Local News

တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် Silent Strike တွင် ပြည်သူအားလုံးပါဝင်ပေးကြရန် ဒေါက်တာတေဇာဆန်း တိုက်တွန်း (ရုပ်/သံ)

တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် Silent Strike တွင် ပြည်သူအားလုံးပါဝင်ပေးကြရန် ဒေါက်တာတေဇာဆန်း တိုက်တွန်း (ရုပ်/သံ အပြည့်အစုံ ‌‌ေအာက်တွင်ပါသည်)

ရန်ကုန်၊ ဒီဇင်ဘာ ၉

ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် တနိုင်ငံလုံးအတိုင်းအတာဖြင့် တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် (Silent Strike) ပြုလုပ်ကြမည်ဖြစ်ရာ အနက်ရောင် အဝတ်အစားကို ဝတ်ဆင်ပြီး

အာဏာရှင်ဆန့်ကျင်ရေးအမှတ်အသား လက် (၃) ချောင်းထောင်ကာ ဓာတ်ပုံမှတ်တမ်းတင်ပြီး လူမှုကွန်ယက်စာမျက်နှာတွေမှာ မျှဝေဖော်ထုတ်ကြဖို့ မန္တလေးသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက ယနေ့ တိုက်တွန်းလိုက်သည်။

ပြည်သူတွေ သွေးမအေးဘူးဆိုတာကို ဖော်ထုတ်ပြသရေး၊ တိုင်းပြည်မှာ လူ့အခွင့်အရေးဆိတ်သုဉ်းနေတာကို ဖော်ညွှန်းရေး၊ တော်လှန်ရေးအဆက်ဆက် ပေးဆပ်တိုက်ပွဲဝင်ခဲ့ကြတဲ့

အာဇာနည်သူရဲကောင်းအပေါင်းကို ဂုဏ်ပြုအောက်မေ့ရေးစသည့် ရည်ရွယ်ချက်များဖြင့် ဒီဇင်ဘာ (၁၀) ရက်နေ့ Silent Strike တွင်ပါဝင်ကြဖို့ ဖြစ်ကြေင်း ဒေါက်တာတေဇာဆန်းက ဆိုသည်။

“ကမ္ဘာပေါ်မှာ အကျယ်လောင်ဆုံး “အသံ” က “တိတ်ဆိတ်ငြိမ်သတ်ခြင်း အသံ” ပါပဲ၊ တနိုင်ငံလုံးအဆင့် Silent Strike ဆိုတာ တော်ရုံတန်ရုံ လူထုအနေအထား၊ တော်ရုံတန်ရုံ တော်လှန်စိတ်၊

တော်ရုံတန်ရုံ နိုင်ငံမျိုးမှာ လုပ်လို့ မရနိုင်ပါဘူး။ ပြည်သူ့အင်အား၊ ပူးပေါင်းပါဝင်မှု၊ စုစည်းညီညွတ်မှုတွေ အင်မတန်အားကောင်းပါမှ၊ ပြည်သူ ညီမှ အောင်မြင်နိုင်မယ့် အမျိုးပါ။

သို့သော် အခု ကျနော်တို့ ဒါကို လုပ်ကြမယ်။ မြန်မာပြည်သူတွေရဲ့ တော်လှန်စိတ် တော်လှန်သွေးကို လုံးဝ ယုံကြည်လို့၊ စိတ်ချလို့၊ အားကိုးလို့ အခုလို Silent Strike ကို နှိုးဆော်ဆင်နွှဲကြတာပဲ ဖြစ်တယ်” ဟု ဒေါက်တာတေဇာဆန်းက လူမှုကွန်ရက်မှတဆင့် တိုက်တွန်းနှိုးဆော်သည်။

Zawgyi

တိတ္ဆိတ္ၿငိမ္သက္ျခင္းသပိတ္ Silent Strike တြင္ ျပည္သူအားလုံးပါဝင္ေပးၾကရန္ ေဒါက္တာေတဇာဆန္း တိုက္တြန္း (႐ုပ္/သံ)

ရန္ကုန္၊ ဒီဇင္ဘာ ၉

ဒီဇင္ဘာလ ၁၀ ရက္ေန႔တြင္ တႏိုင္ငံလုံးအတိုင္းအတာျဖင့္ တိတ္ဆိတ္ၿငိမ္သက္ျခင္းသပိတ္ (Silent Strike) ျပဳလုပ္ၾကမည္ျဖစ္ရာ အနက္ေရာင္ အဝတ္အစားကို ဝတ္ဆင္ၿပီး

အာဏာ႐ွင္ဆန္႔က်င္ေရးအမွတ္အသား လက္ (၃) ေခ်ာင္းေထာင္ကာ ဓာတ္ပုံမွတ္တမ္းတင္ၿပီး လူမႈကြန္ယက္စာမ်က္ႏွာေတြမွာ မွ်ေဝေဖာ္ထုတ္ၾကဖို႔ မႏၲေလးသပိတ္ေခါင္းေဆာင္ ေဒါက္တာေတဇာဆန္းက ယေန႔ တိုက္တြန္းလိုက္သည္။

ျပည္သူေတြ ေသြးမေအးဘူးဆိုတာကို ေဖာ္ထုတ္ျပသေရး၊ တိုင္းျပည္မွာ လူ႕အခြင့္အေရးဆိတ္သုဥ္းေနတာကို ေဖာ္ၫႊန္းေရး၊ ေတာ္လွန္ေရးအဆက္ဆက္ ေပးဆပ္တိုက္ပြဲဝင္ခဲ့ၾကတဲ့

အာဇာနည္သူရဲေကာင္းအေပါင္းကို ဂုဏ္ျပဳေအာက္ေမ့ေရးစသည့္ ရည္႐ြယ္ခ်က္မ်ားျဖင့္ ဒီဇင္ဘာ (၁၀) ရက္ေန႔ Silent Strike တြင္ပါဝင္ၾကဖို႔ ျဖစ္ေၾကင္း ေဒါက္တာေတဇာဆန္းက ဆိုသည္။

“ကမ႓ာေပၚမွာ အက်ယ္ေလာင္ဆုံး “အသံ” က “တိတ္ဆိတ္ၿငိမ္သတ္ျခင္း အသံ” ပါပဲ၊ တႏိုင္ငံလုံးအဆင့္ Silent Strike ဆိုတာ ေတာ္႐ုံတန္႐ုံ လူထုအေနအထား၊ ေတာ္႐ုံတန္႐ုံ ေတာ္လွန္စိတ္၊

ေတာ္႐ုံတန္႐ုံ ႏိုင္ငံမ်ိဳးမွာ လုပ္လို႔ မရႏိုင္ပါဘူး။ ျပည္သူ႕အင္အား၊ ပူးေပါင္းပါဝင္မႈ၊ စုစည္းညီၫြတ္မႈေတြ အင္မတန္အားေကာင္းပါမွ၊ ျပည္သူ ညီမွ ေအာင္ျမင္ႏိုင္မယ့္ အမ်ိဳးပါ။

သို႔ေသာ္ အခု က်ေနာ္တို႔ ဒါကို လုပ္ၾကမယ္။ ျမန္မာျပည္သူေတြရဲ႕ ေတာ္လွန္စိတ္ ေတာ္လွန္ေသြးကို လုံးဝ ယုံၾကည္လို႔၊ စိတ္ခ်လို႔၊ အားကိုးလို႔ အခုလို Silent Strike ကို ႏိႈးေဆာ္ဆင္ႏႊဲၾကတာပဲ ျဖစ္တယ္” ဟု ေဒါက္တာေတဇာဆန္းက လူမႈကြန္ရက္မွတဆင့္ တိုက္တြန္းႏိႈးေဆာ္သည္။

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.