလည္း သတိျပဳဖို႔ သူက ထုတ္ေျပာလာပါတယ္။

တပ္တြင္းစည္းလုံးညီၫြတ္ေရးအတြက္ လိုက္နာစရာ႐ွိတာေတြကို လိုက္နာဖို႔အျပင္ တပ္တြင္းတပ္ျပင္ စည္း႐ုံးေရးေတြ လုပ္ဖို႔ကိုလည္း စစ္ေကာင္စီဥကၠ႒လည္းျဖစ္တဲ့ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လိႈင္က တပ္ေတာ္ဝင္အခမ္းအနားမွာ ေျပာသြားတာေတြ႕ရပါတယ္။

အာဏာသိမ္းမႈကိုဆန္႔က်င္တဲ့အရပ္သားျပည္သူေတြကို စစ္ေကာင္စီတပ္ေတြက လူေသဆုံးတဲ့အထိ အင္အားသုံးၿဖိဳခြင္းမႈေတြေၾကာင့္ တပ္မေတာ္သားေတြ၊ရဲတပ္ဖြဲ႕ဝင္ေတြဟာ အာဏာဖီဆန္ေရးအၾကမ္းမဖက္လႈပ္႐ွားမႈ(CDM)မွာ ပါဝင္လာေနၾကခ်ိန္မွာ စစ္ေခါင္းေဆာင္က တပ္တြင္းစည္းလုံးမႈ႐ွိေရးကို အခုလိုေျပာလာတာလည္း ျဖစ္ပါတယ္။

About the author

admin

Add Comment

Click here to post a comment