Local News

ဖျက်လေးဖျက်နှင့် ဗမာကျူးကျော်သူတို့ရက်စက်ခြင်း

ဖျက်လေးဖျက်နှင့် ဗမာကျူးကျော်သူတို့ရက်စက်ခြင်း

ဖျက်လေးဖျက်နှင့် ဗမာကျူးကျော်သူတို့ရက်စက်ခြင်း (သို့မဟုတ်) ဗမာလူမျိုးကြီးဝါဒစာစုမှာ ဆိုပါတယ်။ ၁၉၉၆ က ၁၉၉၈ အတွင်း ရှမ်းပြည်မှာ ဖြတ်လေးဖြတ် စစ်ဆင်ရေးတွေကြောင့်

လူတသန်းကျော် ပြည်ပထွက်ပြေးရပြီး လူတထောင်ကျော် သေဆုံးခဲ့တယ်လို့လည်း ရှမ်းပြည်က ဖြတ်လေးဖြတ် မှတ်တမ်းတင်ရုပ်ရှင်က ဖော်ပြပါတယ်။

၂ဝ၂၁ အာဏာသိမ်းပြီးနောက်မှာတော့ ပြည်မဒေသ စစ်ကိုင်းတိုင်းနဲ့ ဂန့်ဂေါ၊ ပခုက္ကူ၊ မြင်းခြံ စတဲ့ ခရိုင်တွေမှာ လက်နက်ကိုင် တော်လှန်ရေးအသစ်တွေ ပေါ်ထွက်လာသလို စစ်ရှောင်ပြည်သူတွေလည်း ထောင်သောင်းချီနေပြီ ဖြစ်ပါတယ်။

တချိန်က ကိုလိုနီနယ်တွေမှာ ဂျပန်နဲ့ ဗြိတိသျှ၊ ဒတ်ချ်စတဲ့ နယ်ချဲ့တပ်တွေ ကျင့်သုံးခဲ့တဲ့ သောင်းကျန်းသူနှိမ်နင်းရေးနည်းတွေကို နိုင်ငံသားအချင်းချင်း ကျင့်သုံးနေတဲ့အတွက် အနှစ် ၇ဝ ကျော် ပြည်တွင်းစစ်မချုပ်ငြိမ်းနိုင်သလို စစ်မီးအရှိန်ပြန်တက်နေပြီ ဖြစ်ပါတယ်။

သူပုန်နဲ့ ဆန့်ကျင်ဘက်ရန်သူတွေကို ထောက်ပံ့မယ့် ပြည်သူမရှိရင် ပုန်ကန်မှုချုပ်ငြိမ်းမယ်လို့ တွက်ဆနှိမ်နင်းတာတွေဟာ တချို့နေရာမှာ မှန်နိုင်ပေမယ့် အမြဲမမှန်နိုင်သလို ဖိနှိပ်ညှဉ်းပန်းမှုတွေကြောင့် တန်ပြန်ဆိုးကျိုးတွေ ရတတ်တာကိုလည်း ဆူဒန်၊

ယူဂိုဆလားဗီးယား၊ ဗီယက်နမ် စတဲ့ စစ်ပွဲနမူနာတွေနဲ့ သိနိုင်သလို မြန်မာနိုင်ငံမှာလည်း တပ်မတော်နဲ့အပြိုင် သက်တမ်းရှည်တဲ့ ကရင်၊ မွန်၊ ပအိုဝ်း၊ ရှမ်း၊ ကချင်၊ ဝ လက်နက်ကိုင်တပ်ကြီးတွေက ပြနေပါတယ်။

ပြည်တွင်းစစ်ကို နိုင်ငံရေးနည်းနဲ့ မရှင်းဘဲ စစ်နည်းနဲ့ပဲ ဖြေရှင်းခဲ့ကြတဲ့အတွက် ပြည်ထောင်စုစနစ်အပေါ် ယုံကြည်မှုတွေ ပိုကျလာသလို မြန်မာနဲ့ လူမျိုးစုတွေကြား မယုံကြည်မှုနဲ့ စည်းလုံးမှု ပြိုကွဲတာတွေ ဖြစ်လာခဲ့ပါတယ်။

ဒါပေမဲ့ ခုလို မြန်မာပြည်မသားတွေပါ စစ်ဒဏ်ခံလာရတဲ့အခါမှာတော့ လူမျိုးစုတွေရဲ့ ဒုက္ခကို ပိုသိပြီး တောင်ပေါ်မြေပြန့် စည်းလုံးမှု ပိုရလာနိုင်တယ်လို့လည်း ယူဆကြပါတယ်။

ဖြတ်လေးဖြတ်ကြောင့် တချိန်က လွတ်မြောက်ရေးတပ်မတော် ဖြစ်ခဲ့တဲ့ မြန်မာ့တပ်မတော် နာမည်ဆိုးနဲ့တွင်ခဲ့ပါတယ်။ ဖြတ်လေးဖြတ်ကို မဖြတ်နိုင်ရင်တော့ တပ်မတော်နဲ့ လူထုကြား ကွာခြားမှုကလည်း ပိုဆိုးသွားနိုင်ပါတယ်။

Ref BBC

Zawgyi

ဖ်က္ေလးဖ်က္ႏွင့္ ဗမာက်ဴးေက်ာ္သူတို႔ရက္စက္ျခင္း

ဖ်က္ေလးဖ်က္ႏွင့္ ဗမာက်ဴးေက်ာ္သူတို႔ရက္စက္ျခင္း (သို႔မဟုတ္) ဗမာလူမ်ိဳးႀကီးဝါဒစာစုမွာ ဆိုပါတယ္။ ၁၉၉၆ က ၁၉၉၈ အတြင္း ရွမ္းျပည္မွာ ျဖတ္ေလးျဖတ္ စစ္ဆင္ေရးေတြေၾကာင့္

လူတသန္းေက်ာ္ ျပည္ပထြက္ေျပးရၿပီး လူတေထာင္ေက်ာ္ ေသဆုံးခဲ့တယ္လို႔လည္း ရွမ္းျပည္က ျဖတ္ေလးျဖတ္ မွတ္တမ္းတင္႐ုပ္ရွင္က ေဖာ္ျပပါတယ္။

၂ဝ၂၁ အာဏာသိမ္းၿပီးေနာက္မွာေတာ့ ျပည္မေဒသ စစ္ကိုင္းတိုင္းနဲ႕ ဂန့္ေဂါ၊ ပခုကၠဴ၊ ျမင္းၿခံ စတဲ့ ခရိုင္ေတြမွာ လက္နက္ကိုင္ ေတာ္လွန္ေရးအသစ္ေတြ ေပၚထြက္လာသလို စစ္ေရွာင္ျပည္သူေတြလည္း ေထာင္ေသာင္းခ်ီေနၿပီ ျဖစ္ပါတယ္။

တခ်ိန္က ကိုလိုနီနယ္ေတြမွာ ဂ်ပန္နဲ႕ ၿဗိတိသွ်၊ ဒတ္ခ်္စတဲ့ နယ္ခ်ဲ့တပ္ေတြ က်င့္သုံးခဲ့တဲ့ ေသာင္းက်န္းသူႏွိမ္နင္းေရးနည္းေတြကို နိုင္ငံသားအခ်င္းခ်င္း က်င့္သုံးေနတဲ့အတြက္ အႏွစ္ ၇ဝ ေက်ာ္ ျပည္တြင္းစစ္မခ်ဳပ္ၿငိမ္းနိုင္သလို စစ္မီးအရွိန္ျပန္တက္ေနၿပီ ျဖစ္ပါတယ္။

သူပုန္နဲ႕ ဆန့္က်င္ဘက္ရန္သူေတြကို ေထာက္ပံ့မယ့္ ျပည္သူမရွိရင္ ပုန္ကန္မႈခ်ဳပ္ၿငိမ္းမယ္လို႔ တြက္ဆႏွိမ္နင္းတာေတြဟာ တခ်ိဳ႕ေနရာမွာ မွန္နိုင္ေပမယ့္ အၿမဲမမွန္နိုင္သလို ဖိႏွိပ္ညွဥ္းပန္းမႈေတြေၾကာင့္ တန္ျပန္ဆိုးက်ိဳးေတြ ရတတ္တာကိုလည္း ဆူဒန္၊

ယူဂိုဆလားဗီးယား၊ ဗီယက္နမ္ စတဲ့ စစ္ပြဲနမူနာေတြနဲ႕ သိနိုင္သလို ျမန္မာနိုင္ငံမွာလည္း တပ္မေတာ္နဲ႕အၿပိဳင္ သက္တမ္းရွည္တဲ့ ကရင္၊ မြန္၊ ပအိုဝ္း၊ ရွမ္း၊ ကခ်င္၊ ဝ လက္နက္ကိုင္တပ္ႀကီးေတြက ျပေနပါတယ္။

ျပည္တြင္းစစ္ကို နိုင္ငံေရးနည္းနဲ႕ မရွင္းဘဲ စစ္နည္းနဲ႕ပဲ ေျဖရွင္းခဲ့ၾကတဲ့အတြက္ ျပည္ေထာင္စုစနစ္အေပၚ ယုံၾကည္မႈေတြ ပိုက်လာသလို ျမန္မာနဲ႕ လူမ်ိဳးစုေတြၾကား မယုံၾကည္မႈနဲ႕ စည္းလုံးမႈ ၿပိဳကြဲတာေတြ ျဖစ္လာခဲ့ပါတယ္။

ဒါေပမဲ့ ခုလို ျမန္မာျပည္မသားေတြပါ စစ္ဒဏ္ခံလာရတဲ့အခါမွာေတာ့ လူမ်ိဳးစုေတြရဲ႕ ဒုကၡကို ပိုသိၿပီး ေတာင္ေပၚေျမျပန့္ စည္းလုံးမႈ ပိုရလာနိုင္တယ္လို႔လည္း ယူဆၾကပါတယ္။

ျဖတ္ေလးျဖတ္ေၾကာင့္ တခ်ိန္က လြတ္ေျမာက္ေရးတပ္မေတာ္ ျဖစ္ခဲ့တဲ့ ျမန္မာ့တပ္မေတာ္ နာမည္ဆိုးနဲ႕တြင္ခဲ့ပါတယ္။ ျဖတ္ေလးျဖတ္ကို မျဖတ္နိုင္ရင္ေတာ့ တပ္မေတာ္နဲ႕ လူထုၾကား ကြာျခားမႈကလည္း ပိုဆိုးသြားနိုင္ပါတယ္။

Ref BBC

About the author

admin

Add Comment

Click here to post a comment