Local News

တရားစွဲခံထားရသည့် အမှု့နှစ်မှု့အတွက် ပြည်သူ့ဒေါ် အောင်ဆန်းစုကြည်ကိုယ်တိုင် သက်သေအဖြစ်…

တရားစွဲခံထားရသည့် အမှု့နှစ်မှု့အတွက် ပြည်သူ့ဒေါ် အောင်ဆန်းစုကြည်ကိုယ်တိုင် သက်သေအဖြစ်…

ပြည်သူ့‌ေခါင်း‌ေဆာင်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲထားတဲ့ ပို့ကုန်သွင်းကုန်အမှု့နဲ့ ဆက်သွယ်ရေးအမှု့နှစ်မှု့တို့အတွက် လာမယ့်အပတ်မှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သက်သေအဖြစ်ထွက်ဆိုမယ်လို့ နေပြည်တော်က တရားရုံးအသိုင်းအဝိုင်းကနေတစ်ဆင့် သိရှိရပါသည်။

ဒီအမှု့နှစ်မှု့ဟာ ဖေဖော်ဝါရီ ၁ ရက်က နေပြည်တော်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေရာမှာ လုံခြုံရေးအဖွဲ့ထံက စကားပြောစက်များ နဲ့ Jammer စက်ကို ဖမ်းမိခဲ့တယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ နဲ့ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇ တို့နဲ့ တရားစွဲထားတဲ့အမှု့များဖြစ်ပါသည်။

ယနေ့ တရားခွင်မှာ ဒီအမှု့နှစ်မှု့နဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က သက်သေစာရင်းတင်ပြဖို့ တရားသူကြီးက မေးမြန်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဘက်က သက်သေတင်ပြဖို့ ငြင်းဆိုခဲ့ပါသည်။

ဒါကြောင့် ဒီအမှု့နှစ်မှု့နဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လာမယ့် နိုဝင်ဘာ ၂၂ ရက်မှာ သက်သေအဖြစ် ထွက်ဆိုမှာဖြစ်ကြောင်း အမှုစီမံခန့်ခွဲရေးအစီအစဉ်အရ ဆုံးဖြတ်ခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက ဆိုပါသည်။

နိုဝင်ဘာ ၂၂ ရက်္မှာ သက်သေထွက်ဆိုပြီးရင်တော့ ဒီဇင်ဘာ ၆ ရက်မှာ အပြီးသတ်လျှောက်လဲချက်ပေးရမှာဖြစ်ပါသည်။

Credit