Local News

တယ်လီနောက Wave Money ရှယ်ယာတွေ Yoma ထံ ရောင်းချမည်

တယ်လီနောက Wave Money ရှယ်ယာတွေ Yoma ထံ ရောင်းချမည်

နော်ဝေနိုင်ငံအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီဖြစ်တဲ့ တယ်လီနောဟာ ငွေလွှဲဝန်ဆောင်မှု လုပ်ငန်းဖြစ်တဲ့ Wave Money လုပ်ငန်းကို စီးပွားရေးလုပ်ငန်းရှင် ဦးသိမ်းဝေ (ခ) Serge Pun ရှယ်ယာ အများဆုံးပိုင်တဲ့ Yoma Strategic Holding ကုမ္ပဏီကို ရောင်းချတော့ မယ်လို့ Nikkei Asia သတင်းဌာနက ရေးထားပါတယ်။

တယ်လီနောက ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို အမေရိကန်ဒေါ်လာ ၁၀၄ သန်းနဲ့ ရောင်းချမှာ ဖြစ်ပြီး မကြာခင်ရက်ပိုင်း အပြီးသတ်လုပ်ဆောင်မယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့် Yoma Strategic Holdings မှာ ရှယ်ယာအများဆုံးပါဝင်တဲ့ Serge Pun (ခေါ်) ဦးသိမ်းဝေဟာ Yoma Group က ၇၅ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်လာမှာဖြစ်ပါတယ်။

Wave Money ရဲ့ကျန်တဲ့ ၂၅ ရာခိုင်နှုန်းကိုလည်း Yoma Strategic Holdings မှာပါဝင်တဲ့ အခြား ပုဂ္ဂလိကလုပ်ငန်းတွေကပဲ ပိုင်ဆိုင်ထားပါတယ်။

တယ်လီနောက ပိုင်တဲ့ အဲဒီရှယ်ယာတွေကို လွှဲပြောင်းရယူဖို့ ၂၀၂၀ ပြည့်နှစ် နှစ်လယ်ပိုင်း ကတည်းက သဘောတူညီခဲ့တယ်လို့ ဆိုပေမယ့် တယ်လီနောမြန်မာကတော့ ဈေးကွက် ပေါက်ကြားမှုနဲ့ ကောလဟလတွေကို ဖြေဆိုမှာမဟုတ်ကြောင်း ငြင်းဆိုခဲ့တယ်လို့ Nikkei Asia သတင်းဌာနက ဆိုပါတယ်။

တယ်လီနောမြန်မာရဲ့ လုပ်ငန်းတွေကို ဒေါ်လာ ၁၀၅ သန်းနဲ့ အပြီးသတ် ရောင်းချခဲ့တာနဲ့ Wave Money ကို ဒေါ်လာ ၁၀၄ သန်းနဲ့ ရောင်ချမှုကို နှိုင်းယှဉ်ကြည့်ရင် Wave Money ရဲ့ ဈေးနှုန်းဟာ များပြားနေတယ်လို့ ဆယ်သွယ်ရေး အော်ပရေတာတွေရဲ့ အကြီးပိုင်း အရာရှိတွေရဲ့ ပြောဆိုမှုကို ကိုးကားပြီး Nikkei Asia ကရေးသားထားပါတယ်။

တယ်လီနောမြန်မာဟာ မြန်မာနိုင်ငံက သူတို့ရဲ့ ဆက်သွယ်ရေးလုပ်ငန်းတွေ အားလုံးကို လက်ဘနွန် နိုင်ငံအခြေစိုက် M1 ကုမ္ပဏီထံ ဒေါ်လာ ၁၀၅ သန်းနဲ့ရောင်းချဖို့ သဘောတူခဲ့ကြောင်း ဇူလိုင်လက ကြေညာခဲ့ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီဘက်ကတော့ ဒါဟာ တရားဝင်မဟုတ်တာကြောင့် ပြည်တွင်း လုပ်ငန်းရှင်ကဲ့သို့ အခြားသော လုပ်ငန်းတွေကို ရောင်းချဖို့ ကန့်ကွက်ထားတယ်လို့ ဖော်ပြထားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ အင်တာနက်နဲ့ ငွေလွှဲမှုထိန်းချုပ် ကန့်သတ်ချက်တွေကြောင့် မြန်မာနိုင်ငံမှာ Wave Money အသုံးပြုသူတွေ နည်းပါးသွားပေမယ့် (၁၀) လ နီးပါးအကြာ နိုဝင်ဘာလကစပြီး သုံးစွဲသူ ပြန်လည် တိုးတက်လာပါတယ်။

ဒါပေမဲ့ ဒီနေ့အချိန်အထိ ကိုယ်စားလှယ်တွေနဲ့ အသုံးပြုသူတွေအကြားမှာ ရာခိုင်နှုန်း အပိုပေးချေရတာတွေ ငွေလွှဲသူရော ငွေလက်ခံသူပါ ဝန်ဆောင်ခပေးရတာတွေကို ရင်ဆိုင်နေရပါတယ်။

Photo: AFP
(ငွေလွှဲဝန်ဆောင်မှု လုပ်ငန်းဖြစ်တဲ့ Wave Money လုပ်ငန်းဆိုင်းဘုတ် တပ်ဆင်ထားတဲ့ ဆိုင်တစ်ဆိုင်ကို ၂၀၁၆ ခုနှစ်က တွေ့ရစဉ်)

Zawgyi

တယ္လီေနာက Wave Money ႐ွယ္ယာေတြ Yoma ထံ ေရာင္းခ်မည္

ေနာ္ေဝႏိုင္ငံအေျခစိုက္ ဆက္သြယ္ေရးကုမၸဏီျဖစ္တဲ့ တယ္လီေနာဟာ ေငြလႊဲဝန္ေဆာင္မႈ လုပ္ငန္းျဖစ္တဲ့ Wave Money လုပ္ငန္းကို စီးပြားေရးလုပ္ငန္း႐ွင္ ဦးသိမ္းေဝ (ခ) Serge Pun ႐ွယ္ယာ အမ်ားဆုံးပိုင္တဲ့ Yoma Strategic Holding ကုမၸဏီကို ေရာင္းခ်ေတာ့ မယ္လို႔ Nikkei Asia သတင္းဌာနက ေရးထားပါတယ္။

တယ္လီေနာက ႐ွယ္ယာ ၅၁ ရာခိုင္ႏႈန္းကို အေမရိကန္ေဒၚလာ ၁၀၄ သန္းနဲ႔ ေရာင္းခ်မွာ ျဖစ္ၿပီး မၾကာခင္ရက္ပိုင္း အၿပီးသတ္လုပ္ေဆာင္မယ္လို႔ ေဖာ္ျပထားပါတယ္။

ဒါေၾကာင့္ Yoma Strategic Holdings မွာ ႐ွယ္ယာအမ်ားဆုံးပါဝင္တဲ့ Serge Pun (ေခၚ) ဦးသိမ္းေဝဟာ Yoma Group က ၇၅ ရာခိုင္ႏႈန္းအထိ ပိုင္ဆိုင္လာမွာျဖစ္ပါတယ္။

Wave Money ရဲ႕က်န္တဲ့ ၂၅ ရာခိုင္ႏႈန္းကိုလည္း Yoma Strategic Holdings မွာပါဝင္တဲ့ အျခား ပုဂၢလိကလုပ္ငန္းေတြကပဲ ပိုင္ဆိုင္ထားပါတယ္။

တယ္လီေနာက ပိုင္တဲ့ အဲဒီ႐ွယ္ယာေတြကို လႊဲေျပာင္းရယူဖို႔ ၂၀၂၀ ျပည့္ႏွစ္ ႏွစ္လယ္ပိုင္း ကတည္းက သေဘာတူညီခဲ့တယ္လို႔ ဆိုေပမယ့္ တယ္လီေနာျမန္မာကေတာ့ ေဈးကြက္ ေပါက္ၾကားမႈနဲ႔ ေကာလဟလေတြကို ေျဖဆိုမွာမဟုတ္ေၾကာင္း ျငင္းဆိုခဲ့တယ္လို႔ Nikkei Asia သတင္းဌာနက ဆိုပါတယ္။

တယ္လီေနာျမန္မာရဲ႕ လုပ္ငန္းေတြကို ေဒၚလာ ၁၀၅ သန္းနဲ႔ အၿပီးသတ္ ေရာင္းခ်ခဲ့တာနဲ႔ Wave Money ကို ေဒၚလာ ၁၀၄ သန္းနဲ႔ ေရာင္ခ်မႈကို ႏိႈင္းယွဥ္ၾကည့္ရင္ Wave Money ရဲ႕ ေဈးႏႈန္းဟာ မ်ားျပားေနတယ္လို႔ ဆယ္သြယ္ေရး ေအာ္ပေရတာေတြရဲ႕ အႀကီးပိုင္း အရာ႐ွိေတြရဲ႕ ေျပာဆိုမႈကို ကိုးကားၿပီး Nikkei Asia ကေရးသားထားပါတယ္။

တယ္လီေနာျမန္မာဟာ ျမန္မာႏိုင္ငံက သူတို႔ရဲ႕ ဆက္သြယ္ေရးလုပ္ငန္းေတြ အားလုံးကို လက္ဘႏြန္ ႏိုင္ငံအေျခစိုက္ M1 ကုမၸဏီထံ ေဒၚလာ ၁၀၅ သန္းနဲ႔ေရာင္းခ်ဖို႔ သေဘာတူခဲ့ေၾကာင္း ဇူလိုင္လက ေၾကညာခဲ့ပါတယ္။

ဒါေပမဲ့ စစ္ေကာင္စီဘက္ကေတာ့ ဒါဟာ တရားဝင္မဟုတ္တာေၾကာင့္ ျပည္တြင္း လုပ္ငန္း႐ွင္ကဲ့သို႔ အျခားေသာ လုပ္ငန္းေတြကို ေရာင္းခ်ဖို႔ ကန္႔ကြက္ထားတယ္လို႔ ေဖာ္ျပထားပါတယ္။

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း စစ္ေကာင္စီရဲ႕ အင္တာနက္နဲ႔ ေငြလႊဲမႈထိန္းခ်ဳပ္ ကန္႔သတ္ခ်က္ေတြေၾကာင့္ ျမန္မာႏိုင္ငံမွာ Wave Money အသုံးျပဳသူေတြ နည္းပါးသြားေပမယ့္ (၁၀) လ နီးပါးအၾကာ ႏိုဝင္ဘာလကစၿပီး သုံးစြဲသူ ျပန္လည္ တိုးတက္လာပါတယ္။

ဒါေပမဲ့ ဒီေန႔အခ်ိန္အထိ ကိုယ္စားလွယ္ေတြနဲ႔ အသုံးျပဳသူေတြအၾကားမွာ ရာခိုင္ႏႈန္း အပိုေပးေခ်ရတာေတြ ေငြလႊဲသူေရာ ေငြလက္ခံသူပါ ဝန္ေဆာင္ခေပးရတာေတြကို ရင္ဆိုင္ေနရပါတယ္။

Photo: AFP
(ေငြလႊဲဝန္ေဆာင္မႈ လုပ္ငန္းျဖစ္တဲ့ Wave Money လုပ္ငန္းဆိုင္းဘုတ္ တပ္ဆင္ထားတဲ့ ဆိုင္တစ္ဆိုင္ကို ၂၀၁၆ ခုႏွစ္က ေတြ႕ရစဥ္)

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.