Local News

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လိုပါက တိုးတက်သာယာဝပြောလိုသည့် ဆန္ဒရှိရမှာဖြစ်တယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်မှ ထပ်မံပြောကြား

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လိုပါက တိုးတက်သာယာဝပြောလိုသည့် ဆန္ဒရှိရမှာဖြစ်တယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်မှ ထပ်မံပြောကြား

ဒီဇင်ဘာ ၁၂

တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်စေလိုတယ်၊ သာယာဝပြောစေလိုတယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်သာယာဝပြောလိုသည့်ဆန္ဒ ရှိရမှာဖြစ်တယ်လို့ စစ်ကောင်စီဥက္ကဋ္ဌက ပြောဆိုလိုက်ပါတယ်။

တတိယအကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ဆီ(၂၀၂၁)ပွဲတော်ရဲ့ ဖွင့်ပွဲအခမ်းအနားမှ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကvideo message ပေးပို့ကာ အဖွင့်မိန့်ခွန်းပြောဆိုခဲ့တာဖြစ်ပါတယ်။

ထိုဆန္ဒ၊ သဘောထားနဲ့ တစ်ပေါင်းတစ်စည်းတည်း စုပေါင်းဆောင်ရွက်များရှိလာပါက မိမိတို့နိုင်ငံ၊ မိမိတို့လူမျိုးအတွက် မဖြစ်နိုင်စရာဆိုတာ မရှိဘူးဆိုတာကို ကိုဗစ်-၁၉တတိယလှိုင်းကို ကျော်လွှားခဲ့ခြင်းက ထင်ရှားတဲ့သက်သေဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်ထောင်စုစိတ်ဓါတ်သန်ခိုင်မာစေရေးလုပ်ငန်းစဉ်နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုးမြှင့်ဆောင်ရွက်ခြင်းလုပ်ငန်းစဉ်များမှာ တိုင်းရင်းသားအားလုံးနဲ့ သက်ဆိုင် သူအားလုံးက ပူးပေါင်းပါဝင်ရန် အထက်ပါပုဂ္ဂိုလ်က တိုက်တွန်းပြောဆိုလိုက်ပါတယ်။

NCA ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ ငြိမ်းချမ်းရေးပိုမိုခိုင်မာအောင် ဆောင်ရွက်တာနဲ့ လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်များကိုလည်း

NCA လက်မှတ်ရေးထိုးနိုင်ရန် ပစ်ခတ်တိုက်ခိုက်မှုလျော့နည်းလာစေရေးနဲ့ နှစ်ဖက်သဘောတူညီချက်များရရှိစေရေး ဆောင်ရွက်သွားမယ်လို့ အထက်ပါပုဂ္ဂိုလ်က ထည့်သွင်းပြောဆိုထားပါတယ်။
TMA

Zawgyi


ဒီဇင်ဘာ ၁၂






TMA

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.