Local News

တမူးအကျဉ်းစခန်းတိုက်ခိုက်ခံရမှု ထောင်ပိုင်နဲ့ဝန်ထမ်း ၁၁ ဦးခန့် သေဆုံး

တမူးအကျဉ်းစခန်းတိုက်ခိုက်ခံရမှု ထောင်ပိုင်နဲ့ဝန်ထမ်း ၁၁ ဦးခန့် သေဆုံး

စစ်ကိုင်းတိုင်း တမူးမြို့မှာ ဇန်နဝါရီ ၁၀ ရက် မနက်ငါးနာရီခွဲအချိန်က ဝက်ရှုကျေးရွာနဲ့ နှစ်မိုင်ခန့်အကွာမှာရှိတဲ့ အုတ်ဖိုကန်ဘောင်အကျဉ်းစခန်းကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာမှာ ထောင်ပိုင်အပါအဝင် ဝန်ထမ်း ၁၁ ဦးခန့် သေဆုံးခဲ့တယ်လို့ တမူး PDF တပ်ရင်း (၁) က ဇန်နဝါရီ ၁၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။

အကျဉ်းစခန်းကို ဝင်ရောက်စီးနင်းချိန် အပြန်အလှန်ပစ်ခတ်ရာမှာ သေဆုံးခဲ့တာဖြစ်ပြီး PDF အဖွဲ့ဘက်ကလည်း သေဆုံးသူ နှစ်ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ လေးဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။

တမူး PDF အဖွဲ့ဝင်တစ်ဦးကတော့ အဲဒီနေ့က ဝင်ရောက်စီးနင်းမှုကို တမူး PDF တပ်ရင်း (၁) က လုပ်ဆောင်ခဲ့တာလို့ ပြောပါတယ်။

PDF အဖွဲ့ဘက်က သေဆုံးသူနှစ်ဦးအနက် တစ်ဦးရဲ့ ရုပ်အလောင်းကိုသာ သယ်ထုတ်နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် အခုလက်ရှိမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဝိတုတ်၊ ခမ်းပတ်နဲ့ တမူးမြို့ အဝင်တွေမှာ လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ်ချထားပြီး ကားနဲ့ ဆိုင်ကယ်တွေကို စစ်ဆေးနေတယ်လို့ တမူးမြို့ခံတွေက ပြောပါတယ်။

Photo: People’s Defense Force – Tamu – တပ်ရင်း-၂
(တမူး PDF တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်)

Zawgyi

တမူးအက်ဥ္းစခန္းတိုက္ခိုက္ခံရမႈ ေထာင္ပိုင္နဲ႔ဝန္ထမ္း ၁၁ ဦးခန္႔ ေသဆုံး

စစ္ကိုင္းတိုင္း တမူးၿမိဳ႕မွာ ဇန္နဝါရီ ၁၀ ရက္ မနက္ငါးနာရီခြဲအခ်ိန္က ဝက္႐ႈေက်း႐ြာနဲ႔ ႏွစ္မိုင္ခန္႔အကြာမွာ႐ွိတဲ့ အုတ္ဖိုကန္ေဘာင္အက်ဥ္းစခန္းကို ဝင္ေရာက္စီးနင္း တိုက္ခိုက္ခဲ့ရာမွာ ေထာင္ပိုင္အပါအဝင္ ဝန္ထမ္း ၁၁ ဦးခန္႔ ေသဆုံးခဲ့တယ္လို႔ တမူး PDF တပ္ရင္း (၁) က ဇန္နဝါရီ ၁၁ ရက္ မေန႔က ထုတ္ျပန္ပါတယ္။

အက်ဥ္းစခန္းကို ဝင္ေရာက္စီးနင္းခ်ိန္ အျပန္အလွန္ပစ္ခတ္ရာမွာ ေသဆုံးခဲ့တာျဖစ္ၿပီး PDF အဖြဲ႕ဘက္ကလည္း ေသဆုံးသူ ႏွစ္ဦးနဲ႔ ထိခိုက္ဒဏ္ရာရသူ ေလးဦး ႐ွိခဲ့တယ္လို႔ ဆိုပါတယ္။

တမူး PDF အဖြဲ႕ဝင္တစ္ဦးကေတာ့ အဲဒီေန႔က ဝင္ေရာက္စီးနင္းမႈကို တမူး PDF တပ္ရင္း (၁) က လုပ္ေဆာင္ခဲ့တာလို႔ ေျပာပါတယ္။

PDF အဖြဲ႕ဘက္က ေသဆုံးသူႏွစ္ဦးအနက္ တစ္ဦးရဲ႕ ႐ုပ္အေလာင္းကိုသာ သယ္ထုတ္ႏိုင္ခဲ့တယ္လို႔လည္း ဆိုပါတယ္။

ဒီကိစၥနဲ႔ပတ္သက္လို႔ စစ္ေကာင္စီေျပာခြင့္ရသူ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းကို RFA က ဆက္သြယ္ေမးျမန္းဖို႔ ႀကိဳးစားေနဆဲျဖစ္ပါတယ္။

ဒီတိုက္ခိုက္မႈေၾကာင့္ အခုလက္႐ွိမွာေတာ့ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြဟာ ဝိတုတ္၊ ခမ္းပတ္နဲ႔ တမူးၿမိဳ႕ အဝင္ေတြမွာ လုံျခဳံေရးေတြ တင္းတင္းက်ပ္က်ပ္ခ်ထားၿပီး ကားနဲ႔ ဆိုင္ကယ္ေတြကို စစ္ေဆးေနတယ္လို႔ တမူးၿမိဳ႕ခံေတြက ေျပာပါတယ္။

Photo: People’s Defense Force – Tamu – တပ္ရင္း-၂
(တမူး PDF တပ္ဖြဲ႕ဝင္တခ်ိဳ႕ကို ေတြ႕ရစဥ္)

Recent Comments

No comments to show.