International News

တရုတ်နှင့်အမေရိကန်သမ္မတတို့ အပြန်အလှန်ဆက်ဆံရေး ဆွေးနွေး

အမေရိကန်သမ္မတ Joseph R. Biden ဟာ သောကြာမနက်မှာ တရုတ်သမ္မတရှီကျင့်ဖျင်ဆီ တယ်လီဖုန်းခေါ်ဆိုခဲ့ပြီး ခေါင်းဆောင်နှစ်ဦးဟာ ပွင့်လင်းလေးနက်ပြီး

ကျယ်ပြန့်တဲ့ မဟာဗျူဟာမြောက် ဆက်သွယ်ရေးနဲ့ အပြန်အလှန်ဆက်ဆံရေးနဲ့ သက်ဆိုင်ရာ အကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်တွေ အပြန်အလှန် ဆွေးနွေး ဖလှယ်ခဲ့ကြပါတယ်။

ရှီကပြောကြားရာမှာ မကြာသေးမီက တရုတ်အပေါ်ထားရှိတဲ့ အမေရိကန်မူဝါဒတွေဟာ နှစ်နိုင်ငံဆက်ဆံရေးအတွက် ကြီးမားတဲ့ အခက်အခဲတွေ ဖြစ်ပေါ်စေခဲ့ပြီး ဒါဟာ နှစ်နိုင်ငံ ပြည်သူ တွေရဲ့ အခြေခံအကျိုးစီးပွားနဲ့ ကမ္ဘာ့ဘုံအကျိုးစီးပွားတို့ မကိုက်ညီဘူးလို့ ပြောကြားခဲ့ပါတယ်။

ဘိုင်ဒန်ကလည်း အမေရိကန်ဟာ တရုတ်နဲ့ ပိုမိုပွင့်လင်းပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေး မှုတွေလုပ်ဖို့ ဆန္ဒရှိကြောင်းနဲ့ အမေရိကန်-တရုတ်ဆက်ဆံရေး လမ်းကြောင်းမှန်ပေါ်ပြန်ရောက်ဖို့

တွန်းအားပေးတဲ့အနေနဲ့ နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အဓိကနဲ့ ဦးစားပေးနယ်ပယ်တွေ ကို ရှာဖွေပြီး နားလည်မှုလွဲမှားခြင်း၊ အထင်မှားခြင်း ဒါမှမဟုတ် ပဋိပက္ခတွေကို ရှောင်ရှားဖို့တွေကို ပြောသွားပါတယ်။

နှစ်နိုင်ငံဆက်ဆံရေးနဲ့ နိုင်ငံတကာအရေးကိစ္စတွေအပေါ်မှာ တရုတ်နဲ့ အမေရိကန် ခေါင်းဆောင်တို့အကြားက နက်ရှိုင်းတဲ့ဆက်သွယ်မှုဟာ နှစ်နိုင်ငံဆက်ဆံရေးရဲ့ မှန်ကန်တဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်အရေးကြီးတယ်ဆိုတာကို နှစ်ဖက်စလုံးက သဘောတူခဲ့ ကြပါတယ်။

ခေါင်းဆောင်တွေဟာ နည်းလမ်းများစွာကနေတဆင့် ပုံမှန်အဆက်အသွယ်တွေကို ထိန်းသိမ်းထားဖို့၊ သူတို့ရဲ့လုပ်ငန်းတွေကို အရှိန်မြှင့်တင်ပြီး ကျယ်ပြန့်တဲ့ တွေ့ဆုံဆွေးနွေးရေးကို အကောင်အထည်ဖော်ဖို့အတွက်

နှစ်ဖက်စလုံးရဲ့ လုပ်ကိုင်ပုံအဆင့်တွေကို ညွှန်ပြပေးဖို့၊ ဒါမှသာ တရုတ်-အမေရိကန်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းကောင်းတွေ ဖန်တီးပေး နိုင်မယ်ဆိုတာကို သဘောတူညီခဲ့ကြပါတယ်။

Ref DVB