Local News

တာဝါတိုင် ၃၆၁ တိုင် ဖျက်ဆီးခံခဲ့ရကြောင်း စစ်ကောင်စီ ထုတ်ပြန်

တာဝါတိုင် ၃၆၁ တိုင် ဖျက်ဆီးခံခဲ့ရကြောင်း စစ်ကောင်စီ ထုတ်ပြန်

စစ်အာဏာသိမ်းခဲ့သည့်ဖေဖော်ဝါရီ၁ရက်နေ့နောက်ပိုင်းနိုဝင်ဘာလ၃၀ရက်နေ့ထိ၁၀လအတွင်းစစ်အုပ်စုပိုင်မိုင်တဲလ်တာဝါတိုင်များအပါအဝင်ဆက်သွယ်ရေးတာဝါတိုင်၄၀၉ခုဖျက်ဆီးခံခဲ့ရကြောင်းဒီဇင်ဘာလ၁ရက်နေ့ကစစ်ကောင်စီထုတ်ပြန်သည့်စာရင်းဇယားများအရသိရသည်

မြန်မာနိုင်ငံတဝန်းဖျက်ဆီးခံရသည့်ဆက်သွယ်ရေးတာဝါတိုင်များတွင်စစ်အုပ်စုပိုင်မိုင်တဲလ်တာဝါတိုင်အများဆုံးဖြစ်ပြီး၃၆၁ခုပါဝင်ကာအခြားဆက်သွယ်ရေးအော်ပရေတာများဖြစ်သည့်အမ်ပီတီ၊အော်ရီဒူးနှင့်တယ်လီနော်တာဝါတိုင်များလည်းပါဝင်ကြောင်း ဖော်ပြထား သည်။

စစ်အုပ်စုပိုင်မိုင်တဲလ်တာဝါတိုင်များဖျက်ဆီးခံရမှုတွင်စစ်ကိုင်းတိုင်းအတွင်းအများဆုံးဖြစ်ပြီးအဆိုပါ၁၀လတာကာလအတွင်း ၁၇၁တိုင်ထိဖျက်ဆီးခံခဲ့ရကြောင်းသိရသည်

မြန်မာနိုင်ငံတဝန်းဒေသအလိုက်ဖွဲ့စည်းထားသည့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့PDFများအနေဖြင့်စစ်အုပ်စုထောက်တိုင်စီးပွားရေးလုပ်ငန်းဖြစ်သည့်မိုင်တဲလ်ဆက်သွယ်ရေးတာဝါတိုင်များအားပစ်မှတ်ထားဖျက်ဆီး၍စစ်အုပ်စုဝင်ငွေနည်းပါးရန်ဆောင်ရွက်လျက်ရှိသည်

စစ်ကိုင်းတိုင်းအတွင်း PDF တပ်ဖွဲ့ဝင်အချို့က မိုင်တဲလ်တာဝါတိုင်များဖျက်ဆီးပြီးနောက် ရရှိ လာသည့် သံထည်ပစ္စည်းများဖြင့် အဝေးပစ် လက်နက်များပြန်လည်ပြုလုပ် အသုံးပြုနိုင်နေပြီဖြစ်ကြောင်း သိရသည်

Zawgyi

တာဝါတိုင္ ၃၆၁ တိုင္ ဖ်က္ဆီးခံခဲ့ရေၾကာင္း စစ္ေကာင္စီ ထုတ္ျပန္

စစ္အာဏာသိမ္းခဲ့သည့္ေဖေဖာ္ဝါရီ၁ရက္ေန႔ေနာက္ပိုင္းႏိုဝင္ဘာလ၃၀ရက္ေန႔ထိ၁၀လအတြင္းစစ္အုပ္စုပိုင္မိုင္တဲလ္တာဝါတိုင္မ်ားအပါအဝင္ဆက္သြယ္ေရးတာဝါတိုင္၄၀၉ခုဖ်က္ဆီးခံခဲ့ရေၾကာင္းဒီဇင္ဘာလ၁ရက္ေန႔ကစစ္ေကာင္စီထုတ္ျပန္သည့္စာရင္းဇယားမ်ားအရသိရသည္

ျမန္မာႏိုင္ငံတဝန္းဖ်က္ဆီးခံရသည့္ဆက္သြယ္ေရးတာဝါတိုင္မ်ားတြင္စစ္အုပ္စုပိုင္မိုင္တဲလ္တာဝါတိုင္အမ်ားဆုံးျဖစ္ၿပီး၃၆၁ခုပါဝင္ကာအျခားဆက္သြယ္ေရးေအာ္ပေရတာမ်ားျဖစ္သည့္အမ္ပီတီ၊ေအာ္ရီဒူးႏွင့္တယ္လီေနာ္တာဝါတိုင္မ်ားလည္းပါဝင္ေၾကာင္း ေဖာ္ျပထား သည္။

စစ္အုပ္စုပိုင္မိုင္တဲလ္တာဝါတိုင္မ်ားဖ်က္ဆီးခံရမႈတြင္စစ္ကိုင္းတိုင္းအတြင္းအမ်ားဆုံးျဖစ္ၿပီးအဆိုပါ၁၀လတာကာလအတြင္း ၁၇၁တိုင္ထိဖ်က္ဆီးခံခဲ့ရေၾကာင္းသိရသည္

ျမန္မာႏိုင္ငံတဝန္းေဒသအလိုက္ဖြဲ႕စည္းထားသည့္ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕PDFမ်ားအေနျဖင့္စစ္အုပ္စုေထာက္တိုင္စီးပြားေရးလုပ္ငန္းျဖစ္သည့္မိုင္တဲလ္ဆက္သြယ္ေရးတာဝါတိုင္မ်ားအားပစ္မွတ္ထားဖ်က္ဆီး၍စစ္အုပ္စုဝင္ေငြနည္းပါးရန္ေဆာင္႐ြက္လ်က္႐ွိသည္

စစ္ကိုင္းတိုင္းအတြင္း PDF တပ္ဖြဲ႕ဝင္အခ်ိဳ႕က မိုင္တဲလ္တာဝါတိုင္မ်ားဖ်က္ဆီးၿပီးေနာက္ ရ႐ွိ လာသည့္ သံထည္ပစၥည္းမ်ားျဖင့္ အေဝးပစ္ လက္နက္မ်ားျပန္လည္ျပဳလုပ္ အသုံးျပဳႏိုင္ေနၿပီျဖစ္ေၾကာင္း သိရသည္