တောင်တန်းဂီတ လက်မှတ် ပိုင်ရှင်များအတွက် အထူးအစီအစဉ် အနုပညာ အတတ်ပညာရှင်များနဲ့ ခရီးသွားခွင့်

တောင်တန်းဂီတ လက်မှတ် ပိုင်ရှင်များအတွက် အထူးအစီအစဉ် အနုပညာ အတတ်ပညာရှင်များနဲ့ ခရီးသွားခွင့်

အောက်ဖော်ပြပါ အနုပညာရှင်များဟာ မိမိတို့ လွိုင်ကော် PDF ရဲ့ တောင်တန်းဂီတ ခရီးစဉ် မှာ ပါဝင်မယ့် အနုပညာ အတတ်ပညာရှင်များ ဖြစ်ပါတယ်။

တောင်တန်းဂီတ လက်မှတ်ပိုင်ရှင်များ အားလုံးမှာ ticket code no လေးတွေ အသီးသီး ရှိကြမှာပါ။ အဲ့ဒီ code no လေးတွေကို ကျွန်တော်တို့ တောင်တန်းဂီတ မိသားစုမှ မဲဖောက်ပေးမှာ ဖြစ်ပြီး မကြာခင်မှာ ပေါက်မဲ code no ရယ် အတူသွားရမယ့် အနုပညာ အတတ်ပညာရှင်ရယ် ကို ကြေညာပေးမှာပါ။

မဲပေါက်တဲ့ ခရီးသည်များက * အောက်ဖော်ပြပါ အနုပညာရှင်၊ အတတ်ပညာရှင်များနဲ့အတူ trekking ခရီးတစ်ခုကို အတူတူ သွားခွင့် ရမှာပဲ * ဖြစ်ပါတယ်။

ဒီ အနုပညာရှင် အတတ်ပညာရှင်များဟတော်လှန်ရေးမှာ ရွပ်ရွပ်ချွံချွံ ပါဝင်ခဲ့ကြပြီး ပြည်သူလူထုရဲ့ မေတ္တာကိုလည်း အပြည့်အဝ ရရှိထားကြသူများ ဖြစ်ပါတယ်။

တောင်တန်းဂီတ ခရီးသည်များဟာ သူတို့နဲ့ အတူ ခရီးသွားရင်း စကားစမြည်ပြောရင်း၊ ဆွေးနွေးရင်း၊ ရယ်မောရင်း၊ ခင်မင်ရင်းနှီးစွာ တောင်တန်းဂီတ ခရီးစဉ်ကို ဖြတ်သန်းပါဝင်နိုင်ကြမှာပါ။

(ခရီးစဉ်မှာ ကျန်းမာရေးအရ၊ မိသားစု အခြေအနေအရ မပါဝင်နိုင်ခဲ့ကြတဲ့ အနု/အတတ် ပညာရှင်များကိုလည်း နောက်များမှာ အလည်လာဖို့ ဆက်ပြီး ဖိတ်ခေါ်သွားပါ့မယ်)

တောင်တန်းဂီတ လက်မှတ်ရောင်းချရေးမှာ ပါဝင်ခဲ့ကြသူ volunteer များအားလုံး၊ အရောင်းကိုယ်စားလှယ်များအားလုံး၊ ခရီးစဉ်မှာ ပါဝင်ပေးသူ ပညာရှင်အားလုံး၊ တောင်တန်းဂီတ ခရီးသည်များ၊ ခရီးသည်မဖြစ်လိုက်ရသူများ အားလုံးကို အထူးကျေးဇူးတင်လျက် . .

အရေးတော်ပုံအောင်ရင် ပြန်ဆုံမယ်

” အမှောင်လမ်းဆီကအောင်ပန်းချီမ မယ့်တောင်တန်းဂီတ ”

ရန်ပုံငွေ နှင့် ဘဏ္ဍာရေး တာဝန်ခံပြည်သူ့ကာကွယ်ရေးတပ် (လွိုင်ကော်)

RejectMilitaryCoupInMyanmar

Leave a Reply

Your email address will not be published.