Local News

တိကျမှန်ကန် မိုးလေဝသဆရာမလေး စုစုစံ ရဲ့ မုန်တိုင်း သတိပေးထုတ်ပြန်ချက်

တိကျမှန်ကန် မိုးလေဝသဆရာမလေး စုစုစံ ရဲ့ မုန်တိုင်း သတိပေးထုတ်ပြန်ချက်

ထိုင်းပင်လယ်ကွေ့အတွင်းမှTD 94w မုန်တိုင်းငယ်သည် ပိုမိုအားကောင်းတဲ့ မုန်တိုင်းတစ်လုံးဖြစ်လာနိုင်ကာ လှိုင်းကြီး လေထန် မိုးကြီးနိုင်သဖြင့် ကော့သောင်းခရိုင်နှင့် ကျွန်းစုများတွင် ငါးဖမ်းထွက်ခြင်း ခရီးသွားခြင်း မပြုလုပ်ရန် မိုးလေဝသ စုစုစံမှ အထူးသတိပေးချက်တရပ်ထုတ်ပြန်ထားပါတယ်။

ထုတ်ပြန်ချက်မှာ ”တောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေသော94w invest လေဖိအားနည်းလေဝဲသည် တစ်နာရီလေတိုက်ခတ်နှုန်း 20 kt ဖြင့် tropical Depression မုန်တိုင်းငယ်အဆင့်သို့ရောက်ရှိလာပြီး ထိုင်းပင်လယ်ကွေ့အတွင်းကိုဝင်ရောက်လာခဲ့ပြီဖြစ်ပါတယ်။

30/Nov/2021 to 3Dec/2021 နေ့အတွင်း ထိုင်းပင်လယ်ကွေ့အတွင်းသို့ လှေသင်္ဘောများမသွားသင့်ပါဘူး အဆိုပါရက်များအတွင်း ဗီလစ်ပိုင်နိုင်ငံတောင်ပိုင်း မလေးရှားနိုင်ငံမြောက်ပိုင်း ထိုင်းနိုင်ငံတောင်ပိုင်းတွေမှာ မိုးကြီးရေလျှံနိုင်ပါတယ်။

၂၀၂၁ ဒီဇင်ဘာလ ၁ရက်နေ့မှ ၃ရက်နေ့အတွင်း တနင်္သါရီတောင်ပိုင်း ကော့သောင်းခရိုင်တွင် မိုးများစွာရွာသွန်းနိုင်ပါတယ်။

Breaking News ၂၁၂၁ ဒီဇင်ဘာလ ၂ ရက်နေ့တွင် ထိုင်းပင်လယ်ကွေ့အတွင်းမှTD 94w မုန်တိုင်းငယ်သည် မလေးကျွန်းစွယ်ကိုဖြတ်ကျော်ပြီး ကပ္ပလီပင်လယ်ပြင်ကိုရောက်ရှိလာနိုင်ပါတယ်။

ဒီဇင်ဘာလ ၁ ရက်နေ့မှ ၃ရက်နေ့အတွင်းကော့သောင်းခရိုင်နှင့်ကျွန်းစုများတွင်ငါးဖမ်းထွက်ခြင်း ခရီးသွားခြင်း မပြုလုပ်သင့်ပါ လှိုင်းကြီးလေထန်မိုးကြီးနိုင်ပါတယ်။

TD 94wသည် ဒီဇင်ဘာလ ၃ရက်နေ့မှာဘင်္ဂလားပင်လယ်အော်ကိုရောက်ရှိလာမှာဖြစ်ပြီး ပိုမိုအားကောင်းတဲ့ မုန်တိုင်းတစ်လုံးဖြစ်လာနိုင်ပါတယ်”လို့ ကြိုတင်သတိပေးထုတ်ပြန်ပေးထားပါတယ်။

မုန်တိုင်းအရှိန်ကြောင့် လှိုင်းကြီး လေထန် မိုးကြီးနိုင်သဖြင့် ကော့သောင်းခရိုင်နှင့် ကျွန်းစုများတွင် ငါးဖမ်းထွက်ခြင်း ခရီးသွားခြင်း မပြုလုပ်ရန်အထူးသတိပေးနှိုးဆော်အပ်ပါသည်။

မိုးဇလရဲ့ ဒီဇင်ဘာလ ပထမပတ်အတွက် မိုးလေဝသခန့်မှန်းချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း

(၂)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၁)ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိနိုင်ကာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် ရွာသွန်းမြဲထက် ပိုနိုင်ပြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ကာနေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊

ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်နှင့်ကယားပြည်နယ်တို့တွင် ရွာသွန်းမြဲခန့်မိုးထစ်ချုန်းရွာနိုင်တယ်လို့ ခန့်မှန်းပေးထားပါတယ်။

About the author

admin

Add Comment

Click here to post a comment