International News

တရုတ်နိုင်ငံ ရှန်ဟိုင်းတွင် တိုင်ဖွန်းမွှေသဖြင့် လူ ၃ သိန်းကျော် အိုးအိမ်စွန့်ခွာရ

တရုတ်နိုင်ငံ ရှန်ဟိုင်းတွင် တိုင်ဖွန်းမွှေသဖြင့် လူ ၃ သိန်းကျော် အိုးအိမ်စွန့်ခွာရ

တိုင်ဖွန်း ချန်သူး(Chanthu) ရှန်ဟိုင်းသို့ဝင်ရောက်တိုက်ခတ်သဖြင့် ဒေသခံပြည်သူ သုံးသိန်းသုံးသောင်းခန့်(၃၃၀၀၀၀)တို့သည် မိမိတို့ နေအိမ်များကို စွန့်ခွာ၍ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ကြရသည်။

ယင်းမုန်တိုင်းသည် ယခုနှစ်အတွင်း တရုတ်နိုင်ငံသို့ ၁၄ လုံးမြောက် ဝင်ရောက်သော မုန်တိုင်းဖြစ်သည်။

ချန်သူးမုန်တိုင်းသည် စက်တင်ဘာ ၁၅ ရက်အထိ ရှန်ဟိုင်းမြို့ အရှေ့ဖက် ကီလိုမီတာ ၁၀၀ နှင့် ၂၀၀ အကြား အနီးတဝိုက်တွင် ရှိနေဦးမည်ဖြစ်ပြီး၊

စက်တင်ဘာ ၁၆ ရက်တွင်မူ အင်အားပျော့က အရှေ့ဖက်အရပ်သို့ ရွေ့လျားထွက်ခွာသွားမည်ဟု မိုးလေဝသဌာနများက ခန့်မှန်းထားကြသည်။

ရှန်ဟိုင်းတွင် စက်တင်ဘာ ၁၃ရက် ညပိုင်းမှ စတင်၍ မိုးသက်လေပြင်းများကျရောက်ခဲ့ရာ စက်တင်ဘာ ၁၅ ရက်အထိကာလအတွင်း မိုးရေချိန် ၂၅ စင်တီမီတာ အထိ ရွာသွန်းနိုင်သည်။

မုန်တိုင်းတိုက်ခတ်မှုကြောင့် အဝေးပြေးယာဉ် အစီး ၁၅၀ အား ယာယီရပ်ဆိုင်းလိုက်သလို၊ သင်္ဘောနှင့် ရထားပို့ဆောင်ရေးအချို့ကိုလည်း ယာယီဆိုင်းငံ့ထားကာ၊ ကမ္ဘာလှည့်ခရီးသွားနေရာဌာန ၁၁၂ ခုကိုလည်း ယာယီပိတ်ထားကြောင်းသိရသည်။

ကိုးကား
Nearly 330,000 evacuated as Shanghai braces for typhoon

Credit