Local News

တာဝါတိုင်များအားဖျက်ဆီးသူတွေကို မိခဲ့ရင် ပေးမယ့်ပစ်ဒဏ်နှင့် PDF မိသားစုတွေကို သတိပေး

တာဝါတိုင်များအားဖျက်ဆီးသူတွေကို မိခဲ့ရင် ပေးမယ့်ပစ်ဒဏ်နှင့် PDF မိသားစုတွေကို သတိပေး

MyTel တာဝါတိုင်တွေကို PDF တွေ ဖျ က် ဆီးနေကြခြင်းဟာ နိုင်ငံတော်ကို ပုန်ကန်ခြင်းမြောက်တဲ့အတွက် စစ်ကောင်စီက ဖမ်းမိခဲ့ရင်

သေဒ ဏ်မှတပါး အခြားမရှိဘူးလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက အရေးကြီးသတင်းတစ်ရပ်အနေနဲ့ ၁၀ရက်​နေ့ ညနေ ၃ နာရီခန့်က ပြောကြားလိုက်ပါတယ်။

မိမိတို့စစ်ကောင်စီအနေဖြင့် အထပ်ထပ်အခါခါ ခွင့်လွှတ်သီးခံခဲ့သော်လည်း ဤအစွန်းရောက်များက I S I S ဆန်ဆန်၊ တာ လီ ဘ န်ဆန်ဆန် လူထုဒုက္ခရောက်အောင် အမျိုးမျိုး ဒုက္ခပေးဖျက်ဆီးနေကြခြင်းမှာ တိုင်းပြည်ကို အလုံးစုံပျ က် စီးရေး ချောက်ထဲဆွဲချနေခြင်းသာဖြစ်ပါတယ်။

ကျွန်တော်တို့ အိမ်စောင့်အစိုးရရဲ့အကြီးအကဲဖြစ်သူ ဥက္ကဌဗိုလ်ချုပ်မှူးကြီးကလည်း တာဝါတိုင်တွေကို PDF သူပုန်တွေ ဖျ က်ဆီးနေကြတာဟာအကျိုးမရှိကြောင်း
အစည်းအဝေးမှာ ထည့်သွင်းပြောဆိုခဲ့ပြီးဖြစ်ပါတယ်၊

PDF တွေ ဒီလိုဆက်လုပ်နေမယ်ဆိုရင် စစ်ကောင်စီဟာ အရေးပေါ် ဥပဒေတစ်ရပ်ပြဌာန်းပြီး PDF တွေရဲ့မိသားစုတွေကိုတိုင်းပြည်အတွင်း ရှာဖွေဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ်၊ သေဒ ဏ် စီရင် ခံရနိုင်တဲ့အထိ ဥပဒေပြဌာန်းရပါလိမ့်မယ်။

အခုလည်း မြို့တွင်းတိုက်ပွဲဆိုပြီး PDF တွေ ရန်ကုန်နဲ့မန္တလေးမှာ နေရာအနှံ့ဗုံ းခွဲတိုက်ခိုက်နေကြခြင်းကြောင့် အပြစ်မဲ့တပ်မတော်သားတွေ ရဲဝန်ထမ်းတွေသေ ကြေ ပျက်စီ းမှုတွေ ဖြစ်ခဲ့ရပြီးဖြစ်ပါတယ်။

ထို့ကြောင့် ပြည်သူများအနေဖြင့် အဖျက်အမှောင့်ပြုနေသူ PDF ဆိုသူများကို သိရှိပါက တပ်မတော်စစ်ရုံးများသို့ တိုက်ရိုက်သတင်းလာပေးပို့နိုင်ကြောင်း အသိပေးအပ်ပါတယ်။

Zawgyi







