Local News

တပ်ထောက်ခံပွဲတွင် “သွေးသစ္စာ”သီချင်း မှားဖွင့်မိသဖြင့် ကားပိုင်ရှင်ကိုဖမ်းဆီးပြီး ကားပါသိမ်း…see more

တပ်ထောက်ခံပွဲတွင် “သွေးသစ္စာ”သီချင်း မှားဖွင့်မိသဖြင့် ကားပိုင်ရှင်ကိုဖမ်းဆီးပြီး ကားပါသိမ်း…see more

ဧရာဝတီတိုင်း၊ မအူပင်မြို့တွင် ယနေ့(နိုဝင်ဘာ ၂ ရက်) မနက်ပိုင်းက တပ်ထောက်ခံပွဲပြုလုပ် နေစဥ် ကြွေးကြော်သီချင်းများဖွင့်ရာတွင် စစ်အာ ဏာရှင်တော်လှန်ရေးသီချင်းဖြစ်သည့် ”သွေးသစ္စာ” သီချင်းမှားဖွင့်မိသဖြင့်

တပ်ထောက်ခံပွဲလှည့်လည်ရာ တွင်အသုံးပြုသည့် ကားနှင့်သီချင်းဖွင့်သော ကားပိုင်ရှင်အားစစ်ကောင်စီက ရိုက်နှက် ဖမ်းဆီးသွားကြောင်း ဒေသခံများထံကသိရသည်။

မအူပင်မြို့ မြို့သစ် (၂)လမ်းနေ ဦးလှဌေး ပိုင် ဆိုင်သည့် ကားအား စစ်တပ်ထောက်ခံသူများမှ တပ်ထောက်ခံပွဲလုပ်ရာတွင် ချောဆွဲ(အဓမ္မဖိအားပေးခိုင်းစေ) အသုံးပြုခဲ့ပြီး ကားပေါ်ရှိ

၄င်း၏ သားဖြစ်သူ ညီညီ ဆိုသူမှ စစ်အာဏာရှင်တော်လှန်ရေးသီချင်း ”သွေးသစ္စာ” သီချင်းမှားဖွင့်ခဲ့သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ညီညီဆိုသူအား ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်သွားပြီး ကားပါသိမ်း ဆည်းသွားကြောင်း သိရသည်။

”ဒီမနက်ပြုလုပ်တဲ့ မအူပင်မြို့ တပ်ထောက်ခံ ပွဲမှာ ဦးလှဌေးရဲ့ကား သုံးဖို့ဆိုပြီး ထောက်ခံပွဲလုပ်မယ့်သူတွေကချောဆွဲတယ်။ သီချင်းမှားဖွင့်တာကသူ့သား။

”အရေးကြီးပြီးဆိုပြီး” သီချင်းသံကြီးကထွက်လာတော့ချက်ချင်းပိတ်ခိုင်းပြီး သူ့သားကို စစ်သားတွေကရိုက်နှက်ပြီးခေါ်သွားတာ။ ဘယ် ခေါ်သွားတာလဲတော့မသိဘူး။ကားကိုတော့ရဲစခန်းထဲထည့်ထားတယ်”ဟု ဖမ်းဆီးခံရသူနှင့် နီးစပ်သူ တဦးက ပြောပါသည်။

Credit

Zawgyi





၎င်း၏ သားဖြစ်သူ ညီညီ ဆိုသူမှ စစ်အာဏာရှင်တော်လှန်ရေးသီချင်း သွေးသစ္စာ သီချင်းမှားဖွင့်ခဲ့သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ညီညီဆိုသူအား ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်သွားပြီး ကားပါသိမ်း ဆည်းသွားကြောင်း သိရသည်။



Credit

About the author

admin

Add Comment

Click here to post a comment